Skip to main content
Ads Block
သြစတေးလျတွင် နိုင်ငံတော်ထိပ်တန်းလျှို့ဝှက်သတင်းများ စုံစမ်းဖော်ပြမှုဖြင့် စီးနင်းရှာဖွေခံခဲ့ရတဲ့ အစိုးရပိုင် ABC သတင်းဌာနဟာ ၄င်းတို့ရဲ့ သတင်းအထောက်အထားဖိုင်များ ပြန်လည်ရရှိရန်အတွက် ရဲတပ်ဖွဲ့ကို ဇွန် ၂၄ ရက်နေ့မှာ တရားစွဲလိုက်ပြီ ဖြစ်ပါတယ်။
သြစတေးလျရဲတပ်ဖွဲ့ဟာ ၄င်းရှာဖွေသိမ်းဆည်းပွဲအပြီး နောက်နေ့မှာတင် အခြားသတင်းထောက် တစ်ဦးရဲ့ နေအိမ်ကို ဝင်စီးနင်းရှာဖွေပြီး ဖိုင်တွေနဲ့ကွန်ပျူတာကို သိမ်းသွားပါသေးတယ်။ အကြောင်း ကတော့ သြစတေးလျနိုင်ငံသားတွေကို ပြည်တွင်းမှာတင် ထောက်လှမ်းစောင့်ကြည့်မယ့် အစိုးရရဲ့ အစီအစဉ်ကို ၄င်းသတင်းထောက်က စုံစမ်းဖော်ထုတ်ပြီး လွန်ခဲ့တဲ့ ၁ နှစ်တုန်းက ဆောင်းပါးရေး လိုက်လို့ပဲ ဖြစ်ပါတယ်။
ထိုသို့သောလျှို့ဝှက်သတင်းများ ပေါက်ကြားမှုအတွက် သက်ဆိုင်ရာဂျာနယ်လစ်တွေကို ရဲတပ်ဖွဲ့က စွဲချက်တင်ထားရုံမက ရုပ်သိမ်းပေးရန်လည်း ငြင်းဆန်နေရာ ၄င်းလုပ်ရပ်နဲ့စပ်လျဉ်းပြီး စိုးရိမ်သူတွေ၊ ဝေဖန်သူတွေ ရှိနေပါတယ်။ 
ဝန်ကြီးချုပ်ကတော့ ၄င်းစီးနင်းရှာဖွေမှုတွေမှာ နိုင်ငံရေးပယောဂမပါပေမယ့် လျှို့ဝှက်သတင်း ပေါက်ကြားမှုကို ဖြိုခွဲအရေးယူရန် လိုအပ်ကြောင်း ပြောပါတယ်။
Unicode version
စစ်ရာဇဝတ်မှုများ ပေါက်ကြားဖော်ပြမှုတွင် သိမ်းဆည်းခံရသည့်ဖိုင်များ ပြန်လည်ရရှိရန် သြစတေးလျရဲတပ်ဖွဲ့ကို အစိုးရပိုင်သတင်းဌာန တရားစွဲ
သြစတေးလျတွင် နိုင်ငံတော်ထိပ်တန်းလျှို့ဝှက်သတင်းများ စုံစမ်းဖော်ပြမှုဖြင့် စီးနင်းရှာဖွေခံခဲ့ရတဲ့ အစိုးရပိုင် ABC သတင်းဌာနဟာ ၎င်းတို့ရဲ့ သတင်းအထောက်အထားဖိုင်များ ပြန်လည်ရရှိရန်အတွက် ရဲတပ်ဖွဲ့ကို ဇွန် ၂၄ ရက်နေ့မှာ တရားစွဲလိုက်ပြီ ဖြစ်ပါတယ်။
၎င်းတို့စုံစမ်းဖော်ပြခဲ့တဲ့ ထိပ်တန်းလျှို့ဝှက် စစ်ရာဇဝတ်မှုများအကြောင်း သတင်းအထောက်အထား တွေကို ရဲတပ်ဖွဲ့က စီးနင်းရှာဖွေ၊ သိမ်းဆည်းတဲ့အပြင် ABC သတင်းဌာနဟာ အာဖဂန်စစ်ပွဲမှာ သြစတေးလျအထူးတပ်ဖွဲ့ဝင်တွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအကြောင်းကို သတင်းပေးတစ်ဦး ထံမှ စုံစမ်းဖော်ထုတ်ပြီး ဖော်ပြနေခဲ့ပါတယ်။
