Skip to main content
ကွာရှင်းခွင့်တင်ထားတဲ့ ဇနီးဖြစ်သူနဲ့ တွဲနေတဲ့ မသန်စွမ်း မုဆိုးဖိုတစ်ဦးကို ခင်ပွန်းက ရိုက်သတ် 
Ads Block

ကွာရှင်းခွင့်တင်ထားတဲ့ ဇနီးဖြစ်သူနဲ့ တွဲနေတဲ့ မသန်စွမ်း မုဆိုးဖိုတစ်ဦးကို ခင်ပွန်းက ရိုက်သတ် 

ကွာရှင်းခွင့်တင်ထားတဲ့ ဇနီးဖြစ်သူနဲ့ တွဲနေတဲ့ မသန်စွမ်း မုဆိုးဖိုတစ်ဦးကို ခင်ပွန်းက ရိုက်သတ် 
---------------------------------
ကွာရှင်းခွင့်တင်ထားတဲ့ ဇနီးဖြစ်သူနဲ့ တွဲနေတဲ့ မသန်စွမ်း မုဆိုးဖိုတစ်ဦးကို ခင်ပွန်းဖြစ်သူက သံတွေပါတဲ့တုတ်နဲ့ ရိုက်သတ်ခဲ့မှု မလေးရှားနိုင်ငံ ပီရက်ပြည်နယ်မှာ ဇွန် ၂၃ ရက်နေ့ က ဖြစ်ပွားခဲ့ပါတယ်။ 
အသက် ၄၂ နှစ်အရွယ် ဘာဒရူလ်ဟီရှမ်ဂါအဇစ်ဟာ ဘယ်ဘက်ခြေထောက် မသန်စွမ်း ဖြစ်နေသူဖြစ်ပြီး အသက် ၄၀ အရွယ်ဖြစ်တဲ့ အမျိုးသမီးရဲ့ ခင်ပွန်းက တုတ်နဲ့ ရိုက်ခဲ့မှုကြောင့် ခန္ဓာကိုယ်မှာ ဒဏ်ရာပြင်းပြင်းထန်ရသွားခဲ့ပါတယ်။ ဇွန် ၂၃ ရက် ညနေ ၂ နာရီခွဲလောက်က ကန်ပန့် ဂါဂျာအရပ်မှာ အခင်းဖြစ်ရပ် ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ 
အခင်းဖြစ်နေရာကို တာဝန်ရှိသူတွေ ရောက်ရှိသွားချိန်မှာ မသန်စွမ်းအမျိုးသား ရိုက်ခံနေရ တာတွေ့ ရှိခဲ့ပြီး ကျူးလွန်သူဟာ ၄င်းတို့ တွေရောက်လာတာကြောင့် ရိုက်နှက်နေမှု အရှိန်သတ်သွားခဲ့ကြောင်း လက်ထောက်ရဲချုပ်က ပြောဆိုပါတယ်။ 
ကျူးလွန်သူ အမျိုးသားရဲ့ အိမ်ရှေ့ မှာ အခင်းဖြစ်ခဲ့တာဖြစ်ပြီး၊ ယင်း အမျိုးသားဟာ ဇနီးဖြစ်သူနဲ့ ကွာရှင်းခွင့်တင်ထားသူဖြစ်ကြောင်း၊ အမျိုးသားရဲ့ ဇနီးနဲ့ သေဆုံးသူတို့  တွဲနေခဲ့ကြတာဖြစ်ကြောင်း ရဲက ပြောဆိုခဲ့ပါတယ်။ ရိုက်နှက်ခံခဲ့ရသူဟာ ကလေးသုံးယောက် ဖခင်ဖြစ်ပြီး အခင်းဖြစ်နေရာရောက် ဆေးအဖွဲ့ က ၄င်း သေဆုံးခဲ့ပြီလို့  အတည်ပြုခဲ့ကြောင်း ခရိုင်လက်ထောက်ရဲမှူးက ပြောဆိုပါတယ်။ ကျူးလွန်သူကို ဖမ်းဆီးခဲ့ကာ စစ်ဆေးမှုတွေလုပ်နေကြောင်းလည်း သိရပါတယ်။ 
ရဲတပ်ဖွဲ့ ရဲ့ စုံစမ်းသိရှိရမှုအရ သေဆုံးသူနဲ့ အမျိုးသမီးတို့ ဟာ ကားနဲ့ ဈေးဝယ်ထွက်ရာမှ ပြန်အရောက်မှာ ခင်ပွန်းဖြစ်သူ အမျိုးသားက ရန်ရှာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဒေါသထွက်နေတဲ့ အမျိုးသားဟာ ကားမှန်ကို ရိုက်ခွဲကာ သေဆုံးသူကို ထပ်ခါထပ်ခါ ရိုက်နှက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။ 

