Skip to main content
တရားမမႈမ်ားတြင္ မအပ္ႏွင္းထားသည့္အာဏာကိုက်င့္သံုးၿပီး နည္းလမ္းမက်ေသာေဆာင္ရြက္မႈကို ျပင္ဆင္မႈ ဖြင့္ေပးေနဟု ရန္ကုန္တုိင္းတရားသူႀကီးခ်ဳပ္ေျပာ
Ads Block

တရားမမႈမ်ားတြင္ မအပ္ႏွင္းထားသည့္အာဏာကိုက်င့္သံုးၿပီး နည္းလမ္းမက်ေသာေဆာင္ရြက္မႈကို ျပင္ဆင္မႈ ဖြင့္ေပးေနဟု ရန္ကုန္တုိင္းတရားသူႀကီးခ်ဳပ္ေျပာ

တရားမမႈမ်ားတြင္ စီရင္ပိုင္ခြင့္အာဏာမက်င့္သံုးမႈ၊ မအပ္ႏွင္းထားသည့္ အာဏာကိုက်င့္သံုးမႈႏွင့္ တရားဥပေဒႏွင့္မညီေသာ၊ နည္းလမ္းမက်ေသာေဆာင္ရြက္မႈမ်ားကို ျပင္ဆင္မႈဖြင့္ေပးေနေၾကာင္း ရန္ကုန္တုိင္းေဒသႀကီးတရားလႊတ္ေတာ္မွ တရားသူႀကီးခ်ဳပ္ ဦးလွေအးက ေျပာသည္။
ဇြန္လ ၂၄ ရက္ကက်င္းပေသာ ရန္ကုန္တုိင္းေဒသႀကီးနဝမပံုမွန္အစည္းအေဝးစတုတၳေန႔အစီအစဥ္တြင္ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။ 
“ တရားရံုးတစ္ရံုးရဲ႕ ဆံုးျဖတ္ခ်က္၊ အမိန္႔၊ ျပစ္ဒဏ္မ်ားအေပၚ လစဥ္မႈခင္း ၿပီးျပတ္မႈစာရင္းအရစိစစ္၍ အမႈတြဲေတာင္းေခၚစိစစ္ေဆာင္ရြက္လ်က္ရွိပါတယ္။ အၿပီးအျပတ္လႊတ္တဲ့အမိန္႔မ်ားအေပၚမွာလည္း ရန္ကုန္တိုင္းေဒသႀကီးဥပေဒခ်ဳပ္ရံုးသို႔ ရာဇဝတ္က်င့္ထံုးဥပေဒပုဒ္မ(၄၁၇)အရအယူခံတက္ေရာက္ဖို႔ စာထုတ္၍ အေၾကာင္းၾကားျခင္းျဖင့္ ထိန္းေက်ာင္းေဆာင္ရြက္ေနပါတယ္။ တရားမမႈခင္းမ်ားမွာအပ္ႏွင္းထားတဲ့ စီရင္ပိုင္ခြင့္ အာဏာမက်င့္သံုးမႈ၊ မအပ္ႏွင္းထားတဲ့အာဏာကိုက်င့္သံုးမႈနဲ႔ တရားဥပေဒႏွင့္မညီေသာ၊ နည္းလမ္းမက်ေသာ ေဆာင္ရြက္မႈ စတဲ့ အခ်က္သံုးခ်က္ ေပၚေပါက္ခဲ့လွ်င္ တရားမက်င့္ထံုးဥပေဒပုဒ္မ(၁၁၅)အရ ျပင္ဆင္မႈ ဖြင့္လွစ္ေဆာင္ရြက္ေပးလ်က္ရွိပါတယ္။” ဟုတရားသူႀကီးခ်ဳပ္ ဦးလွေအးက ေျပာသည္။
မဂၤလာေတာင္ညြန္႔ၿမိဳ႕နယ္၊ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးရန္ေအာင္၏ တရားစြဲအဖြဲ႔အစည္းမ်ားမွ သက္ေသ အေထာက္အထားခိုင္မာစြာရွိေနပါေသာ္လည္း ထိုခိုင္မာေသာအေထာက္အထားမ်ားအား ထိမ္ခ်န္ျခင္း၊ မ်က္ကြယ္ျပဳျခင္းမ်ားေၾကာင့္ ျဖစ္ရပ္မွန္မေပၚေပါက္ဘဲအမႈလမ္းေၾကာင္းလြဲမွားကာ အမႈမွန္ေပၚေပါက္ျခင္းမရွိဘဲ တရားဥပေဒစိုးမိုးေရးကိုထိခိုက္ေစပါသျဖင့္ သက္ဆိုင္ရာအထက္အဖဲြ႔အစည္းမ်ားမွ ထိန္းေက်ာင္းရန္ အစီအစဥ္ရွိ/မရွိ ေမးခြန္းႏွင့္ပတ္သက္ၿပီး ယခုကဲ့သို႔ေျဖၾကားျခင္းျဖစ္သည္။ 
ရန္ကုန္တုိင္းေဒသႀကီး တရားစီရင္ေရးဥပေဒစိုးမုိးေရး၊ တုိင္ၾကားစာမ်ားႏွင့္အသနားခံစာစိစစ္ေရးေကာ္မတီ အေနျဖင့္ ရန္ကုန္တုိင္းေဒသႀကီးအတြင္းရွိ  တရားရုံးမ်ားသို႔စစ္ေဆးဆဲအမႈအေၾကာင္းမ်ားမွလြဲၿပီး က်န္အေၾကာင္းအရာမ်ားကို ေလ့လာေမးျမန္းႏုိင္ကာ တုိင္းေဒသႀကီးတရားလႊတ္ေတာ္မွ ခြင့္ျပဳေပးမည္ ျဖစ္ေၾကာင္းလည္း သိရသည္။

- ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

Unicode version

တရားမမှုများတွင် မအပ်နှင်းထားသည့်အာဏာကိုကျင့်သုံးပြီး နည်းလမ်းမကျသောဆောင်ရွက်မှုကို ပြင်ဆင်မှု ဖွင့်ပေးနေဟု ရန်ကုန်တိုင်းတရားသူကြီးချုပ်ပြော

တရားမမှုများတွင် စီရင်ပိုင်ခွင့်အာဏာမကျင့်သုံးမှု၊ မအပ်နှင်းထားသည့် အာဏာကိုကျင့်သုံးမှုနှင့် တရားဥပဒေနှင့်မညီသော၊ နည်းလမ်းမကျသောဆောင်ရွက်မှုများကို ပြင်ဆင်မှုဖွင့်ပေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်မှ တရားသူကြီးချုပ် ဦးလှအေးက ပြောသည်။
ဇွန်လ ၂၄ ရက်ကကျင်းပသော ရန်ကုန်တိုင်းဒေသကြီးနဝမပုံမှန်အစည်းအဝေးစတုတ္ထနေ့အစီအစဉ်တွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။ 
“ တရားရုံးတစ်ရုံးရဲ့ ဆုံးဖြတ်ချက်၊ အမိန့်၊ ပြစ်ဒဏ်များအပေါ် လစဉ်မှုခင်း ပြီးပြတ်မှုစာရင်းအရစိစစ်၍ အမှုတွဲတောင်းခေါ်စိစစ်ဆောင်ရွက်လျက်ရှိပါတယ်။ အပြီးအပြတ်လွှတ်တဲ့အမိန့်များအပေါ်မှာလည်း ရန်ကုန်တိုင်းဒေသကြီးဥပဒေချုပ်ရုံးသို့ ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ(၄၁၇)အရအယူခံတက်ရောက်ဖို့ စာထုတ်၍ အကြောင်းကြားခြင်းဖြင့် ထိန်းကျောင်းဆောင်ရွက်နေပါတယ်။ တရားမမှုခင်းများမှာအပ်နှင်းထားတဲ့ စီရင်ပိုင်ခွင့် အာဏာမကျင့်သုံးမှု၊ မအပ်နှင်းထားတဲ့အာဏာကိုကျင့်သုံးမှုနဲ့ တရားဥပဒေနှင့်မညီသော၊ နည်းလမ်းမကျသော ဆောင်ရွက်မှု စတဲ့ အချက်သုံးချက် ပေါ်ပေါက်ခဲ့လျှင် တရားမကျင့်ထုံးဥပဒေပုဒ်မ(၁၁၅)အရ ပြင်ဆင်မှု ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။” ဟုတရားသူကြီးချုပ် ဦးလှအေးက ပြောသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်၏ တရားစွဲအဖွဲ့အစည်းများမှ သက်သေ အထောက်အထားခိုင်မာစွာရှိနေပါသော်လည်း ထိုခိုင်မာသောအထောက်အထားများအား ထိမ်ချန်ခြင်း၊ မျက်ကွယ်ပြုခြင်းများကြောင့် ဖြစ်ရပ်မှန်မပေါ်ပေါက်ဘဲအမှုလမ်းကြောင်းလွဲမှားကာ အမှုမှန်ပေါ်ပေါက်ခြင်းမရှိဘဲ တရားဥပဒေစိုးမိုးရေးကိုထိခိုက်စေပါသဖြင့် သက်ဆိုင်ရာအထက်အဖွဲ့အစည်းများမှ ထိန်းကျောင်းရန် အစီအစဉ်ရှိ/မရှိ မေးခွန်းနှင့်ပတ်သက်ပြီး ယခုကဲ့သို့ဖြေကြားခြင်းဖြစ်သည်။ 
ရန်ကုန်တိုင်းဒေသကြီး တရားစီရင်ရေးဥပဒေစိုးမိုးရေး၊ တိုင်ကြားစာများနှင့်အသနားခံစာစိစစ်ရေးကော်မတီ အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  တရားရုံးများသို့စစ်ဆေးဆဲအမှုအကြောင်းများမှလွဲပြီး ကျန်အကြောင်းအရာများကို လေ့လာမေးမြန်းနိုင်ကာ တိုင်းဒေသကြီးတရားလွှတ်တော်မှ ခွင့်ပြုပေးမည် ဖြစ်ကြောင်းလည်း သိရသည်။

- ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။