Skip to main content
ေလထုညစ္ညမ္းမႈႏွင့္ ဆက္ႏြယ္ေသာ အသက္ရႈၾကပ္ျခင္း၊ ေအာ့အန္ျခင္းမ်ားျဖစ္ပြားေနသျဖင့္ မေလးရွား ၿမိဳ႕တစ္ၿမိဳ႕တြင္ စာသင္ေက်ာင္းအားလုံး ပိတ္လုိက္ရ
Ads Block

ေလထုညစ္ညမ္းမႈႏွင့္ ဆက္ႏြယ္ေသာ အသက္ရႈၾကပ္ျခင္း၊ ေအာ့အန္ျခင္းမ်ားျဖစ္ပြားေနသျဖင့္ မေလးရွား ၿမိဳ႕တစ္ၿမိဳ႕တြင္ စာသင္ေက်ာင္းအားလုံး ပိတ္လုိက္ရ

ေလထုအတြင္း အဆိပ္အေတာက္ဓါတ္ေတြပါ၀င္ဖြယ္ရွိေနတဲ့ ေလထုညစ္ညမ္းမႈျဖစ္စဥ္ေၾကာင့္ အသက္ရႈၾကပ္တာေတြ၊ ေအာ့အန္တာေတြ ျဖစ္ပြားေနခဲ့တာေၾကာင့္ မေလးရွားႏုိင္ငံ ဂ်ဳိဟုိးျပည္နယ္ ပါစီယာဂူဒန္ၿမိဳ႕မွာ စာသင္ေက်ာင္းအားလုံးကုိ ဇြန္ ၂၅ ရက္ေန ့မွစကာ သုံးရက္ၾကာ ပိတ္လုိက္ေၾကာင္း သိရပါတယ္။
ေက်ာင္းေတြကုိ ပိတ္လုိက္ၿပီးေနာက္ တာ၀န္ရွိသူေတြအေနနဲ ့ေဒသတြင္းက ေလထုညစ္ညမ္းမႈ ျဖစ္ေစတဲ့ အရင္းအျမစ္ကုိ စစ္ေဆးေျဖရွင္းမယ့္ အေရးယူေဆာင္ရြက္မႈေတြလုပ္ေဆာင္ႏုိင္မွာျဖစ္ေၾကာင္း ဂ်ဳိဟုိးျပည္နယ္ ပညာေရးဌာန ညႊန္ၾကားေရးမွဴး ေအဇမန္ အဒ္နန္က ထုတ္ျပန္ခဲ့ပါတယ္။
ပိတ္လုိက္တဲ့ ေက်ာင္းေတြထဲမွာ မူလတန္းနဲ ့အလယ္တန္း ေက်ာင္း ၁၁၁ ေက်ာင္း၊ အထက္တန္းေက်ာင္း ၃ ေက်ာင္း၊ ပုဂၢလိကနဲ ့ႏုိင္ငံတကာ စာသင္ေက်ာင္း ၁၄ ေက်ာင္း၊ ပညာေရးဌာနမွာ မွတ္ပုံတင္ထားတဲ့ ပုဂၢလိက မူႀကိဳေက်ာင္း ၃၄၇ ေက်ာင္း ပါ၀င္ေၾကာင္း အဒ္နန္က ေျပာဆုိပါတယ္။ စည္းကမ္းထိန္းသိမ္းေရး တာ၀န္ရွိသူေတြ၊ ေက်ာင္းအုပ္ေတြအေနနဲ ့ စာသင္ေက်ာင္းေတြ ပိတ္လုိက္တဲ့ သတင္းကို ေက်ာင္းသားေတြ၊ ဆရာေတြ၊ မိဘေတြနဲ ့ေက်ာင္း၀န္ထမ္းေတြကုိ အေၾကာင္းၾကားေပးၾကဖုိ ့ ေတာင္းဆုိထားေၾကာင္း ၄င္းက ဆက္လက္ေျပာဆုိခဲ့ပါတယ္။ ပညာေရးဌာနအေနနဲ ့ ေက်ာင္းသား ေက်ာင္းသူေတြ ေပ်ာ္ရႊင္က်န္းမာစြာ စာသင္ၾကားႏုိင္ေရးေသခ်ာေစဖုိ ့ေက်ာင္းေတြကုိ ေစာင့္ၾကည့္မႈ ေတြနဲ ့အကူအညီေပးမႈေတြ လုပ္သြားျဖစ္ေၾကာင္းလည္း ၄င္းက ေျပာဆုိပါတယ္။
ပါစီယာဂူဒန္ၿမိဳ႕ဟာ လူဦးေရ ၃ သိန္းေလာက္ ေနထုိင္တဲ့ ၿမိဳ႕ျဖစ္ပါတယ္။ ယင္းၿမိဳ႕က ေက်ာင္းတစ္ေက်ာင္းမွာ ၾကာသပေတးေန ့က ေနာက္ဆုံးေလထုညစ္ညမ္းမႈ ျဖစ္စဥ္ျဖစ္ေပၚခဲ့ၿပီး ေက်ာင္းသား ၁၅ ဦး အသက္ရႈၾကပ္၊ ေအာ့အန္မႈေတြျဖစ္ခဲ့ပါတယ္။ ဂ်ဳိဟုိးျပည္နယ္ ပါစီယာဂူဒန္မွာ ၿပီးခဲ့တဲ့ မတ္လအတြင္းက ကင္ကင္ျမစ္အတြင္း တရားမ၀င္ စြန္ ့ပစ္ခဲ့တဲ့ ဓါတုစြန္ ့ပစ္အမႈိက္ေတြေၾကာင့္ လူ ေထာင္ခ်ီၿပီး နာမက်န္း ျဖစ္ခဲ့ပါတယ္။ ယင္းျဖစ္စဥ္အတြင္း ျမစ္အနီး စာသင္ေက်ာင္းေတြက ေက်ာင္းသားေတြအပါအ၀င္ လူမ်ားစြာ ေဆးရုံတက္ေရာက္ ကုသခံယူခဲ့ရပါတယ္။ ျဖစ္စဥ္ေၾကာင့္ စာသင္ေက်ာင္း ၁၀၀ ေက်ာ္ကုိ ပိတ္ပစ္ခဲ့ရကာ ေနာက္ပုိင္းမွာ လူ ၉ ဦးကုိ ဖမ္းဆီးခဲ့ပါတယ္။

