Skip to main content
မင္းဘူး(စကုၿမိဳ႕နယ္)အတြင္း ေ႐ွးေဟာင္းပစၥည္းမ်ားတူးေဖာ္သူ ၂ ဦးအား ဖမ္းဆီးရမိ
Ads Block

မင္းဘူး(စကုၿမိဳ႕နယ္)အတြင္း ေ႐ွးေဟာင္းပစၥည္းမ်ားတူးေဖာ္သူ ၂ ဦးအား ဖမ္းဆီးရမိ

မေကြးတိုင္းေဒသႀကီး၊ မင္းဘူး(စကုၿမိဳ႕နယ္)အတြင္း ေရွးေဟာင္းပစၥည္းတူးေဖာ္သူ ၂ ဦးအားဖမ္းဆီးကာ အမႈဖြင့္ထားေၾကာင္း သိရသည္။ တူးေဖာ္သူမ်ားမွာ ပြင့္ျဖဴၿမိဳ႕နယ္၊ ေ႐ွာက္ေတာေက်းရြာေနထိုင္သူ ျမလြင္၊ (၃၀)ႏွစ္ႏွင့္မေကြးၿမိဳ႕နယ္၊ ၾကာကန္ေက်းရြာေနထိုင္သူ ခ်စ္ဟန္၊ (၄၅)ႏွစ္တို႔ျဖစ္ၿပီး မင္းဘူး(စကုၿမိဳ႕နယ္)၊ အလံပါယ္ေက်းရြာအုပ္စု၊ အလံပါယ္ေက်းရြာအေ႐ွ႕ေတာင္ဘက္(၄)ဖာလံုခန္႔အကြာ႐ွိ ကြင္းအမွတ္(၁၂၃၅)ယာေျမအတြင္း ေ႐ွးေဟာင္းပစၥည္းမ်ား တူးေဖာ္ျခင္းျဖစ္ေၾကာင္း သိရသည္။ “ Online မွာလည္း ဒီနယ္ေျမက တူးေဖာ္ရတဲ့ေရွးေဟာင္းပစၥည္းပုံေတြ အမ်ားအျပားတင္ထားတာ ေတြ႕ရပါတယ္။ ဒါေရွးေဟာင္းယဥ္ေက်းမႈအေမြအနစ္ေတြပါ။ လက္ဝယ္ပိုင္ဆိုင္မထားသင့္ပါဘူး။ အေရာင္းအဝယ္လုပ္လည္း တရားမဝင္ပါဘူး။ ဒါေႀကာင့္ ဒီေရွးေဟာင္းအေမြအႏွစ္ေတြကုိ သက္ဆိုင္ရာ ရပ္ေက်းကေနတစ္ဆင့္ ဒါမွမဟုတ္ မေကြးတိုင္းေဒသႀကီး၊ ေရွးေဟာင္းသုေတသနႏွင့္ အမ်ဳိးသားျပတိုက္ဦးစီးဌာနကုိ သြားေရာက္အပ္ေစခ်င္ပါတယ္။ နိင္ငံေတာ္က ေရွးကာလတန္ဖိုးအျပင္ ဆုေငြေပးပါတယ္။ လက္ဝယ္ေတြ႕လုိရွိရင္ တည္ဆဲဥပေဒနဲ႔အေရးယူခံရမွာပါ” ဟု မင္းဘူး(စကုၿမိဳ႕နယ္) အုပ္ခ်ဳပ္ေရးမွဴးဦးသိန္းေဇာ္ကံက ေျပာသည္။ ဖမ္းဆီးရမိသူ ၂ ဦးအား အလံပါယ္ေက်းရြာအုပ္ခ်ဳပ္ေရးတာဝန္႐ွိသူမ်ားေ႐ွ႕ေမွာက္တြင္ စစ္ေဆး႐ွာေဖြခဲ့ရာ ျမလြင္ထံမွ သံတူးရြင္းျပား(၁)ေခ်ာင္း၊ သံေဂၚျပား(၁)ခု၊ ေပၚျပားတစ္ေခ်ာင္းႏွင့္စတီးခ်ိဳင့္(၁)လံုးေတြ႔႐ွိခဲ့ရၿပီး ခ်စ္ဟန္၏လြယ္အိတ္အတြင္းမွ လိုတရအေမႊးတိုင္(၂)ထုပ္၊ အျဖဴေရာင္ဗူးေသးျဖင့္ထည့္ထားသည့္လိေမၼာ္ေရာင္အရည္မ်ား၊ (၁၂)လက္မခန္႔႐ွိသံဓားဇီးတစ္ေခ်ာင္း၊ 125 ဆိုင္ကယ္တစ္စီးႏွင့္အတူ ေ႐ွးေဟာင္းပစၥည္း အိုးျခမ္းပဲ့(၇)ခုကို ႐ွာေဖြပံုစံျဖင့္သိမ္းဆည္းရမိခဲ့သည္ဟု သိရသည္။ ထို႔ေနာက္ ကြင္းအမွတ္(၁၂၃၅)ဦးလိႈင္ေအး၏ယာေျမအတြင္း ဆက္လက္႐ွာေဖြရာ ေ႐ွးေဟာင္းပစၥည္း တူးေဖာ္သူမ်ားက်န္ရစ္ခဲ့သည့္ သစ္သား႐ိုးတပ္ေဂၚ(၉)ေခ်ာင္း၊ ေပါက္ျပား(၂)လက္၊ ေပါက္ခြၽန္း(၅)ခု၊ သံတူရြင္း(၁၄)ေခ်ာင္း၊ ဓားဇီး(၂)ေခ်ာင္း၊ က်ားစီးဖိနပ္(၆)ရံ၊ စတီးခ်ိဳင့္(၅)လံုး၊ လက္ဆြဲျခင္း(၂)လံုး၊ က်ားဝတ္အက်ၤီ(၄)ထည္ႏွင့္125/110ဆိုင္ကယ္(၄)စီး ထပ္မံေတြ႔႐ွ္ိသိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။ အမႈႏွင့္ပတ္သက္၍ မင္းဘူးၿမိဳ႕မရဲစခန္းပအမွတ္(ပ)၁၂၉၂/၂၀၁၉၊ ေ႐ွးေဟာင္းပစၥည္းမ်ား ကာကြယ္ထိန္းသိမ္းေရးဥပေဒပုဒ္မ- ၁၆ ျဖင့္အမႈေရးဖြင့္ၿပီး စစ္ေဆးေနေၾကာင္း သိရသည္။

