Skip to main content
ေတာင္သူမ်ား သီးႏွံအထြက္က်ဆင္းသည့္ဂယက္ေၾကာင့္ သရက္ခ်ဥ္ေရာင္းအားက်ဆင္း
Ads Block

ေတာင္သူမ်ား သီးႏွံအထြက္က်ဆင္းသည့္ဂယက္ေၾကာင့္ သရက္ခ်ဥ္ေရာင္းအားက်ဆင္း

မေကြးၿမိဳ႕တြင္ သရက္ခ်ဥ္ေရာင္းအား တစ္ႏွစ္ထက္တစ္ႏွစ္က်ဆင္းလာေၾကာင္း သရက္ခ်ဥ္လုပ္ငန္း လုပ္ကိုင္သူမ်ားထံမွ သိရသည္။
လက္ရွိတြင္ သရက္ခ်ဥ္ေစ်းႏႈန္းမွာ တစ္ပိႆာလွ်င္ က်ပ္(၁၀၀၀)ခန္႔ရွိၿပီး သရက္ခ်ဥ္ရွားပါးသည့္ တေပါင္းလ တန္ခူးလမ်ားတြင္ တစ္ပိႆာလွ်င္ က်ပ္(၂၀၀၀)ခန္႔အထိရွိေႀကာင္း သိရသည္။
“ ကၽြန္ေတာ္တို႔ေရာင္းတဲ့သရက္ခ်ဥ္ကုိ မိသားစုစားဖို႔ဆို နည္းနည္းပဲဝယ္ႀကတာပါ။ အဓိကအားထားရတာက အလွဴပြဲေတြပါ။ အခုႏွစ္ ရာသီဥတုေဖာက္ျပန္ေတာ့ ေတာင္သူေတြသီးႏွံအထြက္နည္းတယ္။ သီးႏွံအထြက္ နည္းေတာ့ အလွဴအတန္းမ်ားမ်ားမလုပ္နိင္ၾကဘူး။ ေတာင္သူေတြ အလွဴအတန္းနည္းေလ၊ ကၽြန္ေတာ္တို႔ သရက္ခ်ဥ္က အေရာင္းပါးေလျဖစ္သြားတာေပါ့” ဟု မေကြးၿမိဳ႕မွ သရက္ခ်ဥ္လုပ္ငန္းလုပ္ကိုင္သူ ကုိလွမင္းက ေျပာသည္။
သရက္ခ်ဥ္အျဖစ္အသံုးျပဳႏိုင္ရန္ လူႀကိဳက္နည္း၍ အသားေပါသည့္အခ်ဥ္သီးျဖစ္ေသာ ဘိလပ္သီး၊ေရနံသီးႏွင့္ အျခားအသီးမ်ားကို မေကြးတိုင္းေဒသႀကီးရွိ မင္းလွ၊ ပြင့္ျဖဴ၊ စလင္း၊ မေကြး၊ ေတာင္တြင္းႀကီးႏွင့္ ၿမိဳ႕သစ္ၿမိဳ႕မ်ားအထိ သြားေရာက္ဝယ္ယူစုေဆာင္းရေၾကာင္း သိရသည္။
“ သရက္ခ်ဥ္လုပ္ငန္းကို ႏွစ္၂၀ ေက်ာ္လုပ္ကိုင္လာတာကေန ၂၀၁၇- ၁၈ ခုႏွစ္အထိအဆင္ေျပေပမဲ့ ၂၀၁၉၊ ဧၿပီလဆန္းပိုင္းက်မွ အေရာင္းအဝယ္ပါးလာတယ္။ သရက္ရာသီခ်ိန္မွာ နယ္လွည့္ဝယ္ယူေပမဲ့လည္း သရက္သီးထြက္ႏႈန္း (၄၀) ရာခိုင္ႏႈန္းေလာက္ေလ်ာ့ကုန္ေတာ့ ဝယ္တဲ့အခါ အဆင္မေျပျဖစ္ရတယ္” ဟု မေကြးၿမိဳ႕မွ သရက္ခ်ဥ္လုပ္ငန္းလုပ္ကုိင္သူေဒၚေအးႀကည္က ေျပာသည္။
သရက္ခ်ဥ္ျပဳလုပ္ရန္ သရက္သီးစိမ္းႏွစ္တင္းခန္႔ဝင္စာလာအိတ္တစ္လုံးလွ်င္ (၅၀၀၀) က်ပ္ေပးဝယ္ရၿပီး ပိႆာ (၅၀)ဆံ့ စဥ့္အိုးအလုံးေရ (၂၀၀)ျဖင့္ တစ္ႏွစ္စာ သိုေလွာင္ရေၾကာင္း ၄င္းေျပာျပခ်က္အရ သိရသည္။
မေကြးျမိဳ႕တြင္ သရက္ခ်ဥ္လုပ္ငန္းလုပ္ကိုင္သူ (၅ )ဦးခန္႔ရွိၿပီး သရက္ခ်ဥ္ျပဳလုပ္ရာ၌ သရက္သီးကို ထက္ျခမ္း ျခမ္းကာ အေစ့အခြံဖယ္ရွာျခင္း၊ သရက္သီးအသားဖတ္ကို စက္ျဖင့္ႀကိတ္ျခင္း၊ ယင္းအသားဖတ္ကို ဆားေရစိမ္ျခင္း၊ ေက်ာက္ျဖင့္ဖိျခင္း စသည့္လုပ္ငန္းအဆင့္ဆင့္လုပ္ကိုင္ရေၾကာင္း သိရသည္။

