Skip to main content
တစ္ပတ္အတြင္း စေတာ့ရွယ္ယာေစ်းႏႈန္း က်ပ္ ၃ ဘီလ်ံေက်ာ္က်ဆင္း
Ads Block

တစ္ပတ္အတြင္း စေတာ့ရွယ္ယာေစ်းႏႈန္း က်ပ္ ၃ ဘီလ်ံေက်ာ္က်ဆင္း

စေတာ့ရွယ္ယာေစ်းကြက္၌ ဇြန္လတတိယအပတ္အတြင္းရွယ္ယာလက္မွတ္ေရာင္းရေငြတန္ဖိုးသည္ ယခင္အပတ္ေရာင္းရေငြထက္ က်ပ္ ၃ ဘီလ်ံေက်ာ္က်ဆင္းသြားေၾကာင္း ရန္ကုန္စေတာ့အိပ္ခ်ိန္းမွ သိရသည္။
ရန္ကုန္စေတာ့အိပ္ခ်ိန္းတြင္ စာရင္းဝင္ထားသည့္ ကုမၸဏီ ၅ ခုမွ ဇြန္လ ၁၀ ရက္မွ ၁၄ ရက္အတြင္း ရွယ္ယာလက္မွတ္ေရာင္းခ်ရသည့္တန္ဖိုးမွာက်ပ္ ၃ ဒႆမ ၄ ဘီလ်ံနီးပါးရရွိခဲ့ၿပီးဇြန္လ ၁၇ ရက္မွ ၂၁ ရက္ အထိ အေရာင္းအဝယ္ျဖစ္ေသာ စုစုေပါင္းတန္ဖိုးမွာက်ပ္သန္း ၃၇၃ ရရွိခဲ့ၿပီးယခင္ အပတ္ထက္က်ပ္ ၃ ဘီလ်ံေက်ာ္က်ဆင္းခဲ့ျခင္းျဖစ္ေၾကာင္း ရန္ကုန္စေတာ့အိပ္ခ်ိန္းမွ သိရသည္။
ထုိ႔အျပင္ အေရာင္းအဝယ္ျဖစ္သည့္ ရွယ္ယာအေစာင္ေရမွာဇြန္လ ၁၀ ရက္မွ ၁၄ ရက္အတြင္း ၄၅၆,၈၁၉ ေစာင္ရွိၿပီးဇြန္လ ၁၇ ရက္မွ ၂၁ ရက္အထိမွာ ၆၃,၅၈၅ ေစာင္ရွိကာယခင္အပတ္ထက္ အေစာင္ေရ ၃၉၃,၂၃၄ ေစာင္အထိ အေရာင္းအဝယ္က်ဆင္းခဲ့ေၾကာင္းသိရသည္။ 
သို႔ရာတြင္ ယခုဇြန္လ ၂၄ ရက္၌ စေတာ့ရွယ္ယာေစ်းႏႈန္းမ်ားမွာ FMI ကုမၸဏီတြင္ က်ပ္ ၁၂,၀၀၀၊ သီလဝါ အထူးစီးပြားေရးဇုန္အမ်ားပိုင္ကုမၸဏီတြင္ (MTSH) က်ပ္ ၃၄၅၀၊ ျမန္မာႏိုင္ငံသားမ်ားဘဏ္တြင္ က်ပ္ ၇၉၀၀၊ ပထမပုဂၢလိကဘဏ္တြင္က်ပ္ ၂၄၅၀၀ ႏွင့္ TMH တယ္လီကြန္းကုမၸဏီတြင္ က်ပ္ ၃၀၀၀ စသည္ျဖင့္ ေစ်းေပါက္ေနေၾကာင္း ရန္ကုန္စေတာ့အိပ္ခ်ိန္းမွ သိရသည္။ 
ရန္ကုန္စေတာ့အိပ္ခ်ိန္းစတင္တည္ေထာင္စဥ္မွ လက္ရွိကာလအထိ ၃ ႏွစ္ေက်ာ္အတြင္း စာရင္းဝင္ကုမၸဏီ ၅ ခုမွ ရွယ္ယာအေရအတြက္ ၁၀ ဒႆမ ၅၁ သန္းေက်ာ္ေရာင္းခ်ထားၿပီး တန္ဖိုးက်ပ္ ၁၂၄ ဒႆမ ၀၇ ဘီလ်ံေက်ာ္ရရွိထားေၾကာင္း ရန္ကုန္စေတာ့အိပ္ခ်ိန္းမွ သိရသည္။ 