- သက္ေနာင္ - မင္းလွ ( အကုန္သိ သတင္းဌာန )

Unicode Version

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကုမြို့နယ်)အတွင်း ရှေးဟောင်းပစ္စည်းတူးဖော်သူ ၂ ဦးအားဖမ်းဆီးကာ အမှုဖွင့်ထားကြောင်း သိရသည်။
တူးဖော်သူများမှာ ပွင့်ဖြူမြို့နယ်၊ ရှောက်တောကျေးရွာနေထိုင်သူ မြလွင်၊ (၃၀)နှစ်နှင့်မကွေးမြို့နယ်၊ ကြာကန်ကျေးရွာနေထိုင်သူ ချစ်ဟန်၊ (၄၅)နှစ်တို့ဖြစ်ပြီး မင်းဘူး(စကုမြို့နယ်)၊ အလံပါယ်ကျေးရွာအုပ်စု၊ အလံပါယ်ကျေးရွာအရှေ့တောင်ဘက်(၄)ဖာလုံခန့်အကွာရှိ ကွင်းအမှတ်(၁၂၃၅)ယာမြေအတွင်း ရှေးဟောင်းပစ္စည်းများ တူးဖော်ခြင်းဖြစ်ကြောင်း သိရသည်။
“ Online မှာလည်း ဒီနယ်မြေက တူးဖော်ရတဲ့ရှေးဟောင်းပစ္စည်းပုံတွေ အများအပြားတင်ထားတာ တွေ့ရပါတယ်။ ဒါရှေးဟောင်းယဉ်ကျေးမှုအမွေအနစ်တွေပါ။ လက်ဝယ်ပိုင်ဆိုင်မထားသင့်ပါဘူး။ အရောင်းအဝယ်လုပ်လည်း တရားမဝင်ပါဘူး။ ဒါကြောင့် ဒီရှေးဟောင်းအမွေအနှစ်တွေကို သက်ဆိုင်ရာ ရပ်ကျေးကနေတစ်ဆင့် ဒါမှမဟုတ် မကွေးတိုင်းဒေသကြီး၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနကို သွားရောက်အပ်စေချင်ပါတယ်။ နိင်ငံတော်က ရှေးကာလတန်ဖိုးအပြင် ဆုငွေပေးပါတယ်။ လက်ဝယ်တွေ့လိုရှိရင် တည်ဆဲဥပဒေနဲ့အရေးယူခံရမှာပါ” ဟု မင်းဘူး(စကုမြို့နယ်) အုပ်ချုပ်ရေးမှူးဦးသိန်းဇော်ကံက ပြောသည်။
ဖမ်းဆီးရမိသူ ၂ ဦးအား အလံပါယ်ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများရှေ့မှောက်တွင် စစ်ဆေးရှာဖွေခဲ့ရာ မြလွင်ထံမှ သံတူးရွင်းပြား(၁)ချောင်း၊ သံဂေါ်ပြား(၁)ခု၊ ပေါ်ပြားတစ်ချောင်းနှင့်စတီးချိုင့်(၁)လုံးတွေ့ရှိခဲ့ရပြီး ချစ်ဟန်၏လွယ်အိတ်အတွင်းမှ လိုတရအမွှေးတိုင်(၂)ထုပ်၊ အဖြူရောင်ဗူးသေးဖြင့်ထည့်ထားသည့်လိမ္မော်ရောင်အရည်များ၊ (၁၂)လက်မခန့်ရှိသံဓားဇီးတစ်ချောင်း၊ 125 ဆိုင်ကယ်တစ်စီးနှင့်အတူ ရှေးဟောင်းပစ္စည်း အိုးခြမ်းပဲ့(၇)ခုကို ရှာဖွေပုံစံဖြင့်သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။
ထို့နောက် ကွင်းအမှတ်(၁၂၃၅)ဦးလှိုင်အေး၏ယာမြေအတွင်း ဆက်လက်ရှာဖွေရာ ရှေးဟောင်းပစ္စည်း တူးဖော်သူများကျန်ရစ်ခဲ့သည့် သစ်သားရိုးတပ်ဂေါ်(၉)ချောင်း၊ ပေါက်ပြား(၂)လက်၊ ပေါက်ချွန်း(၅)ခု၊ သံတူရွင်း(၁၄)ချောင်း၊ ဓားဇီး(၂)ချောင်း၊ ကျားစီးဖိနပ်(၆)ရံ၊ စတီးချိုင့်(၅)လုံး၊ လက်ဆွဲခြင်း(၂)လုံး၊ ကျားဝတ်အင်္ကျီ(၄)ထည်နှင့်125/110ဆိုင်ကယ်(၄)စီး ထပ်မံတွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
အမှုနှင့်ပတ်သက်၍ မင်းဘူးမြို့မရဲစခန်းပအမှတ်(ပ)၁၂၉၂/၂၀၁၉၊ ရှေးဟောင်းပစ္စည်းများ ကာကွယ်ထိန်းသိမ်းရေးဥပဒေပုဒ်မ- ၁၆ ဖြင့်အမှုရေးဖွင့်ပြီး စစ်ဆေးနေကြောင်း သိရသည်။

-  သက်နောင် - မင်းလှ ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။