Ref: Star TV

Unicode version

ယခုသီတင်းပတ်အတွင်း ချဲလ်ဆီးအသင်းမန်နေဂျာအဖြစ် လမ်းပတ်ခန့်အပ်ခံရမည် 
----------------------------

အင်္ဂလန်နှင့် ချဲလ်ဆီးအသင်းကွင်းလယ်ကစားသမားဟောင်းဖြစ်သူ ဖရန့်လမ်းပတ်သည် ယခုသီတင်းပတ် အတွင်း၌ ချဲလ်ဆီးအသင်းမန်နေဂျာအဖြစ် ခန့်အပ်ခံရလိမ့်မည်ဖြစ်ကြောင်း သတင်းများတွင် ရေးသားဖော်ပြထားသည်။ ချဲလ်ဆီးအသင်းသည် ပြီးခဲ့သည့် သီတင်းပတ်အတွင်းတွင် မန်နေဂျာ ဆာရီနှင့် လမ်းခွဲခဲ့ပြီးနောက် လက်ရှိ အချိန်တွင် လိဂ်ချန်ပီယံ ရှစ်ကလပ် ဒါဘီကောင်တီအသင်းမန်နေဂျာအဖြစ် တာဝန်ယူနေသူ လမ်းပတ်အား မန်နေဂျာသစ် အဖြစ် ခန့်အပ်ရန် ရှိနေခြင်းဖြစ်သည်။ အသက် ၄၁ နှစ်အရွယ်ရှိ လမ်းပတ်သည် ၂၀၀၁ ခုနှစ်မှ ၂၀၀၄ ခုနှစ်အထိ ချဲလ်ဆီးအသင်းတွင် ပါဝင်ကစားခဲ့ဖူးသူဖြစ်သည်။ မန်နေဂျာ လမ်းပတ်အနေဖြင့် ချဲလ်ဆီး အသင်းမန်နေဂျာအဖြစ် ခန့်အပ်ခံရချိန်တွင် ဒါဘီကောင်တီအသင်း၌ ၎င်း၏ လက်ထောက်မန်နေဂျာအဖြစ် တာဝန်ယူနေသူ ဂျိုဒီမော်ရစ် (၄၀ နှစ်) ကိုလည်း ချဲလ်ဆီး အသင်းထံ ခေါ်ယူလာမည်ဖြစ်ကြောင်း သတင်းများတွင် ဆက်လက်ရေးသားထားသည်။ အင်္ဂလန်လူမျိုးနည်းပြတစ်ဦးဖြစ်သူ ဂျိုဒီမော်ရစ်သည် ၁၉၉၆ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ချဲလ်ဆီး အသင်းတွင် ကွင်းလယ်ကစားသမားတစ်ဦးအဖြစ် ပါဝင်ကစားခဲ့သူဖြစ်ကာ ၂၀၁၄ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ ချဲလ်ဆီး ယူ-၁၈ အသင်းမန်နေဂျာအဖြစ်လည်း တာဝန်ယူခဲ့ဖူးသူဖြစ်သည်။ လမ်းပတ်အနေဖြင့် လာမည့် ၄၈ နာရီအတွင်း၌ ချဲလ်ဆီးအသင်းမန်နေဂျာအဖြစ် တရားဝင် ခန့်အပ်ခံရလိမ့်မည် ဖြစ်ကြောင်း ဗြိတိသျှမီဒီယာတစ်ခုက အတည်ပြုဖော်ပြခဲ့သည်။ ချဲလ်ဆီးအသင်းသည် အသက် ၁၈ နှစ်အောက် ပြည်ပလူငယ်ကစားသမားများ ခေါ်ယူရေး