Skip to main content
bgw
Ads Block

ပလက္ဝၿမိဳ႕နယ္တြင္ ေဒသခံ ၃၀၀ ဦးေက်ာ္အား ေန႔စားလေပးဆရာအျဖစ္ခန္႔အပ္

 

 

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္တြင္ေနထုိင္သူေဒသခံ ၃၆၀ ဦးကို ေနစားလေပးဆရာအျဖစ္ ခန္႔အပ္ထားေၾကာင္း ပလက္ဝၿမိဳ႕နယ္ပညာေရးမွဴး ဆလုိင္းေအာင္မင္းက ေျပာသည္။

 

ပလက္ဝၿမိဳ႕နယ္၌ ဆရာ၊ ဆရာမလံုးဝမရွိေသာေက်ာင္း ၁၁၈ ေက်ာင္းႏွင့္ ဆရာတစ္ဦးတည္းရွိသည့္ေက်ာင္း ၉၇ ေက်ာင္းရွိေၾကာင္း ပလက္ဝၿမိဳ႕နယ္ပညာေရးမွဴးရုံးမွ သိရသည္။

S

“ ေက်ာင္းမရွိတဲ့ေက်ာင္းကရြာကေဒသခံေတြကိုခန္႔အပ္ပါတယ္။ ရြာမွာခန္႔စရာမရွိဘူးဆုိရင္ အနီးအနားရြာက ေဒသခံေတြခန္႔အပ္ပါတယ္။ ခန္႔တာေတာ့ ခန္႔ၿပီးပါၿပီ။ ေလာေလာဆယ္ေတာ့ ေအာ္ဒါကေတာ့မက်ေသးပါဘူး” ဟု ပလက္ဝၿမိဳ႕နယ္ပညာေရးမွဴး ဆလုိင္းေအာင္မင္းက အကုန္သိသတင္းဌာနသို႔ေျပာသည္။

 

ပလက္ဝၿမိဳ႕နယ္အတြင္း AA လက္နက္ကိုင္အဖြဲ႔ႏွင့္ တပ္မေတာ္အၾကားထိေတြ႔မႈမ်ားျဖစ္ပြားေနၿပီး ယခုပညာသင္ႏွစ္တြင္ လံုၿခံဳေရးအေျခအေနအပါအဝင္ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဆရာဆရာမ ၂၀၀ ေက်ာ္ ေျပာင္းေရြ႕သြားခဲ့သည့္အတြက္ ပလက္ဝၿမိဳ႕နယ္အတြင္း ဆရာ၊ ဆရာမမရွိသည့္ေက်ာင္းမ်ားရွိလာခဲ့ေၾကာင္း သိရသည္။

gvweg

ခ်င္းျပည္နယ္၊ ပလက္ဝၿမိ႕နယ္အတြင္းရွိ အေျခခံေက်ာင္းမ်ားတြင္ မေကြးတုိင္း၊ စစ္ကိုင္းတုိင္း၊ မႏၱေလးတုိင္းမွ ဆရာဆရာမမ်ားက လာေရာက္သင္ၾကားေပးခ့ဲျခင္းျဖစ္ေၾကာင္း သိရသည္။

 

ပလက္ဝၿမိဳ႕နယ္တြင္ အေျခခံေက်ာင္းေပါင္း ၃၇၃ ေက်ာင္းႏွင့္ ဘုန္းေတာ္ႀကီးသင္ပညာေရးေက်ာင္း ၁ ေက်ာင္း ရွိကာ ဆရာ၊ ဆရာမေပါင္း ၁၈၈၄ ဦးရွိေၾကာင္း သိရသည္။

- ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

Unicode Version

ပလက်ဝမြို့နယ်တွင် ဒေသခံ ၃၀၀ ဦးကျော်အား နေ့စားလပေးဆရာအဖြစ်ခန့်အပ်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင်နေထိုင်သူဒေသခံ ၃၆၀ ဦးကို နေစားလပေးဆရာအဖြစ် ခန့်အပ်ထားကြောင်း ပလက်ဝမြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်းက ပြောသည်။

ပလက်ဝမြို့နယ်၌ ဆရာ၊ ဆရာမလုံးဝမရှိသောကျောင်း ၁၁၈ ကျောင်းနှင့် ဆရာတစ်ဦးတည်းရှိသည့်ကျောင်း ၉၇ ကျောင်းရှိကြောင်း ပလက်ဝမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

“ ကျောင်းမရှိတဲ့ကျောင်းကရွာကဒေသခံတွေကိုခန့်အပ်ပါတယ်။ ရွာမှာခန့်စရာမရှိဘူးဆိုရင် အနီးအနားရွာက ဒေသခံတွေခန့်အပ်ပါတယ်။ ခန့်တာတော့ ခန့်ပြီးပါပြီ။ လောလောဆယ်တော့ အော်ဒါကတော့မကျသေးပါဘူး” ဟု ပလက်ဝမြို့နယ်ပညာရေးမှူး ဆလိုင်းအောင်မင်းက အကုန်သိသတင်းဌာနသို့ပြောသည်။

ပလက်ဝမြို့နယ်အတွင်း AA လက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်အကြားထိတွေ့မှုများဖြစ်ပွားနေပြီး ယခုပညာသင်နှစ်တွင် လုံခြုံရေးအခြေအနေအပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ဆရာဆရာမ ၂၀၀ ကျော် ပြောင်းရွေ့သွားခဲ့သည့်အတွက် ပလက်ဝမြို့နယ်အတွင်း ဆရာ၊ ဆရာမမရှိသည့်ကျောင်းများရှိလာခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်၊ ပလက်ဝမြိ့နယ်အတွင်းရှိ အခြေခံကျောင်းများတွင် မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းမှ ဆရာဆရာမများက လာရောက်သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပလက်ဝမြို့နယ်တွင် အခြေခံကျောင်းပေါင်း ၃၇၃ ကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ၁ ကျောင်း ရှိကာ ဆရာ၊ ဆရာမပေါင်း ၁၈၈၄ ဦးရှိကြောင်း သိရသည်။

- ချမ်းငြိမ်း(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။