Skip to main content
သမၼတႏွင့္၀န္ႀကီးမ်ား ေရြးေကာက္ပြဲ၀င္ၿပိဳင္ရန္ ရာထူးမွႏႈတ္ထြက္စရာမလုိဟု ဆို 
Ads Block

သမၼတႏွင့္၀န္ႀကီးမ်ား ေရြးေကာက္ပြဲ၀င္ၿပိဳင္ရန္ ရာထူးမွႏႈတ္ထြက္စရာမလုိဟု ဆို 

ႏုိင္ငံေတာ္သမၼတႏွင့္၀န္ႀကီးမ်ားအေနျဖင့္ လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲ၀င္ၿပဳိင္ရန္ ရာထူးမွႏႈတ္ထြက္စရာ မလုိေၾကာင္း ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔မွ အဖြဲ႔၀င္ ဦးျမင့္ႏုိင္က ေျပာသည္။ 
ရန္ကုန္တုိင္းေဒသႀကီးေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔ခြဲရုံးတြင္ ဇြန္လ ၂၄ ရက္ကက်င္းပေသာ က႑စုံေတြ႔ဆုံပြဲ အၿပီးတြင္ ယခုကဲ့သုိ႔ မီဒီယာမ်ားထံေျဖၾကားေပးျခင္းျဖစ္သည္။ 
“ သမၼတနဲ႔၀န္ႀကီးေတြသည္ ေရြးေကာက္ပြဲ၀င္ၿပဳိင္မယ္ဆုိလုိ႔ရွိရင္ ထြက္စရာမလုိပါဘူး။ အစုိးရအဖြဲ႔ ဥပေဒပုဒ္မ ၇ (ခ)မွာ ဥပေဒကျပ႒ာန္းေပးထားပါတယ္။ ေရြးေကာက္ပြဲေကာ္မရွင္က ေရြးေကာက္ပြဲစတယ္လုိ႔ ေၾကညာလုိက္တာနဲ႔ တစ္ၿပဳိင္နက္ ေၾကညာလုိက္တဲ့ေန႔ကေနစၿပီးေတာ့ သူတုိ႔ေတြသည္ ပါတီစည္းရုံးေရး၊ နယ္ေျမစည္းရုံးေရးလုပ္ငန္းေတြကုိ လုပ္ကုိင္ခြင့္ရသြားပါၿပီ။ အရင္၂၀၁၅ မွာတုန္းကလည္းအဲဒီလုိပဲ။ ၀န္ႀကီးတာ၀န္ထမ္းေဆာင္တဲ့သူေတြ၊ ဒုသမၼတထမ္းေဆာင္တဲ့သူေတြသည္ လက္ရွိရာထူးကမထြက္ဘဲနဲ႔ ပါတီစည္းရုံးေရး၊ နယ္ေျမစည္းရုံးေရးေတြကုိလုပ္ကုိင္ေဆာင္ရြက္သြားပါတယ္။ ဒါကဥပေဒအရ ျပ႒ာန္းထားပါတယ္’’ ဟု ျပည္ေထာင္စုေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႔၀င္ ဦးျမင့္ႏုိင္က ေျပာသည္။
