Skip to main content
gw
Ads Block

ေလယာဥ္ေပၚ အိပ္ေပ်ာ္ေနခဲ့သူတစ္ဦး ခရီးသည္အားလုံးဆင္းသြားၿပီးေနာက္ တစ္ေယာက္တည္းက်န္ခဲ့ကာ ညသန္းေခါင္မွ ႏိုးလာခဲ့

ကေနဒါ ေလေၾကာင္းလုိင္းေလယာဥ္တစ္စင္းနဲ ့လုိက္ပါခဲ့တဲ့ ခရီးသည္အမ်ဳိးသမီးတစ္ဦးဟာ တုိရြန္တုိေလဆိပ္မွာ ေလယာဥ္ဆင္းသက္ၿပီး ခရီးသည္ေတြအားလုံး ဆင္းသြားခဲ့ခ်ိန္ထိ အိပ္ေပ်ာ္ေနခဲ့ကာ ေလယာဥ္ေပၚတစ္ေယာက္တည္းက်န္ခဲ့ရင္း ညသန္းေခါင္အခ်ိန္ ေမွာင္ေမွာင္မည္းမည္းအတြင္း အိပ္ေပ်ာ္ရာက ႏိုးလာခဲ့ေၾကာင္း သိရပါတယ္။

fqa

ယင္းျဖစ္ရပ္ ျဖစ္ခဲ့ေၾကာင္း ကေနဒါေလေၾကာင္းလုိင္းက အတည္ျပဳေျပာဆုိခဲ့ကာ ျဖစ္စဥ္ကုိ စုံစမ္းစစ္ေဆးေနတယ္လုိ ့ ဆုိခဲ့ပါတယ္။

က်န္ရစ္ခ့ဲတ့ဲ ခရီးသည္ျဖစ္သူ တစ္ဖနီ အဒမ္စ္ က ေဖ့စ္ဘုတ္မွာ ပုိ ့စ္တစ္ခုတင္ခဲ့ရာမွာ သူဟာ ကြီဘက္ကေန တုိရြန္တုိၿမိဳ ့ကုိ ပ်ံသန္းခဲ့တဲ့ ေလယာဥ္ေပၚ လုိက္ပါခဲ့ကာ လမ္းတ၀က္အေရာက္ မိနစ္ ၉၀ ၾကာ ခရီးတစ္ေလၽွ်ာက္လုံး အိပ္ေပ်ာ္သြားခဲ့ေၾကာင္း ဆုိခဲ့ပါတယ္။ ေလယာဥ္ဆင္းၿပီး နာရီအနည္းငယ္အၾကာ ညသန္းေခါင္ ၀န္းက်င္ေလာက္မွာ သူႏုိးလာခဲ့ကာ ေမွာင္အတိထဲမွာ ထုိင္ခုံေပၚ ခါးပတ္ပတ္လ်က္ရွိေနေသးၿပီး ေအးစိမ့္ေနခဲ့တယ္လုိ ့မစၥ အဒမ္စ္ က ေျပာဆုိခဲ့ပါတယ္။

သူ ေလယာဥ္ေပၚမွာ ျဖစ္ပ်က္ေနတဲ့ အေျခအေနကုိ သူငယ္ခ်င္းျဖစ္သူ ႏုိလ္ဒဲလ္ကုိ အေၾကာင္းၾကား ႏုိင္ခဲ့ၿပီးေနာက္ ဖုန္းအားကုန္သြားခဲ့တယ္လုိ ့ မစၥအဒမ္စ္က ေျပာပါတယ္။ ေလယာဥ္ေပၚမွာလည္း လွ်ပ္စစ္မီး မရွိေတာ့တာေၾကာင့္ သူ ့ဖုန္းကုိ အားသြင္းလုိ ့မရခဲ့ပါဘူး။ အိပ္မက္ဆုိးတစ္ခုအတြင္း ေရာက္သလုိျဖစ္ေနခဲ့ကာ အသက္ မွန္မွန္ရႈရင္း ေၾကာက္စိတ္ကုိ ထိန္းခဲ့ရတယ္လုိ ့ မစၥအဒမ္စ္က ဖြင့္ဟခဲ့ပါတယ္။ ယင္းေနာက္ ေလယာဥ္ေမာင္းခန္းထဲကေတြ ့တဲ့ ဓါတ္မီးတစ္လက္နဲ ့ ေလယာဥ္ျပတင္းအျပင္ကုိ အကူအညီေတာင္းတဲ့ အခ်က္ျပခဲ့ပါတယ္။

