Skip to main content
ကရင္ျပည္နယ္လူမႈေရး၀န္ႀကီးအျဖစ္ ေစာဘိုဘိုအား အတည္ျပဳ
Ads Block

ကရင္ျပည္နယ္လူမႈေရး၀န္ႀကီးအျဖစ္ ေစာဘိုဘိုအား အတည္ျပဳ

ကရင္ျပည္နယ္အစိုးရအဖြဲ႕မွလစ္လပ္ေနေသာ လူမႈေရး၀န္ႀကီးေနရာတြင္ ကရင္တိုင္းရင္းသားအေရး ေဆာင္ရြက္ေနသူေစာဘိုဘိုအားတင္သြင္းရာ ကန္႔ကြက္သူမရွိသျဖင့္ အတည္ျပဳခဲ့ေၾကာင္း သိရသည္။ 
ကရင္ျပည္နယ္အစိုးရအဖြဲ႕မွ ယခင္လူမႈေရး၀န္ႀကီးေဟာင္း ေဒါက္တာတင္၀င္းေက်ာ္မွာ က်န္းမာေရး အေျခအေနအရ အနားယူသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
၄င္းေနရာကိုအစားထိုးႏုိင္ရန္ ၂၀၁၉ ခုႏွစ္၊ ဇြန္လ ၂၃ ရက္က က်င္းပေသာ ဒုတိယအၾကိမ္ ကရင္ျပည္နယ္ လႊတ္ေတာ္(၁၁)ႀကိမ္ေျမာက္ပံုမွန္အစည္းအေ၀းပထမေန႔၌ ကရင္ျပည္နယ္၀န္ႀကီးခ်ဳပ္ နန္းခင္ေထြးျမင့္မွ အဆိုျပဳထားေသာ ေစာဘိုဘို(ခ)ဘိုဘိုေဝေမာင္ႏွင့္စပ္လ်ဥ္း၍ ကန္႔ကြက္သူမရွိသေဘာတူသည့္အတြက္ အတည္ျပဳေၾကာင္း ျပည္နယ္လႊတ္ေတာ္မွ ေၾကညာခဲ့ျခင္းျဖစ္သည္။ 
 “ ကၽြန္မတို႔အထက္ကို ၃ ဦးတင္ျပတယ္။ ကိုဘိုဘိုဆိုတာ ကၽြန္မတို႔ကို အရင္တုန္းကတည္းက ကူညီေနတဲ့သူ ျဖစ္တယ္။ အထက္လူႀကီးေတြကလည္း ေရြးခ်ယ္ေပးတယ္။ ကၽြန္မကလည္း သူ႔ကိုယုံၾကည္တယ္။ ဒါေၾကာင့္ လႊတ္ေတာ္မွာ အဆိုတင္တာပါ” ဟု ကရင္ျပည္နယ္အစိုးရအဖြဲ႕မွ၀န္ႀကီးခ်ဳပ္ နန္းခင္ေထြးျမင့္က လႊတ္ေတာ္ ပထမေန႔တြင္ ေျပာသည္။
ကရင္ျပည္နယ္လူမႈေရးဝန္ႀကီးအျဖစ္ ခန္႔အပ္တာဝန္ေပးအပ္ရန္အဆိုျပဳခံရသူ ေစာဘိုဘိုသည္ ျပည္တြင္း၊ ျပည္ပဘဏ္လုပ္ငန္းမ်ားဆိုင္ရာ အၾကံေပးပညာရွင္အျဖစ္လည္းေကာင္း၊ ျပည္တြင္းျပည္ပကရင္လူငယ္မ်ား၏ ဒုကၡသည္အေရး၊ ပညာေရး၊ စီးပြားေရး၊ လူမႈေရးႏွင့္ ေဒသဖြံၿဖိဳးေရးလုပ္ငန္းမ်ား ကူညီလုပ္ေဆာင္ေပးေနသူ တစ္ဦးျဖစ္ေၾကာင္း သိရသည္။
ထို႔အျပင္ ရန္ကုန္ၿမိဳ႕ရွိ ဘဏ္လုပ္ငန္း/ခရီးသြားလုပ္ငန္းဆိုင္ရာဘဏ္(MTB) တြင္ မန္ေနးဂ်င္းဒါ႐ိုက္တာအျဖစ္ လည္းေကာင္း၊ ရန္ကုန္တိုင္းအစိုးရအဖြဲ႕မွ YBS ယာဥ္လိုင္းေျပာင္းလဲေျပးဆြဲမႈတြင္ CEO အျဖစ္ ကူညီပါဝင္ခဲ့သူ ျဖစ္သည့္အျပင္ ထိုင္းႏိုင္ငံေရာက္ ကရင္ဒုကၡသည္အေရးကူညီကယ္ဆယ္ေရးအသင္းတြင္လည္း အဖြဲ႔ဝင္အျဖစ္ ႏွစ္ေပါင္းမ်ားစြာေထာက္ပံ့ခဲ့သူျဖစ္ေၾကာင္း သိရသည္။ 
ေစာဘိုဘို(ခ) ဘိုဘိုေဝေမာင္အား ကရင္ျပည္နယ္လူမႈေရး၀န္ႀကီးေနရာတြင္ ခန္႔အပ္တာ၀န္ေပးႏုိင္ေရး ႏိုင္ငံေတာ္သမၼတထံ ဆက္လက္တင္ျပသြားမည္ျဖစ္ၿပီး ႏိုင္ငံေတာ္သမၼတ႐ုံးမွ အေၾကာင္းျပန္စာရရွိပါက ကရင္ျပည္နယ္လႊတ္ေတာ္တြင္ ကတိသစၥာျပဳၿပီးေနာက္ တာ၀န္စတင္ထမ္းေဆာင္ရမည္ျဖစ္ေၾကာင္း သိရသည္။