ၿပီးခဲ့ေသာ ၂၀၁၀ ေရြးေကာက္ပြဲတြင္ ျပည္ခုိင္ၿဖဳိးပါတီမွအႏုိင္ရရွိကာ သမၼတဦးသိန္းစိန္ ေခါင္းေဆာင္ေသာ အစုိးရအဖြဲ႔မွ ၅ နွစ္သက္တမ္း တာ၀န္ထမ္းေဆာင္ခဲ့ၿပီးေနာက္ ၂၀၁၅ ခုနွစ္၊ ႏုိ၀င္ဘာလ ၈ ရက္တြင္ က်င္းပခဲ့ေသာ ေရြးေကာက္ပြဲတြင္ အစုိးရအဖြဲ႔ရာထူးတာ၀န္ထမ္းေဆာင္သူမ်ားလည္း ၀င္ေရာက္ ယွဥ္ၿပဳိင္ခဲ့သည္။
“ ၂၀၁၅ တုန္းကေတာ့ ေရြးေကာက္ပြဲေကာ္မရွင္ကေၾကညာခ်က္တစ္ခုထုတ္တယ္။ ဒါေပမဲ့ေၾကညာခ်က္က ဥပေဒကုိလႊမ္းမုိးလုိ႔ေတာ့မရဘူးေပါ့ဗ်ာ။ အဲဒီတုန္းကေၾကညာခ်က္မွာ ျပည္ေထာင္စုအဆင့္ပုဂၢဳိလ္မ်ားဟာ ကုိယ္စားလွယ္အေရြးခ်ယ္ခံရဖုိ႔၀င္ေရာက္ယွဥ္ၿပဳိင္ရာမွာရာထူးကေန ႏုတ္ထြက္စရာမလုိဘဲ ၀င္ေရာက္ ယွဥ္ၿပဳိင္ႏုိင္တယ္လုိ႔ဆုိတယ္။ ဒါေပမဲ့ အေျခခံဥပေဒမွာျပ႒ာန္းထားတာက ရာထူးတာ၀န္ထမ္းေဆာင္တဲ့ အေတာအတြင္းမွာ ပါတီတာ၀န္မထမ္းေဆာင္ရဘူးလုိ႔ဆုိထားတယ္။ ကြ်န္ေတာ္တုိ႔ပါတီမွာ အခုဥကၠ႒ႀကီးအျဖစ္ တာ၀န္ထမ္းေဆာင္ေနတဲ့ ဦးသန္းေဌးတုိ႔၊ ဦးတင္ႏုိင္သိန္းတုိ႔၊ ဦးျမတ္ဟိန္းတုိ႔ဆုိရင္ ပါတီတာ၀န္ထမ္းေဆာင္ဖုိ႔ အစုိးရအဖြဲ႕က ႏုတ္ထြက္ခဲ့ၾကတာျဖစ္တယ္။ ေနာက္တစ္ခါ ဒုသမၼတႏွစ္ဦးကေတာ့ ပါတီတာ၀န္ မထမ္းေဆာင္ဘဲ ကုိယ္စားလွယ္အေနနဲ႔ မဲဆႏၵနယ္ကေန၀င္ၿပိဳင္ခဲ့တာဆုိေတာ့ ရာထူးတာ၀န္နဲ႔ ပါတီတာ၀န္မယူရဘူးလုိ႔ ဒီလုိဆုိရမွာေပါ့’’ဟု ျပည္ခုိင္ၿဖဳိးပါတီမွ ေျပာေရးဆုိခြင့္ရွိသူ ေဒါက္တာနႏၵာလွျမင့္က အကုန္သိသတင္းဌာနသုိ႔ေျပာသည္။
ၿပီးခဲ့ေသာ ၂၀၁၅ ခုႏွစ္အေထြေထြေရြးေကာက္ပြဲတြင္ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD) ပါတီမွ အႏိုင္ရရွိကာ အစိုးရတစ္ရပ္ ဖြဲ႕စည္းႏိုင္ခဲ့သည္။ 

