Skip to main content
fvogo
Ads Block

ဖူဆယ္အားကစားကို ပရိသတ္စိတ္၀င္စားမႈမ်ားျပားလာၿပီဟုဆို

ျမန္မာႏုိင္ငံတြင္ ဖူဆယ္အားကစားကို စိတ္၀င္စားသည့္ ပရိသတ္မ်ားျပားလာၿပီျဖစ္ေၾကာင္း ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္၊ သဲေသာင္ျပင္ႏွင့္ ဖူဆယ္ေကာ္မတီဥကၠ႒ ဦးၾကည္မင္းသိန္းက ေျပာသည္။

ျမန္မာႏုိင္ငံေဘာလံုးအဖြဲ႕ခ်ဳပ္အစည္းအေ၀းခန္းမတြင္ ဇြန္လ(၂၄)ရက္ကက်င္းပသည့္ MFF Futsal WarrixCup ၿပိဳင္ပြဲစပြန္ဆာစာခ်ဳပ္ ခ်ဳပ္ဆိုျခင္းအခမ္းအနားတြင္ အထက္ပါအတိ္ုင္းေျပာျခင္း ျဖစ္သည္။

“ ဖူဆယ္အားကစားကအရင္ကနဲ႔မတူေတာ့ပါဘူး။ ကၽြန္ေတာ္တို႔ရဲ႕ လက္ေရြးစင္အသင္းကေရာ၊ ကလပ္အသင္းကပါ ႏုိင္ငံတကာၿပိဳင္ပြဲေတြမွာေအာင္ျမင္မႈေတြကဆက္တိုက္ရလာတဲ့အခါက်ေတာ့ ပရိသတ္ေတြကလည္းကစားသမားေတြကိုေစာင့္ၾကည့္လာၾကတယ္။ လြန္ခဲ့တဲ့(၁၀)ႏွစ္ကထက္စာရင္ အမ်ားႀကီးသိသာလာပါတယ္။ အရင္တုန္းကစလုပ္ခါစဆိုေတာ့ အသင္းေတြကလည္း အုပ္စုျပဳတ္တာက မ်ားတယ္ေလ။ အခု MIU အသင္းဆိုရင္ အာဆီယံဖူဆယ္ကလပ္ၿပိဳင္ပြဲမွာဆို တတိယ(၄)ႀကိမ္ရွိၿပီ။ လက္ေရြးစင္အသင္းဆိုရင္လည္းအာရွဖူဆယ္ၿပိဳင္ပြဲမွာအသန္႔ရွင္းဆံုးဆုကိုေတာင္ ရရွိခဲ့ပါတယ္။ ဒါ့ေၾကာင့္လြန္ခဲ့တဲ့(၁၀)ႏွစ္ကထက္စာရင္ ပရိသတ္စိတ္၀င္စားမႈပိုၿပီးမ်ားလာပါၿပီ” ဟု ျမန္မာႏုိင္ငံ ေဘာလံုးအဖြဲ႕ခ်ဳပ္၊ သဲေသာင္ျပင္ႏွင့္ ဖူဆယ္ေကာ္မတီဥကၠ႒ ဦးၾကည္မင္းသိန္းက ေျပာသည္။

ထို႔အျပင္ အလြတ္တန္းၿပိဳင္ပြဲမ်ားက်င္းပေပးေနၿပီး ယင္းၿပိဳင္ပြဲမွ ကစားသမားမ်ားကို တရား၀င္ ကလပ္အသင္းမ်ားႏွင့္ ခ်ိတ္ဆက္ၿပီး ျမန္မာ့လက္ေရြးစင္ကစားသမားမ်ားျဖစ္သည္အထိ လုပ္ေဆာင္ေပးသြားရန္ရွိေၾကာင္းလည္း သိရသည္။

မႏၱေလးၿမိဳ႕တြင္ လာမည့္ဇြန္လ(၂၉)ရက္၌ MFF Futsal Warrix Cupအလြတ္တန္းၿပိဳင္ပြဲက်င္းပသြားမည္ျဖစ္ၿပီး ယင္းၿပိဳင္ပြဲကို ႏုိင္ငံအႏွံ႔မွ အသင္းေပါင္း(၄၀)ေက်ာ္မွယွဥ္ၿပိဳင္ရန္ စာရင္းေပးသြင္းထားေၾကာင္း သိရသည္။