- ေစာေဘာသိုလ္(အကုန္သိသတင္းဌာန)

Unicode version

ကရင်ပြည်နယ်လူမှုရေးဝန်ကြီးအဖြစ် စောဘိုဘိုအား အတည်ပြု  

ကရင်ပြည်နယ်အစိုးရအဖွဲ့မှလစ်လပ်နေသော လူမှုရေးဝန်ကြီးနေရာတွင် ကရင်တိုင်းရင်းသားအရေး ဆောင်ရွက်နေသူစောဘိုဘိုအားတင်သွင်းရာ ကန့်ကွက်သူမရှိသဖြင့် အတည်ပြုခဲ့ကြောင်း သိရသည်။ 
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ယခင်လူမှုရေးဝန်ကြီးဟောင်း ဒေါက်တာတင်ဝင်းကျော်မှာ ကျန်းမာရေး အခြေအနေအရ အနားယူသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၎င်းနေရာကိုအစားထိုးနိုင်ရန် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၃ ရက်က ကျင်းပသော ဒုတိယအကြိမ် ကရင်ပြည်နယ် လွှတ်တော်(၁၁)ကြိမ်မြောက်ပုံမှန်အစည်းအဝေးပထမနေ့၌ ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်မှ အဆိုပြုထားသော စောဘိုဘို(ခ)ဘိုဘိုဝေမောင်နှင့်စပ်လျဉ်း၍ ကန့်ကွက်သူမရှိသဘောတူသည့်အတွက် အတည်ပြုကြောင်း ပြည်နယ်လွှတ်တော်မှ ကြေညာခဲ့ခြင်းဖြစ်သည်။ 
 “ ကျွန်မတို့အထက်ကို ၃ ဦးတင်ပြတယ်။ ကိုဘိုဘိုဆိုတာ ကျွန်မတို့ကို အရင်တုန်းကတည်းက ကူညီနေတဲ့သူ ဖြစ်တယ်။ အထက်လူကြီးတွေကလည်း ရွေးချယ်ပေးတယ်။ ကျွန်မကလည်း သူ့ကိုယုံကြည်တယ်။ ဒါကြောင့် လွှတ်တော်မှာ အဆိုတင်တာပါ” ဟု ကရင်ပြည်နယ်အစိုးရအဖွဲ့မှဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က လွှတ်တော် ပထမနေ့တွင် ပြောသည်။
ကရင်ပြည်နယ်လူမှုရေးဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန်အဆိုပြုခံရသူ စောဘိုဘိုသည် ပြည်တွင်း၊ ပြည်ပဘဏ်လုပ်ငန်းများဆိုင်ရာ အကြံပေးပညာရှင်အဖြစ်လည်းကောင်း၊ ပြည်တွင်းပြည်ပကရင်လူငယ်များ၏ ဒုက္ခသည်အရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးနှင့် ဒေသဖွံဖြိုးရေးလုပ်ငန်းများ ကူညီလုပ်ဆောင်ပေးနေသူ တစ်ဦးဖြစ်ကြောင်း သိရသည်။
ထို့အပြင် ရန်ကုန်မြို့ရှိ ဘဏ်လုပ်ငန်း/ခရီးသွားလုပ်ငန်းဆိုင်ရာဘဏ်(MTB) တွင် မန်နေးဂျင်းဒါရိုက်တာအဖြစ် လည်းကောင်း၊ ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ YBS ယာဉ်လိုင်းပြောင်းလဲပြေးဆွဲမှုတွင် CEO အဖြစ် ကူညီပါဝင်ခဲ့သူ ဖြစ်သည့်အပြင် ထိုင်းနိုင်ငံရောက် ကရင်ဒုက္ခသည်အရေးကူညီကယ်ဆယ်ရေးအသင်းတွင်လည်း အဖွဲ့ဝင်အဖြစ် နှစ်ပေါင်းများစွာထောက်ပံ့ခဲ့သူဖြစ်ကြောင်း သိရသည်။ 
စောဘိုဘို(ခ) ဘိုဘိုဝေမောင်အား ကရင်ပြည်နယ်လူမှုရေးဝန်ကြီးနေရာတွင် ခန့်အပ်တာဝန်ပေးနိုင်ရေး နိုင်ငံတော်သမ္မတထံ ဆက်လက်တင်ပြသွားမည်ဖြစ်ပြီး နိုင်ငံတော်သမ္မတရုံးမှ အကြောင်းပြန်စာရရှိပါက ကရင်ပြည်နယ်လွှတ်တော်တွင် ကတိသစ္စာပြုပြီးနောက် တာဝန်စတင်ထမ်းဆောင်ရမည်ဖြစ်ကြောင်း သိရသည်။

- စောဘောသိုလ်(အကုန်သိသတင်းဌာန)

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။