ေနာက္ဆုံးမွာေတာ့ မစၥအဒမ္စ္ကုိ ခရီးေဆာင္အိတ္ဌာနမွ ၀န္ထမ္းတစ္ဦးက ေတြ ့ရွိခဲ့ကာ ေလယာဥ္ တံခါးကုိ ဖြင့္ေပးခဲ့ေၾကာင္း သိရပါတယ္။

၄င္းက အံ့အားသင့္ေနခဲ့ကာ ေလယာဥ္ေပၚ မိမိကုိ ဘယ္လုိျဖစ္ၿပီး တစ္ေယာက္တည္း ထားရစ္ခဲ့ၾကတာလည္းလုိ ့ ေရရြတ္ေနခဲ့ေၾကာင္း သူက ျပန္ေျပာင္းေျပာျပခဲ့ပါတယ္။ ေလေၾကာင္းလုိင္းက သူ႔ကုိ ဇိမ္ခံကားေပၚတင္ၿပီး ဟုိတယ္မွာတည္းခုိဖုိ႔ ကမ္းလွမ္းခဲ့ေပမယ့္ ျငင္းပယ္ခဲ့ကာ အိမ္ပဲ ျပန္မယ္လုိ ့ ေျပာခဲ့ပါတယ္။

အခုျဖစ္စဥ္နဲ ့ပတ္သက္လုိ ့ မိမိတုိ ့ေတြ ျပန္လည္စစ္ေဆးမႈလုပ္ေနတာေၾကာင့္ အေသးစိတ္ ထုတ္ျပန္ဖုိ ့မရွိေသးပါေၾကာင္း၊ ခရီးသည္ကုိ ဆက္သြယ္ကာ ေမးျမန္းစုံစမ္းမႈေတြလုပ္ေနေၾကာင္း ေလေၾကာင္းလုိင္းက ေျပာဆုိခဲ့ပါတယ္။

CNA

Unicode Version

လေယာဉ်ပေါ် အိပ်ပျော်နေခဲ့သူတစ်ဦး ခရီးသည်အားလုံးဆင်းသွားပြီးနောက် တစ်ယောက်တည်းကျန်ခဲ့ကာ ညသန်းခေါင်မှ နိုးလာခဲ့

ကနေဒါ လေကြောင်းလိုင်းလေယာဉ်တစ်စင်းနဲ့လိုက်ပါခဲ့တဲ့ ခရီးသည်အမျိုးသမီးတစ်ဦးဟာ တိုရွန်တိုလေဆိပ်မှာ လေယာဉ်ဆင်းသက်ပြီး ခရီးသည်တွေအားလုံး ဆင်းသွားခဲ့ချိန်ထိ အိပ်ပျော်နေခဲ့ကာ လေယာဉ်ပေါ်တစ်ယောက်တည်းကျန်ခဲ့ရင်း ညသန်းခေါင်အချိန် မှောင်မှောင်မည်းမည်းအတွင်း အိပ်ပျော်ရာက နိုးလာခဲ့ကြောင်း သိရပါတယ်။

ယင်းဖြစ်ရပ် ဖြစ်ခဲ့ကြောင်း ကနေဒါလေကြောင်းလိုင်းက အတည်ပြုပြောဆိုခဲ့ကာ ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ ဆိုခဲ့ပါတယ်။

