Skip to main content
ပညာေရးမွာ တိုင္းျပည္၏အနာဂတ္ျဖစ္ဟု ေရႊေတာင္လုပ္ငန္းစုဥကၠ႒ ဦးအိုက္ထြန္းေျပာ
Ads Block

ပညာေရးမွာ တိုင္းျပည္၏အနာဂတ္ျဖစ္ဟု ေရႊေတာင္လုပ္ငန္းစုဥကၠ႒ ဦးအိုက္ထြန္းေျပာ

ပညာေရးမွာ တိုင္းျပည္၏အနာဂတ္ျဖစ္ၿပီး လက္ရွိပညာဆည္းပူးေနသူမ်ားတြင္ တစ္ခ်ိန္၌ ႏိုင္ငံ့ေခါင္းေဆာင္မ်ား ျဖစ္လာႏိုင္ေၾကာင္း ေရႊေတာင္လုပ္ငန္းစုဥကၠ႒ဦးအိုက္ထြန္းက ေျပာသည္။
ရန္ကုန္ၿမိဳ႕၊ ဒဂံုၿမိဳ႕သစ္(ေျမာက္ပိုင္း)ၿမိဳ႕နယ္၊ ေမာင္းမကန္ကမ္းသာလမ္းရွိ ျမန္မာနိုင္ငံသိုင္းအဖြဲ႕ခ်ဳပ္တြင္ ဇြန္လ ၂၃ ရက္က က်င္းပသည့္ ျမန္မာ့သိုင္းသင္တန္းေက်ာင္း၊ သင္တန္းခန္းမသစ္လႊဲေျပာင္းေပးအပ္သည့္ အခမ္းအနားတြင္ အကုန္သိသတင္းဌာန၏ေမးျမန္းခ်က္အေပၚ ေျဖၾကားေပးျခင္းျဖစ္သည္။
“ ပညာေရးကတိုင္းျပည္ရဲ႕အနာဂတ္ပဲ။ အခုေက်ာင္းတက္တဲ့လူငယ္ေတြ မူလတန္း၊ အလယ္တန္း၊ အထက္တန္း၊ ေနာင္အနာဂတ္မွာသမၼတမျဖစ္နိုင္ဘူးလို႔ ဘယ္သူမွမေျပာနိုင္ဘူး။ ႏိုင္ငံ့ေခါင္းေဆာင္ ျဖစ္နိုင္တယ္။ သူတို႔က မူလတန္းကတည္းကစၿပီးေတာ့ပညာဆည္းပူးခ်ိန္မွာ ကာယ၊ ဥာဏ၊ ဥာဏ္စြမ္းအစံု၊ ၿပည္သူ႔နီတိအားလံုးကိုအေျခခံေကာင္းေအာင္လုပ္မွ သူတို႔ႀကီးလာတဲ့အခါမွာ ႏိုင္ငံတကာနဲ႔လည္း ရင္ေဘာင္တန္းေအာင္ေနႏိုင္မယ္လို႔ ေျပာခ်င္ပါတယ္” ဟု ေရႊေတာင္လုပ္ငန္းစုဥကၠ႒ ဦးအိုက္ထြန္းက ေျပာသည္။ 
ေရႊေတာင္လုပ္ငန္းစုမွဦးစီးေဆာင္ရြက္သည့္ ေရႊေတာင္ေဖာင္ေဒးရွင္းမွ အဖြဲ႕၀င္မ်ားသည္ ျမန္မာႏိုင္ငံရွိ အနာဂတ္လူငယ္မ်ားပညာေရးတိုးတက္ထက္ျမက္ေစလိုသည့္ရည္ရြယ္ခ်က္ျဖင့္ ၁၉၉၆ ခုႏွစ္မွစတင္၍ စာသင္ေက်ာင္းမ်ားေဆာက္လုပ္လွဴဒါန္းခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ 
လက္ရွိအစိုးရလက္ထက္တြင္ အေကာင္အထည္ေဖာ္ခဲ့ေသာ KG+12 ပညာေရး ျပဳျပင္ေျပာင္းလဲမႈအရ သူငယ္တန္းတြင္ စာမသင္ဘဲပုံဆြဲျခင္း၊ သီခ်င္းဆုိျခင္း၊ ကုိယ္လက္လႈပ္ရွားျခင္းတုိ႔ကုိ ဦးစားေပး ေဆာင္ရြက္ေနသည္။

