Skip to main content
ဒုတပ္ၾကပ္က ညီမ၀မ္းကြဲအား အဓမၼျပဳက်င့္မႈျဖစ္ပြား
Ads Block

ဒုတပ္ၾကပ္က ညီမ၀မ္းကြဲအား အဓမၼျပဳက်င့္မႈျဖစ္ပြား

ဧရာ၀တီတုိင္းေဒသႀကီး၊ ပုသိမ္ၿမိဳ႕တြင္ တပ္မေတာ္မွ ဒုတပ္ၾကပ္တစ္ဦးက ေမြးရာပါပိုလီယိုေရာဂါသည္ ညီမ၀မ္းကြဲအား အဓမၼျပဳက်င့္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ 
ျဖစ္စဥ္မွာ ပုသိမ္ၿမိဳ႕၊ အေနာက္ေတာင္တိုင္းစစ္ဌာနခ်ဳပ္ႏွင့္ တစ္ဆက္တည္းရွိေတာင္ယာကုန္းေက်းရြာ၌ ဇြန္လ ၂၃ ရက္၊ ည ၇ နာရီတြင္ဒုတပ္ၾကပ္မ်ိဳး၀င္းထြန္း၊ (၃၉)ႏွစ္ဆိုသူသည္ အိမ္သားမ်ားမရွိခ်ိန္တြင္ အေဒၚျဖစ္သူ ေနအိမ္သို႔ ေရာက္ရွိလာၿပီး တစ္ဦးတည္းရွိေနသည့္ ညီမ၀မ္းကြဲျဖစ္သူအား အဓမၼျပဳက်င့္သြားခဲ့ျခင္းျဖစ္ေၾကာင္း က်ဴးလြန္ခံရသူ၏မိခင္ ေဒၚ------၏ ေျပာျပခ်က္အရ သိရသည္။
“ တပ္ထိန္းတပ္မွာတာ၀န္ထမ္းေဆာင္ေနတဲ့ ကြ်န္မအစ္ကိုရင္းရဲ႕သားပါ။ အခုသမီးကို ပုသိမ္ေဆးရံုကို ပို႔ေဆာင္ေပးထားၿပီး စစ္ေဆးေနပါတယ္။ ထိေရာက္စြာအေရးယူေပးဖို႔ တပ္ထိန္းကိုေရာ၊ ရဲစခန္းကိုေရာ ေတာင္းဆိုထားပါတယ္” ဟု က်ဴးလြန္ခံရသူ၏ မိခင္ ေဒၚ------ က ေျပာသည္။ 
လက္ရွိတြင္ ဒုတပ္ၾကပ္မ်ိဳး၀င္းထြန္း၊ (၃၉)ႏွစ္ကိုပုသိမ္ၿမိဳ႕မရဲစခန္း၌ မုဒိမ္းမႈ- ၃၇၆ ျဖင့္ အမႈဖြင့္လွစ္ထားၿပီး စစ္တပ္၌ ဖမ္းဆီးထိန္းသိမ္းကာစစ္ေဆးေနဆဲျဖစ္ေၾကာင္း သတင္းရရွိသည္။

- ဒါးဇ(အကုန္သိသတင္းဌာန)

Unicode version

ဒုတပ်ကြပ်က ညီမဝမ်းကွဲအား အဓမ္မပြုကျင့်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် တပ်မတော်မှ ဒုတပ်ကြပ်တစ်ဦးက မွေးရာပါပိုလီယိုရောဂါသည် ညီမဝမ်းကွဲအား အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 
ဖြစ်စဉ်မှာ ပုသိမ်မြို့၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်နှင့် တစ်ဆက်တည်းရှိတောင်ယာကုန်းကျေးရွာ၌ ဇွန်လ ၂၃ ရက်၊ ည ၇ နာရီတွင်ဒုတပ်ကြပ်မျိုးဝင်းထွန်း၊ (၃၉)နှစ်ဆိုသူသည် အိမ်သားများမရှိချိန်တွင် အဒေါ်ဖြစ်သူ နေအိမ်သို့ ရောက်ရှိလာပြီး တစ်ဦးတည်းရှိနေသည့် ညီမဝမ်းကွဲဖြစ်သူအား အဓမ္မပြုကျင့်သွားခဲ့ခြင်းဖြစ်ကြောင်း ကျူးလွန်ခံရသူ၏မိခင် ဒေါ်------၏ ပြောပြချက်အရ သိရသည်။
“ တပ်ထိန်းတပ်မှာတာဝန်ထမ်းဆောင်နေတဲ့ ကျွန်မအစ်ကိုရင်းရဲ့သားပါ။ အခုသမီးကို ပုသိမ်ဆေးရုံကို ပို့ဆောင်ပေးထားပြီး စစ်ဆေးနေပါတယ်။ ထိရောက်စွာအရေးယူပေးဖို့ တပ်ထိန်းကိုရော၊ ရဲစခန်းကိုရော တောင်းဆိုထားပါတယ်” ဟု ကျူးလွန်ခံရသူ၏ မိခင် ဒေါ်------ က ပြောသည်။ 
လက်ရှိတွင် ဒုတပ်ကြပ်မျိုးဝင်းထွန်း၊ (၃၉)နှစ်ကိုပုသိမ်မြို့မရဲစခန်း၌ မုဒိမ်းမှု- ၃၇၆ ဖြင့် အမှုဖွင့်လှစ်ထားပြီး စစ်တပ်၌ ဖမ်းဆီးထိန်းသိမ်းကာစစ်ဆေးနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။
 

- ဒါးဇ(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။