- သက္မွဴးအိမ္ - မင္းဘူး ( အကုန္သိသတင္းဌာန )

Unicode Version

 

မကွေးမြို့တွင် သရက်ချဉ်ရောင်းအား တစ်နှစ်ထက်တစ်နှစ်ကျဆင်းလာကြောင်း သရက်ချဉ်လုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။
လက်ရှိတွင် သရက်ချဉ်ဈေးနှုန်းမှာ တစ်ပိဿာလျှင် ကျပ်(၁၀၀၀)ခန့်ရှိပြီး သရက်ချဉ်ရှားပါးသည့် တပေါင်းလ တန်ခူးလများတွင် တစ်ပိဿာလျှင် ကျပ်(၂၀၀၀)ခန့်အထိရှိကြောင်း သိရသည်။
“ ကျွန်တော်တို့ရောင်းတဲ့သရက်ချဉ်ကို မိသားစုစားဖို့ဆို နည်းနည်းပဲဝယ်ကြတာပါ။ အဓိကအားထားရတာက အလှူပွဲတွေပါ။ အခုနှစ် ရာသီဥတုဖောက်ပြန်တော့ တောင်သူတွေသီးနှံအထွက်နည်းတယ်။ သီးနှံအထွက် နည်းတော့ အလှူအတန်းများများမလုပ်နိင်ကြဘူး။ တောင်သူတွေ အလှူအတန်းနည်းလေ၊ ကျွန်တော်တို့ သရက်ချဉ်က အရောင်းပါးလေဖြစ်သွားတာပေါ့” ဟု မကွေးမြို့မှ သရက်ချဉ်လုပ်ငန်းလုပ်ကိုင်သူ ကိုလှမင်းက ပြောသည်။
သရက်ချဉ်အဖြစ်အသုံးပြုနိုင်ရန် လူကြိုက်နည်း၍ အသားပေါသည့်အချဉ်သီးဖြစ်သော ဘိလပ်သီး၊ရေနံသီးနှင့် အခြားအသီးများကို မကွေးတိုင်းဒေသကြီးရှိ မင်းလှ၊ ပွင့်ဖြူ၊ စလင်း၊ မကွေး၊ တောင်တွင်းကြီးနှင့် မြို့သစ်မြို့များအထိ သွားရောက်ဝယ်ယူစုဆောင်းရကြောင်း သိရသည်။
“ သရက်ချဉ်လုပ်ငန်းကို နှစ်၂၀ ကျော်လုပ်ကိုင်လာတာကနေ ၂၀၁၇- ၁၈ ခုနှစ်အထိအဆင်ပြေပေမဲ့ ၂၀၁၉၊ ဧပြီလဆန်းပိုင်းကျမှ အရောင်းအဝယ်ပါးလာတယ်။ သရက်ရာသီချိန်မှာ နယ်လှည့်ဝယ်ယူပေမဲ့လည်း သရက်သီးထွက်နှုန်း (၄၀) ရာခိုင်နှုန်းလောက်လျော့ကုန်တော့ ဝယ်တဲ့အခါ အဆင်မပြေဖြစ်ရတယ်” ဟု မကွေးမြို့မှ သရက်ချဉ်လုပ်ငန်းလုပ်ကိုင်သူဒေါ်အေးကြည်က ပြောသည်။
သရက်ချဉ်ပြုလုပ်ရန် သရက်သီးစိမ်းနှစ်တင်းခန့်ဝင်စာလာအိတ်တစ်လုံးလျှင် (၅၀၀၀) ကျပ်ပေးဝယ်ရပြီး ပိဿာ (၅၀)ဆံ့ စဉ့်အိုးအလုံးရေ (၂၀၀)ဖြင့် တစ်နှစ်စာ သိုလှောင်ရကြောင်း ၎င်းပြောပြချက်အရ သိရသည်။
မကွေးမြို့တွင် သရက်ချဉ်လုပ်ငန်းလုပ်ကိုင်သူ (၅ )ဦးခန့်ရှိပြီး သရက်ချဉ်ပြုလုပ်ရာ၌ သရက်သီးကို ထက်ခြမ်း ခြမ်းကာ အစေ့အခွံဖယ်ရှာခြင်း၊ သရက်သီးအသားဖတ်ကို စက်ဖြင့်ကြိတ်ခြင်း၊ ယင်းအသားဖတ်ကို ဆားရေစိမ်ခြင်း၊ ကျောက်ဖြင့်ဖိခြင်း စသည့်လုပ်ငန်းအဆင့်ဆင့်လုပ်ကိုင်ရကြောင်း သိရသည်။

- သက်မှူးအိမ် - မင်းဘူး ( အကုန်သိသတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။