ကျန်ရစ်ခဲ့တဲ့ ခရီးသည်ဖြစ်သူ တစ်ဖနီ အဒမ်စ် က ဖေ့စ်ဘုတ်မှာ ပို့စ်တစ်ခုတင်ခဲ့ရာမှာ သူဟာ ကွီဘက်ကနေ တိုရွန်တိုမြို့ကို ပျံသန်းခဲ့တဲ့ လေယာဉ်ပေါ် လိုက်ပါခဲ့ကာ လမ်းတဝက်အရောက် မိနစ် ၉၀ ကြာ ခရီးတစ်လျျှောက်လုံး အိပ်ပျော်သွားခဲ့ကြောင်း ဆိုခဲ့ပါတယ်။ လေယာဉ်ဆင်းပြီး နာရီအနည်းငယ်အကြာ ညသန်းခေါင် ဝန်းကျင်လောက်မှာ သူနိုးလာခဲ့ကာ မှောင်အတိထဲမှာ ထိုင်ခုံပေါ် ခါးပတ်ပတ်လျက်ရှိနေသေးပြီး အေးစိမ့်နေခဲ့တယ်လို့မစ္စ အဒမ်စ် က ပြောဆိုခဲ့ပါတယ်။

သူ လေယာဉ်ပေါ်မှာ ဖြစ်ပျက်နေတဲ့ အခြေအနေကို သူငယ်ချင်းဖြစ်သူ နိုလ်ဒဲလ်ကို အကြောင်းကြား နိုင်ခဲ့ပြီးနောက် ဖုန်းအားကုန်သွားခဲ့တယ်လို့ မစ္စအဒမ်စ်က ပြောပါတယ်။ လေယာဉ်ပေါ်မှာလည်း လျှပ်စစ်မီး မရှိတော့တာကြောင့် သူ့ဖုန်းကို အားသွင်းလို့မရခဲ့ပါဘူး။ အိပ်မက်ဆိုးတစ်ခုအတွင်း ရောက်သလိုဖြစ်နေခဲ့ကာ အသက် မှန်မှန်ရှုရင်း ကြောက်စိတ်ကို ထိန်းခဲ့ရတယ်လို့ မစ္စအဒမ်စ်က ဖွင့်ဟခဲ့ပါတယ်။ ယင်းနောက် လေယာဉ်မောင်းခန်းထဲကတွေ့တဲ့ ဓါတ်မီးတစ်လက်နဲ့ လေယာဉ်ပြတင်းအပြင်ကို အကူအညီတောင်းတဲ့ အချက်ပြခဲ့ပါတယ်။

နောက်ဆုံးမှာတော့ မစ္စအဒမ်စ်ကို ခရီးဆောင်အိတ်ဌာနမှ ဝန်ထမ်းတစ်ဦးက တွေ့ရှိခဲ့ကာ လေယာဉ် တံခါးကို ဖွင့်ပေးခဲ့ကြောင်း သိရပါတယ်။

၎င်းက အံ့အားသင့်နေခဲ့ကာ လေယာဉ်ပေါ် မိမိကို ဘယ်လိုဖြစ်ပြီး တစ်ယောက်တည်း ထားရစ်ခဲ့ကြတာလည်းလို့ ရေရွတ်နေခဲ့ကြောင်း သူက ပြန်ပြောင်းပြောပြခဲ့ပါတယ်။ လေကြောင်းလိုင်းက သူ့ကို ဇိမ်ခံကားပေါ်တင်ပြီး ဟိုတယ်မှာတည်းခိုဖို့ ကမ်းလှမ်းခဲ့ပေမယ့် ငြင်းပယ်ခဲ့ကာ အိမ်ပဲ ပြန်မယ်လို့ ပြောခဲ့ပါတယ်။

အခုဖြစ်စဉ်နဲ့ပတ်သက်လို့ မိမိတို့တွေ ပြန်လည်စစ်ဆေးမှုလုပ်နေတာကြောင့် အသေးစိတ် ထုတ်ပြန်ဖို့မရှိသေးပါကြောင်း၊ ခရီးသည်ကို ဆက်သွယ်ကာ မေးမြန်းစုံစမ်းမှုတွေလုပ်နေကြောင်း လေကြောင်းလိုင်းက ပြောဆိုခဲ့ပါတယ်။

CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။