- သင္းသင္းလိႈင္(အကုန္သိသတင္းဌာန)

Unicode version

တစ်ပတ်အတွင်း စတော့ရှယ်ယာဈေးနှုန်း ကျပ် ၃ ဘီလျံကျော်ကျဆင်း
 

စတော့ရှယ်ယာဈေးကွက်၌ ဇွန်လတတိယအပတ်အတွင်းရှယ်ယာလက်မှတ်ရောင်းရငွေတန်ဖိုးသည် ယခင်အပတ်ရောင်းရငွေထက် ကျပ် ၃ ဘီလျံကျော်ကျဆင်းသွားကြောင်း ရန်ကုန်စတော့အိပ်ချိန်းမှ သိရသည်။
ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင်ထားသည့် ကုမ္ပဏီ ၅ ခုမှ ဇွန်လ ၁၀ ရက်မှ ၁၄ ရက်အတွင်း ရှယ်ယာလက်မှတ်ရောင်းချရသည့်တန်ဖိုးမှာကျပ် ၃ ဒဿမ ၄ ဘီလျံနီးပါးရရှိခဲ့ပြီးဇွန်လ ၁၇ ရက်မှ ၂၁ ရက် အထိ အရောင်းအဝယ်ဖြစ်သော စုစုပေါင်းတန်ဖိုးမှာကျပ်သန်း ၃၇၃ ရရှိခဲ့ပြီးယခင် အပတ်ထက်ကျပ် ၃ ဘီလျံကျော်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်စတော့အိပ်ချိန်းမှ သိရသည်။
ထို့အပြင် အရောင်းအဝယ်ဖြစ်သည့် ရှယ်ယာအစောင်ရေမှာဇွန်လ ၁၀ ရက်မှ ၁၄ ရက်အတွင်း ၄၅၆,၈၁၉ စောင်ရှိပြီးဇွန်လ ၁၇ ရက်မှ ၂၁ ရက်အထိမှာ ၆၃,၅၈၅ စောင်ရှိကာယခင်အပတ်ထက် အစောင်ရေ ၃၉၃,၂၃၄ စောင်အထိ အရောင်းအဝယ်ကျဆင်းခဲ့ကြောင်းသိရသည်။ 
သို့ရာတွင် ယခုဇွန်လ ၂၄ ရက်၌ စတော့ရှယ်ယာဈေးနှုန်းများမှာ FMI ကုမ္ပဏီတွင် ကျပ် ၁၂,၀၀၀၊ သီလဝါ အထူးစီးပွားရေးဇုန်အများပိုင်ကုမ္ပဏီတွင် (MTSH) ကျပ် ၃၄၅၀၊ မြန်မာနိုင်ငံသားများဘဏ်တွင် ကျပ် ၇၉၀၀၊ ပထမပုဂ္ဂလိကဘဏ်တွင်ကျပ် ၂၄၅၀၀ နှင့် TMH တယ်လီကွန်းကုမ္ပဏီတွင် ကျပ် ၃၀၀၀ စသည်ဖြင့် ဈေးပေါက်နေကြောင်း ရန်ကုန်စတော့အိပ်ချိန်းမှ သိရသည်။ 
ရန်ကုန်စတော့အိပ်ချိန်းစတင်တည်ထောင်စဉ်မှ လက်ရှိကာလအထိ ၃ နှစ်ကျော်အတွင်း စာရင်းဝင်ကုမ္ပဏီ ၅ ခုမှ ရှယ်ယာအရေအတွက် ၁၀ ဒဿမ ၅၁ သန်းကျော်ရောင်းချထားပြီး တန်ဖိုးကျပ် ၁၂၄ ဒဿမ ၀၇ ဘီလျံကျော်ရရှိထားကြောင်း ရန်ကုန်စတော့အိပ်ချိန်းမှ သိရသည်။ 

- သင်းသင်းလှိုင်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။