လုပ်ဆောင်မှုများတွင် စည်းကမ်းဖောက်ဖျက်မှုများ ကျူးလွန်ခဲ့ခြင်းကြောင့် ယခုနွေရာသီအတွင်း ကစားသမားသစ် ခေါ်ယူခွင့် ပိတ်ပင်ခံရသည့်ပြစ်ဒဏ်ချမှတ်ခံထားရခြင်းကြောင့် လမ်းပတ် အနေဖြင့် ချဲလ်ဆီးအသင်းမန်နေဂျာအဖြစ် တာဝန်ယူချိန်တွင် ယခုနွေရာသီအတွင်း ကစားသမားသစ်များ ခေါ်ယူနိုင်မည်မဟုတ်ပေ။ ယခုနွေရာသီဈေးကွက် ကာလအတွင်းတွင် ချဲလ်ဆီးအသင်းသည် အသင်း၏ အဓိက ကစားသမားတစ်ဦးဖြစ်သူ အီဒင်ဟာဇက်အား ရီးရဲမက်ဒရစ်အသင်းထံ ရောင်းချခဲ့ပြီး ခံစစ်မှူး ဂယ်ရီကာဟေးလ်သည်လည်း အသင်းမှ ထွက်ခွာသွားခဲ့ခြင်းကြောင့် လမ်းပတ်အနေဖြင့် ကလပ်အကယ်ဒမီမှ လူငယ်ကစားသမား များကိုသာ ပထမအသင်းကြီးသို့ အားဖြည့်ခေါ်ယူသွားရမည်ဖြစ်သည်။ လမ်းပတ်အား ချဲလ်ဆီးအသင်းမန်နေဂျာသစ်အဖြစ် ခန့်အပ်ခြင်းသည် မှန်ကန်သည့် ရွေးချယ်မှုဖြစ်ကြောင်း အင်္ဂလန်တိုက်စစ်မှူးဟောင်း အလန်ရှီးယားရားက SUNSPORT သတင်းစာတွင် ရေးသားခဲ့သည်။ “လမ်းပတ်ကို ချဲလ်ဆီးမန်နေဂျာသစ်အဖြစ် ခန့်အပ်ခြင်းက အလွန်ကောင်းမွန်တဲ့ လုပ်ဆောင်မှုလို့ ကျွန်တော် ထင်ပါတယ်။ ချဲလ်ဆီးအသင်းပိုင်ရှင် အာဘရာမိုဗစ်အနေနဲ့ လမ်းပတ်ကို မန်နေဂျာသစ် အဖြစ် ဘာကြောင့် ခန့် အပ်ချင်လဲဆိုတာကိုလည်း ကျွန်တော် နားလည်တယ်။ ချဲလ်ဆီးအသင်း ဟာ ကစားသမားသစ်ခေါ်ယူခွင့် ပိတ်ပင်ခံရတဲ့ပြစ်ဒဏ်ကြောင့် ခက်ခဲတဲ့အခြေအနေတစ်ခုနဲ့ ရင်ဆိုင်နေရတယ်။ ချဲလ်ဆီးအသင်းအနေနဲ့ အကယ်ဒမီက လူငယ်ကစားသမားတွေကိုသာ ခေါ်ယူရမှာဖြစ်သလို အခြားအသင်းတွေကို အငှားချထားတဲ့ ကစားသမားအချို့လည်း အသင်းကို ပြန်ရောက်လာမှာပါ။ လမ်းပတ်အနေနဲ့ ဒီကစားသမားတွေအကြောင်းကို အခြားသူတွေထက် ပိုသိရှိနိုင်ပါတယ်”ဟု အလန်ရှီးယားရားက မှတ်ချက်ပြုရေးသားခဲ့သည်။

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။