- အိျဖဴသိမ့္(အကုန္သိသတင္းဌာန)

Unicode version

ပညာရေးမှာ တိုင်းပြည်၏အနာဂတ်ဖြစ်ဟု ရွှေတောင်လုပ်ငန်းစုဥက္ကဋ္ဌ ဦးအိုက်ထွန်းပြော

ပညာရေးမှာ တိုင်းပြည်၏အနာဂတ်ဖြစ်ပြီး လက်ရှိပညာဆည်းပူးနေသူများတွင် တစ်ချိန်၌ နိုင်ငံ့ခေါင်းဆောင်များ ဖြစ်လာနိုင်ကြောင်း ရွှေတောင်လုပ်ငန်းစုဥက္ကဋ္ဌဦးအိုက်ထွန်းက ပြောသည်။
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ မောင်းမကန်ကမ်းသာလမ်းရှိ မြန်မာနိုင်ငံသိုင်းအဖွဲ့ချုပ်တွင် ဇွန်လ ၂၃ ရက်က ကျင်းပသည့် မြန်မာ့သိုင်းသင်တန်းကျောင်း၊ သင်တန်းခန်းမသစ်လွှဲပြောင်းပေးအပ်သည့် အခမ်းအနားတွင် အကုန်သိသတင်းဌာန၏မေးမြန်းချက်အပေါ် ဖြေကြားပေးခြင်းဖြစ်သည်။
“ ပညာရေးကတိုင်းပြည်ရဲ့အနာဂတ်ပဲ။ အခုကျောင်းတက်တဲ့လူငယ်တွေ မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ နောင်အနာဂတ်မှာသမ္မတမဖြစ်နိုင်ဘူးလို့ ဘယ်သူမှမပြောနိုင်ဘူး။ နိုင်ငံ့ခေါင်းဆောင် ဖြစ်နိုင်တယ်။ သူတို့က မူလတန်းကတည်းကစပြီးတော့ပညာဆည်းပူးချိန်မှာ ကာယ၊ ဉာဏ၊ ဉာဏ်စွမ်းအစုံ၊ ပြည်သူ့နီတိအားလုံးကိုအခြေခံကောင်းအောင်လုပ်မှ သူတို့ကြီးလာတဲ့အခါမှာ နိုင်ငံတကာနဲ့လည်း ရင်ဘောင်တန်းအောင်နေနိုင်မယ်လို့ ပြောချင်ပါတယ်” ဟု ရွှေတောင်လုပ်ငန်းစုဥက္ကဋ္ဌ ဦးအိုက်ထွန်းက ပြောသည်။ 
ရွှေတောင်လုပ်ငန်းစုမှဦးစီးဆောင်ရွက်သည့် ရွှေတောင်ဖောင်ဒေးရှင်းမှ အဖွဲ့ဝင်များသည် မြန်မာနိုင်ငံရှိ အနာဂတ်လူငယ်များပညာရေးတိုးတက်ထက်မြက်စေလိုသည့်ရည်ရွယ်ချက်ဖြင့် ၁၉၉၆ ခုနှစ်မှစတင်၍ စာသင်ကျောင်းများဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 
လက်ရှိအစိုးရလက်ထက်တွင် အကောင်အထည်ဖော်ခဲ့သော KG+12 ပညာရေး ပြုပြင်ပြောင်းလဲမှုအရ သူငယ်တန်းတွင် စာမသင်ဘဲပုံဆွဲခြင်း၊ သီချင်းဆိုခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်းတို့ကို ဦးစားပေး ဆောင်ရွက်နေသည်။

- အိဖြူသိမ့်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။