Skip to main content
ျမန္မာႏုိင္ငံရွိ မဲဆႏၵရွင္မူၾကမ္းစာရင္းကို ၃ လအတြင္းေကာက္ယူမည္
Ads Block

ျမန္မာႏုိင္ငံရွိ မဲဆႏၵရွင္မူၾကမ္းစာရင္းကို ၃ လအတြင္းေကာက္ယူမည္

ယခု ၂၀၁၉ ခုႏွစ္၊ ဇြန္လမွ ၾသဂုတ္လအတြင္း ျမန္မာတစ္ႏုိင္ငံလံုးရွိ မဲဆႏၵရွင္မူၾကမ္းစာရင္းကို သက္ဆုိင္ရာ အဖြဲ႔အစည္းမ်ားနွင့္ပူးေပါင္းေကာက္ယူသြားမည္ျဖစ္ေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔မွ အဖြဲ႔၀င္ ဦးျမင့္ႏုိင္က ေျပာသည္။
ရန္ကုန္တုိင္းေဒသႀကီးေရြးေကာက္ပြဲေကာ္မရွင္ရုံးတြင္ ဇြန္လ၂၄ ရက္ကက်င္းပေသာ က႑စုံမွ ပါ၀င္ပတ္သက္သူမ်ားႏွင့္ေတြ႔ဆုံပြဲတြင္ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။ 
“ အခုေတာ့ မဟာဗ်ဴဟာေဆာင္ရြက္မႈေတြထဲက အခ်က္တစ္ခ်က္က မဲစာရင္းျပဳစုေရးေပါ့။ အဲဒီေတာ့ မဲစာရင္းျပဳစုတဲ့အခက္အခဲေတြ၊ မဲစာရင္းၾကည့္ရႈတဲ့အေျခအေနအားလုံး သိထားၿပီးသားပါ။ ဒီအခက္အခဲေတြကုိ ကြ်န္ေတာ္တုိ႔လည္း ေကာင္းသထက္ေကာင္းေအာင္၊ တုိးတက္သထက္တုိးတက္ေအာင္ပုိၿပီးေတာ့ ျပဳစုေနတာေပါ့။ အဲဒီေတာ့ ပထမဦးဆုံးမူၾကမ္းမဲစာရင္းကုိ ၃ လအတြင္းျပဳစုသြားပါမယ္။ တစ္ႏုိင္ငံလုံး အတုိင္းအတာနဲ႔ေပါ့။ေရြးေကာက္ပြဲကုိလည္း ၿမိဳ႕နယ္အားလုံးက်င္းပသြားႏုိင္ေအာင္ ရည္မွန္းပါတယ္’’ ဟု ျပည္ေထာင္စုေရြးေကာက္ပြဲ ေကာ္မရွင္အဖြဲ႔မွအဖြဲ႔၀င္ ဦးျမင့္ႏုိင္ကေျပာသည္။
မဲစာရင္းမ်ားေကာက္ယူရာတြင္ လူဦးေရစာရင္းကို လူ၀င္မႈႀကီးၾကပ္ေရးႏွင့္ျပည္သူ႔အင္အား၀န္ႀကီးဌာန အပါအ၀င္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနတို႔မွ လူဦးေရစာရင္းမ်ားႏွင့္တုိက္ဆုိင္စစ္ေဆးကာ ကနဦးၾကည့္ရႈ၍ ရပ္ကြက္အတြင္း အမွန္တကယ္ေနထုိင္ျခင္းရွိမရွိကိုပါ ေကာက္ယူသြားမည္ျဖစ္ေၾကာင္း သိရသည္။
“ မဲစာရင္းကုိေကာက္တာမွာအရင္ဆုံးလူဦးေရစာရင္းကုိ ကြ်န္ေတာ္တုိ႔ေကာက္ပါမယ္။ လူဦးေရစာရင္းထဲမွာမွ မသန္စြမ္းသူမ်ားကုိလည္း မဲဆႏၵရွင္စာရင္းထဲမွာေကာက္သြားမွာျဖစ္ပါတယ္။ အျမင္အာရုံမသန္စြမ္းလား၊ အၾကားအာရုံမသန္စြမ္းလား စသျဖင့္ေကာက္ယူၿပီး ဒီအမ်ိဳးမ်ိဳးမသန္စြမ္းစာရင္းကုိ ေကာက္ယူၿပီးေတာ့ သူတုိ႔ မဲေပးတဲ့အခါမွာ ၀ွီးခ်ဲနဲ႔လာတဲ့သူကုိ မဲေပးႏုိင္တဲ့အေနအထားျဖစ္ေအာင္ကြ်န္ေတာ္တုိ႔ စီစဥ္ေပးမွာ ျဖစ္ပါတယ္’’ဟု ရန္ကုန္တုိင္းေဒသႀကီးေရြးေကာက္ပြဲေကာ္မရွင္အဖဲြ႔မွ အတြင္းေရးမွဴး  ဦးတင္ေမာင္ေအးက ေျပာသည္။
ၿပီးခဲ့ေသာ ၂၀၁၅ ခုႏွစ္အေထြေထြေရြးေကာက္ပြဲတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္(NLD) ပါတီမွ အႏုိင္ရရွိခဲ့ကာ အစိုးရတစ္ရပ္ဖြဲ႕စည္းႏိုင္ခဲ့သည္။ 