Ref : CNA

Unicode Version

 

လေထုအတွင်း အဆိပ်အတောက်ဓါတ်တွေပါဝင်ဖွယ်ရှိနေတဲ့ လေထုညစ်ညမ်းမှုဖြစ်စဉ်ကြောင့် အသက်ရှုကြပ်တာတွေ၊ အော့အန်တာတွေ ဖြစ်ပွားနေခဲ့တာကြောင့် မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ် ပါစီယာဂူဒန်မြို့မှာ စာသင်ကျောင်းအားလုံးကို ဇွန် ၂၅ ရက်နေ့မှစကာ သုံးရက်ကြာ ပိတ်လိုက်ကြောင်း သိရပါတယ်။
ကျောင်းတွေကို ပိတ်လိုက်ပြီးနောက် တာဝန်ရှိသူတွေအနေနဲ့ဒေသတွင်းက လေထုညစ်ညမ်းမှု ဖြစ်စေတဲ့ အရင်းအမြစ်ကို စစ်ဆေးဖြေရှင်းမယ့် အရေးယူဆောင်ရွက်မှုတွေလုပ်ဆောင်နိုင်မှာဖြစ်ကြောင်း ဂျိုဟိုးပြည်နယ် ပညာရေးဌာန ညွှန်ကြားရေးမှူး အေဇမန် အဒ်နန်က ထုတ်ပြန်ခဲ့ပါတယ်။
ပိတ်လိုက်တဲ့ ကျောင်းတွေထဲမှာ မူလတန်းနဲ့အလယ်တန်း ကျောင်း ၁၁၁ ကျောင်း၊ အထက်တန်းကျောင်း ၃ ကျောင်း၊ ပုဂ္ဂလိကနဲ့နိုင်ငံတကာ စာသင်ကျောင်း ၁၄ ကျောင်း၊ ပညာရေးဌာနမှာ မှတ်ပုံတင်ထားတဲ့ ပုဂ္ဂလိက မူကြိုကျောင်း ၃၄၇ ကျောင်း ပါဝင်ကြောင်း အဒ်နန်က ပြောဆိုပါတယ်။ စည်းကမ်းထိန်းသိမ်းရေး တာဝန်ရှိသူတွေ၊ ကျောင်းအုပ်တွေအနေနဲ့ စာသင်ကျောင်းတွေ ပိတ်လိုက်တဲ့ သတင်းကို ကျောင်းသားတွေ၊ ဆရာတွေ၊ မိဘတွေနဲ့ကျောင်းဝန်ထမ်းတွေကို အကြောင်းကြားပေးကြဖို့ တောင်းဆိုထားကြောင်း ၎င်းက ဆက်လက်ပြောဆိုခဲ့ပါတယ်။ ပညာရေးဌာနအနေနဲ့ ကျောင်းသား ကျောင်းသူတွေ ပျော်ရွှင်ကျန်းမာစွာ စာသင်ကြားနိုင်ရေးသေချာစေဖို့ကျောင်းတွေကို စောင့်ကြည့်မှု တွေနဲ့အကူအညီပေးမှုတွေ လုပ်သွားဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုပါတယ်။
ပါစီယာဂူဒန်မြို့ဟာ လူဦးရေ ၃ သိန်းလောက် နေထိုင်တဲ့ မြို့ဖြစ်ပါတယ်။ ယင်းမြို့က ကျောင်းတစ်ကျောင်းမှာ ကြာသပတေးနေ့က နောက်ဆုံးလေထုညစ်ညမ်းမှု ဖြစ်စဉ်ဖြစ်ပေါ်ခဲ့ပြီး ကျောင်းသား ၁၅ ဦး အသက်ရှုကြပ်၊ အော့အန်မှုတွေဖြစ်ခဲ့ပါတယ်။ ဂျိုဟိုးပြည်နယ် ပါစီယာဂူဒန်မှာ ပြီးခဲ့တဲ့ မတ်လအတွင်းက ကင်ကင်မြစ်အတွင်း တရားမဝင် စွန့်ပစ်ခဲ့တဲ့ ဓါတုစွန့်ပစ်အမှိုက်တွေကြောင့် လူ ထောင်ချီပြီး နာမကျန်း ဖြစ်ခဲ့ပါတယ်။ ယင်းဖြစ်စဉ်အတွင်း မြစ်အနီး စာသင်ကျောင်းတွေက ကျောင်းသားတွေအပါအဝင် လူများစွာ ဆေးရုံတက်ရောက် ကုသခံယူခဲ့ရပါတယ်။ ဖြစ်စဉ်ကြောင့် စာသင်ကျောင်း ၁၀၀ ကျော်ကို ပိတ်ပစ်ခဲ့ရကာ နောက်ပိုင်းမှာ လူ ၉ ဦးကို ဖမ်းဆီးခဲ့ပါတယ်။

Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။