Skip to main content
စိတ္က်န္းမာေရးခ်ိဳ႕တဲ့ေသာကိုရင္တစ္ပါး ႀကိဳးဆြဲခ်ပ်ံလြန္ေတာ္မူ
Ads Block

စိတ္က်န္းမာေရးခ်ိဳ႕တဲ့ေသာကိုရင္တစ္ပါး ႀကိဳးဆြဲခ်ပ်ံလြန္ေတာ္မူ

ေတာင္ငူခရိုင္၊ အုတ္တြင္းၿမိဳ႕နယ္၊ တလုပ္ကုန္းေက်းရြာ၊ ရြာဦးေက်ာင္းတိုက္တြင္ သက္ေတာ္(၁၄)ႏွစ္၊ ဝါေတာ္ (၉) ဝါရ ကိုရင္တစ္ပါး ႀကိဳးဆြဲခ်ပ်ံလြန္ေတာ္မူသြားခ့ဲေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ အုတ္တြင္းျမိဳ႕နယ္၊ တလုတ္ကုန္းေက်းရြာ၊ သာသနာ့ဂုဏ္ရည္ေက်ာင္းတိုက္ရွိ ေဘာဇန အေဆာင္တြင္ ဇြန္ ၂၃ ရက္၊ ည ၆ နာရီ ၄၅ မိနစ္ခန္႔က ကိုရင္တစ္ပါး ႀကိဳးဆြဲခ်ပ်ံလြန္ေတာ္မူေနေၾကာင္းသိရ၍ အုတ္တြင္းၿမိဳ႕မစခန္းမွဴး ဒုရဲမွဴးခ်စ္ကိုကိုႏွင့္အဖြဲ႔သည္ သက္ေသမ်ားႏွင့္အတူ အခင္းျဖစ္ရပ္သို႕ သြားေရာက္စစ္ေဆးခဲ့ၾကသည္။
စစ္ေဆးခ်က္အရ ပ်ံလြန္ေတာ္မူသူမွာ သုဇာတ(ခ)ပါက်ဲ သက္ေတာ္ (၁၄) ႏွစ္၊ ဝါေတာ္ (၉) ဝါ အုတ္တြင္းျမိဳ႕ သာသနာ့ဂုဏ္ရည္ေက်ာင္းတိုက္ေနသူျဖစ္ျပီး ႏွစ္ပင္လိမ္အဝတ္စႀကိဳးျဖင့္ ေျမျပင္မွ ( ၆ ) ေပခန္႔အကြာ ထုတ္တန္းတြင္ ႀကိဳးဆြဲခ်ေသဆုံးေနေၾကာင္း သိရွိခဲ့ရသည္။
အဆိုပါ ကိုရင္ သုဇာတ (ခ)ပါက်ဲမွာ ငယ္စဥ္ကတည္းက စိတ္က်န္းမာေရးမေကာင္းသူျဖစ္ေၾကာင္း ၄င္း၏ ဖခင္ျဖစ္သူ ဦးရန္ႏိုင္ထံမွ သိရသည္။
အဆိုပါအမႈႏွင့္ပတ္သက္၍ ဓမၼတာအတိုင္းေသဆုးံျခင္း ဟုတ္/မဟုတ္သိရွိႏုိင္ရန္ အုတ္တြင္းၿမိဳ႕မရဲစခန္း၌ ေသမႈေသခင္းအမွတ္စဥ္ ၈/ ၂၀၁၉ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

- ေနလင္းေအာင္(အကုန္သိသတင္းဌာန)

Unicode version

စိတ်ကျန်းမာရေးချို့တဲ့သောကိုရင်တစ်ပါး ကြိုးဆွဲချပျံလွန်တော်မူ

တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ တလုပ်ကုန်းကျေးရွာ၊ ရွာဦးကျောင်းတိုက်တွင် သက်တော်(၁၄)နှစ်၊ ဝါတော် (၉) ဝါရ ကိုရင်တစ်ပါး ကြိုးဆွဲချပျံလွန်တော်မူသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ အုတ်တွင်းမြို့နယ်၊ တလုတ်ကုန်းကျေးရွာ၊ သာသနာ့ဂုဏ်ရည်ကျောင်းတိုက်ရှိ ဘောဇန အဆောင်တွင် ဇွန် ၂၃ ရက်၊ ည ၆ နာရီ ၄၅ မိနစ်ခန့်က ကိုရင်တစ်ပါး ကြိုးဆွဲချပျံလွန်တော်မူနေကြောင်းသိရ၍ အုတ်တွင်းမြို့မစခန်းမှူး ဒုရဲမှူးချစ်ကိုကိုနှင့်အဖွဲ့သည် သက်သေများနှင့်အတူ အခင်းဖြစ်ရပ်သို့ သွားရောက်စစ်ဆေးခဲ့ကြသည်။
စစ်ဆေးချက်အရ ပျံလွန်တော်မူသူမှာ သုဇာတ(ခ)ပါကျဲ သက်တော် (၁၄) နှစ်၊ ဝါတော် (၉) ဝါ အုတ်တွင်းမြို့ သာသနာ့ဂုဏ်ရည်ကျောင်းတိုက်နေသူဖြစ်ပြီး နှစ်ပင်လိမ်အဝတ်စကြိုးဖြင့် မြေပြင်မှ ( ၆ ) ပေခန့်အကွာ ထုတ်တန်းတွင် ကြိုးဆွဲချသေဆုံးနေကြောင်း သိရှိခဲ့ရသည်။
အဆိုပါ ကိုရင် သုဇာတ (ခ)ပါကျဲမှာ ငယ်စဉ်ကတည်းက စိတ်ကျန်းမာရေးမကောင်းသူဖြစ်ကြောင်း ၎င်း၏ ဖခင်ဖြစ်သူ ဦးရန်နိုင်ထံမှ သိရသည်။
အဆိုပါအမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုးံခြင်း ဟုတ်/မဟုတ်သိရှိနိုင်ရန် အုတ်တွင်းမြို့မရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ် ၈/ ၂၀၁၉ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
 

- နေလင်းအောင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။