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

မြန်မာနိုင်ငံရှိ မဲဆန္ဒရှင်မူကြမ်းစာရင်းကို ၃ လအတွင်းကောက်ယူမည်

ယခု ၂၀၁၉ ခုနှစ်၊ ဇွန်လမှ သြဂုတ်လအတွင်း မြန်မာတစ်နိုင်ငံလုံးရှိ မဲဆန္ဒရှင်မူကြမ်းစာရင်းကို သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်းကောက်ယူသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်ရုံးတွင် ဇွန်လ၂၄ ရက်ကကျင်းပသော ကဏ္ဍစုံမှ ပါဝင်ပတ်သက်သူများနှင့်တွေ့ဆုံပွဲတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ 
“ အခုတော့ မဟာဗျူဟာဆောင်ရွက်မှုတွေထဲက အချက်တစ်ချက်က မဲစာရင်းပြုစုရေးပေါ့။ အဲဒီတော့ မဲစာရင်းပြုစုတဲ့အခက်အခဲတွေ၊ မဲစာရင်းကြည့်ရှုတဲ့အခြေအနေအားလုံး သိထားပြီးသားပါ။ ဒီအခက်အခဲတွေကို ကျွန်တော်တို့လည်း ကောင်းသထက်ကောင်းအောင်၊ တိုးတက်သထက်တိုးတက်အောင်ပိုပြီးတော့ ပြုစုနေတာပေါ့။ အဲဒီတော့ ပထမဦးဆုံးမူကြမ်းမဲစာရင်းကို ၃ လအတွင်းပြုစုသွားပါမယ်။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ပေါ့။ရွေးကောက်ပွဲကိုလည်း မြို့နယ်အားလုံးကျင်းပသွားနိုင်အောင် ရည်မှန်းပါတယ်’’ ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့မှအဖွဲ့ဝင် ဦးမြင့်နိုင်ကပြောသည်။
မဲစာရင်းများကောက်ယူရာတွင် လူဦးရေစာရင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အပါအဝင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့မှ လူဦးရေစာရင်းများနှင့်တိုက်ဆိုင်စစ်ဆေးကာ ကနဦးကြည့်ရှု၍ ရပ်ကွက်အတွင်း အမှန်တကယ်နေထိုင်ခြင်းရှိမရှိကိုပါ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
“ မဲစာရင်းကိုကောက်တာမှာအရင်ဆုံးလူဦးရေစာရင်းကို ကျွန်တော်တို့ကောက်ပါမယ်။ လူဦးရေစာရင်းထဲမှာမှ မသန်စွမ်းသူများကိုလည်း မဲဆန္ဒရှင်စာရင်းထဲမှာကောက်သွားမှာဖြစ်ပါတယ်။ အမြင်အာရုံမသန်စွမ်းလား၊ အကြားအာရုံမသန်စွမ်းလား စသဖြင့်ကောက်ယူပြီး ဒီအမျိုးမျိုးမသန်စွမ်းစာရင်းကို ကောက်ယူပြီးတော့ သူတို့ မဲပေးတဲ့အခါမှာ ဝှီးချဲနဲ့လာတဲ့သူကို မဲပေးနိုင်တဲ့အနေအထားဖြစ်အောင်ကျွန်တော်တို့ စီစဉ်ပေးမှာ ဖြစ်ပါတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ အတွင်းရေးမှူး  ဦးတင်မောင်အေးက ပြောသည်။
ပြီးခဲ့သော ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ အနိုင်ရရှိခဲ့ကာ အစိုးရတစ်ရပ်ဖွဲ့စည်းနိုင်ခဲ့သည်။ 

- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။