ျမန္မာႏုိင္ငံတြင္ ဖူဆယ္အားကစားကို ၿပီးခဲ့သည့္ ၂၀၀၂ ခုႏွစ္တြင္ စတင္ခဲ့ျခင္းျဖစ္ၿပီး ျပည္နယ္ႏွင့္တိုင္းမ်ားအလိုက္ ၿပိဳင္ပြဲမ်ားစတင္က်င္းခဲ့ျခင္းလည္း ျဖစ္သည္။

 

ထက္ေ၀လင္း(အကုန္သိသတင္းဌာန)

 

Unicode Version

 

 

ဖူဆယ်အားကစားကို ပရိသတ်စိတ်ဝင်စားမှုများပြားလာပြီဟုဆို

 

မြန်မာနိုင်ငံတွင် ဖူဆယ်အားကစားကို စိတ်ဝင်စားသည့် ပရိသတ်များပြားလာပြီဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ သဲသောင်ပြင်နှင့် ဖူဆယ်ကော်မတီဥက္ကဋ္ဌ ဦးကြည်မင်းသိန်းက ပြောသည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အစည်းအဝေးခန်းမတွင် ဇွန်လ(၂၄)ရက်ကကျင်းပသည့် MFF Futsal WarrixCup ပြိုင်ပွဲစပွန်ဆာစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားတွင် အထက်ပါအတိုင်းပြောခြင်း ဖြစ်သည်။

“ ဖူဆယ်အားကစားကအရင်ကနဲ့မတူတော့ပါဘူး။ ကျွန်တော်တို့ရဲ့ လက်ရွေးစင်အသင်းကရော၊ ကလပ်အသင်းကပါ နိုင်ငံတကာပြိုင်ပွဲတွေမှာအောင်မြင်မှုတွေကဆက်တိုက်ရလာတဲ့အခါကျတော့ ပရိသတ်တွေကလည်းကစားသမားတွေကိုစောင့်ကြည့်လာကြတယ်။ လွန်ခဲ့တဲ့(၁၀)နှစ်ကထက်စာရင် အများကြီးသိသာလာပါတယ်။ အရင်တုန်းကစလုပ်ခါစဆိုတော့ အသင်းတွေကလည်း အုပ်စုပြုတ်တာက များတယ်လေ။ အခု MIU အသင်းဆိုရင် အာဆီယံဖူဆယ်ကလပ်ပြိုင်ပွဲမှာဆို တတိယ(၄)ကြိမ်ရှိပြီ။ လက်ရွေးစင်အသင်းဆိုရင်လည်းအာရှဖူဆယ်ပြိုင်ပွဲမှာအသန့်ရှင်းဆုံးဆုကိုတောင် ရရှိခဲ့ပါတယ်။ ဒါ့ကြောင့်လွန်ခဲ့တဲ့(၁၀)နှစ်ကထက်စာရင် ပရိသတ်စိတ်ဝင်စားမှုပိုပြီးများလာပါပြီ” ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ သဲသောင်ပြင်နှင့် ဖူဆယ်ကော်မတီဥက္ကဋ္ဌ ဦးကြည်မင်းသိန်းက ပြောသည်။

ထို့အပြင် အလွတ်တန်းပြိုင်ပွဲများကျင်းပပေးနေပြီး ယင်းပြိုင်ပွဲမှ ကစားသမားများကို တရားဝင် ကလပ်အသင်းများနှင့် ချိတ်ဆက်ပြီး မြန်မာ့လက်ရွေးစင်ကစားသမားများဖြစ်သည်အထိ လုပ်ဆောင်ပေးသွားရန်ရှိကြောင်းလည်း သိရသည်။

မန္တလေးမြို့တွင် လာမည့်ဇွန်လ(၂၉)ရက်၌ MFF Futsal Warrix Cupအလွတ်တန်းပြိုင်ပွဲကျင်းပသွားမည်ဖြစ်ပြီး ယင်းပြိုင်ပွဲကို နိုင်ငံအနှံ့မှ အသင်းပေါင်း(၄၀)ကျော်မှယှဉ်ပြိုင်ရန် စာရင်းပေးသွင်းထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ဖူဆယ်အားကစားကို ပြီးခဲ့သည့် ၂၀၀၂ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်နှင့်တိုင်းများအလိုက် ပြိုင်ပွဲများစတင်ကျင်းခဲ့ခြင်းလည်း ဖြစ်သည်။

ထက်ဝေလင်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။