ထိုသို့ဖော်ပြနေခဲ့တာ ၂ နှစ်ခန့် ရှိလာချိန် ၂၀၁၉ ဇွန်လဆန်းမှာတော့ ရဲတွေဟာ ABC ရုံးချုပ်ကို စီးနင်းရှာဖွေပြီး အဆိုပါ ထိပ်တန်းလျှို့ဝှက် “အာဖဂန်ဖိုင်များ” ပေါက်ကြားချက်တွေကို သိမ်းဆည်း သွားခဲ့ပါတယ်။ ၎င်းမှာ ရှာဝရမ်းအရ သိမ်းဆည်းထားတဲ့ဖိုင်တွေကို ရဲတွေက လိုသလို ပြုပြင် တည်းဖြတ်ပိုင်ခွင့်ပါ ရှိနေကြောင်း သိရပါတယ်။
ထို့အတွက် သတင်းအထောက်အထားဖိုင်တွေကို ရဲတပ်ဖွဲ့က ကိုင်တွယ်တည်းဖြတ်နိုင်ကြောင်း ညွှန်ကြားထားတဲ့ ရှာဝရမ်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့မညီသဖြင့် ဝရမ်းဖျက်သိမ်းမိန့်ပေးပါရန် ABC သတင်းဌာနဟာ တရားရုံးသို့ ဦးတိုက်လျှောက်လိုက်ခြင်း ဖြစ်ပါတယ်။
သြစတေးလျရဲတပ်ဖွဲ့ဟာ ၎င်းရှာဖွေသိမ်းဆည်းပွဲအပြီး နောက်နေ့မှာတင် အခြားသတင်းထောက် တစ်ဦးရဲ့ နေအိမ်ကို ဝင်စီးနင်းရှာဖွေပြီး ဖိုင်တွေနဲ့ကွန်ပျူတာကို သိမ်းသွားပါသေးတယ်။ အကြောင်း ကတော့ သြစတေးလျနိုင်ငံသားတွေကို ပြည်တွင်းမှာတင် ထောက်လှမ်းစောင့်ကြည့်မယ့် အစိုးရရဲ့ အစီအစဉ်ကို ၎င်းသတင်းထောက်က စုံစမ်းဖော်ထုတ်ပြီး လွန်ခဲ့တဲ့ ၁ နှစ်တုန်းက ဆောင်းပါးရေး လိုက်လို့ပဲ ဖြစ်ပါတယ်။
ထိုသို့သောလျှို့ဝှက်သတင်းများ ပေါက်ကြားမှုအတွက် သက်ဆိုင်ရာဂျာနယ်လစ်တွေကို ရဲတပ်ဖွဲ့က စွဲချက်တင်ထားရုံမက ရုပ်သိမ်းပေးရန်လည်း ငြင်းဆန်နေရာ ၎င်းလုပ်ရပ်နဲ့စပ်လျဉ်းပြီး စိုးရိမ်သူတွေ၊ ဝေဖန်သူတွေ ရှိနေပါတယ်။ 
ဝန်ကြီးချုပ်ကတော့ ၎င်းစီးနင်းရှာဖွေမှုတွေမှာ နိုင်ငံရေးပယောဂမပါပေမယ့် လျှို့ဝှက်သတင်း ပေါက်ကြားမှုကို ဖြိုခွဲအရေးယူရန် လိုအပ်ကြောင်း ပြောပါတယ်။
သြစတေးလျဟာ လစ်ဘရယ်ဆန်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ပေမယ့် လွတ်လပ်စွာပြောဆိုပိုင်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေဖြင့် ကာကွယ်ပေးထားဖို့ဝေးစွ ၊ အခွင့်အရေးဥပဒေကိုတောင် တိတိပပ ပြဋ္ဌာန်းချမှတ်မထားပါဘူး။ ၎င်းရဲ့ အသရေဖျက်မှုဥပဒေဟာလည်း အလွန်တင်းကြပ်ပါသေးတယ်။
- အကုန်သိသတင်းဌာန | (Ref : AFP)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။