- မင္းသီဟန္(အကုန္သိသတင္းဌာန)

Unicode version

သမ္မတနှင့်ဝန်ကြီးများ ရွေးကောက်ပွဲဝင်ပြိုင်ရန် ရာထူးမှနှုတ်ထွက်စရာမလိုဟု ဆို 

နိုင်ငံတော်သမ္မတနှင့်ဝန်ကြီးများအနေဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲဝင်ပြိုင်ရန် ရာထူးမှနှုတ်ထွက်စရာ မလိုကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့မှ အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။ 
ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ဇွန်လ ၂၄ ရက်ကကျင်းပသော ကဏ္ဍစုံတွေ့ဆုံပွဲ အပြီးတွင် ယခုကဲ့သို့ မီဒီယာများထံဖြေကြားပေးခြင်းဖြစ်သည်။ 
“ သမ္မတနဲ့ဝန်ကြီးတွေသည် ရွေးကောက်ပွဲဝင်ပြိုင်မယ်ဆိုလို့ရှိရင် ထွက်စရာမလိုပါဘူး။ အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၇ (ခ)မှာ ဥပဒေကပြဋ္ဌာန်းပေးထားပါတယ်။ ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲစတယ်လို့ ကြေညာလိုက်တာနဲ့ တစ်ပြိုင်နက် ကြေညာလိုက်တဲ့နေ့ကနေစပြီးတော့ သူတို့တွေသည် ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေကို လုပ်ကိုင်ခွင့်ရသွားပါပြီ။ အရင်၂၀၁၅ မှာတုန်းကလည်းအဲဒီလိုပဲ။ ဝန်ကြီးတာဝန်ထမ်းဆောင်တဲ့သူတွေ၊ ဒုသမ္မတထမ်းဆောင်တဲ့သူတွေသည် လက်ရှိရာထူးကမထွက်ဘဲနဲ့ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံးရေးတွေကိုလုပ်ကိုင်ဆောင်ရွက်သွားပါတယ်။ ဒါကဥပဒေအရ ပြဋ္ဌာန်းထားပါတယ်’’ ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောသည်။
ပြီးခဲ့သော ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီမှအနိုင်ရရှိကာ သမ္မတဦးသိန်းစိန် ခေါင်းဆောင်သော အစိုးရအဖွဲ့မှ ၅ နှစ်သက်တမ်း တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပခဲ့သော ရွေးကောက်ပွဲတွင် အစိုးရအဖွဲ့ရာထူးတာဝန်ထမ်းဆောင်သူများလည်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
“ ၂၀၁၅ တုန်းကတော့ ရွေးကောက်ပွဲကော်မရှင်ကကြေညာချက်တစ်ခုထုတ်တယ်။ ဒါပေမဲ့ကြေညာချက်က ဥပဒေကိုလွှမ်းမိုးလို့တော့မရဘူးပေါ့ဗျာ။ အဲဒီတုန်းကကြေညာချက်မှာ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များဟာ ကိုယ်စားလှယ်အရွေးချယ်ခံရဖို့ဝင်ရောက်ယှဉ်ပြိုင်ရာမှာရာထူးကနေ နုတ်ထွက်စရာမလိုဘဲ ဝင်ရောက် ယှဉ်ပြိုင်နိုင်တယ်လို့ဆိုတယ်။ ဒါပေမဲ့ အခြေခံဥပဒေမှာပြဋ္ဌာန်းထားတာက ရာထူးတာဝန်ထမ်းဆောင်တဲ့ အတောအတွင်းမှာ ပါတီတာဝန်မထမ်းဆောင်ရဘူးလို့ဆိုထားတယ်။ ကျွန်တော်တို့ပါတီမှာ အခုဥက္ကဋ္ဌကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဦးသန်းဌေးတို့၊ ဦးတင်နိုင်သိန်းတို့၊ ဦးမြတ်ဟိန်းတို့ဆိုရင် ပါတီတာဝန်ထမ်းဆောင်ဖို့ အစိုးရအဖွဲ့က နုတ်ထွက်ခဲ့ကြတာဖြစ်တယ်။ နောက်တစ်ခါ ဒုသမ္မတနှစ်ဦးကတော့ ပါတီတာဝန် မထမ်းဆောင်ဘဲ ကိုယ်စားလှယ်အနေနဲ့ မဲဆန္ဒနယ်ကနေဝင်ပြိုင်ခဲ့တာဆိုတော့ ရာထူးတာဝန်နဲ့ ပါတီတာဝန်မယူရဘူးလို့ ဒီလိုဆိုရမှာပေါ့’’ဟု ပြည်ခိုင်ဖြိုးပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က အကုန်သိသတင်းဌာနသို့ပြောသည်။
ပြီးခဲ့သော ၂၀၁၅ ခုနှစ်အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီမှ အနိုင်ရရှိကာ အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ခဲ့သည်။ 


- မင်းသီဟန်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။