Skip to main content
wgw
Ads Block

ဘ႑ာလည္း တုိး ၊ ျပည္ပပညာရွင္လည္း ရရွိမယ့္ ေနထုိင္ခြင့္အစီအစဥ္ကုိ ေဆာ္္ဒီ စတင္ေဖာ္ေဆာင္

ေဆာ္ဒီအာေရဗ်ႏုိင္ငံဟာ ႏုိင္ငံအတြက္လည္း ဘ႑ာတုိးပြားေစၿပီး ျပည္ပပညာရွင္ေတြကုိ ဖိတ္ေခၚ အားေပးရာလည္းေရာက္တဲ့ အထူးေနထုိင္ခြင့္အစီအစဥ္တစ္ရပ္ကုိ ဇြန္ ၂၃ ရက္ေန႔မွာ စတင္ ေဖာ္ေဆာင္လုိက္ၿပီ ျဖစ္ပါတယ္။

egw

 

အဆုိပါအစီအစဥ္မွာ ေနထုိင္ခြင့္ပုံစံ ၂ မ်ိဳးရွိၿပီး အၿမဲတမ္းေနထုိင္ခြင့္နဲ႔ ႏွစ္စဥ္ေၾကးသြင္း ေနထုိင္ခြင့္တုိ႔ ျဖစ္ၾကပါတယ္။ ႏွစ္စဥ္ေၾကးသြင္း ေနထုိင္ခြင့္မွာေတာ့ လာေရာက္ေနထုိင္သူ တုိင္းတစ္ပါးသားေတြ ထံမွ တစ္ႏွစ္လွ်င္ ေဆာ္ဒီေငြ ရီယယ္ ၁ သိန္း (ကန္ေဒၚလာ ၂၆,၀၀၀ ေက်ာ္) ေကာက္ခံမွာ ျဖစ္ပါတယ္။ ရီယယ္ ၈ သိန္း (ကန္ေဒၚလာ ၂၁၃,၀၀၀ ေက်ာ္) ေပးသြင္းရင္ေတာ့ အၿမဲတမ္းေနထုိင္ခြင့္ ရရွိမွာပါ။

h3

ထုိသုိ႔နည္းျဖင့္ ေနထုိင္ခြင့္ရသူဟာ ႏုိင္ငံတြင္းမွာ လြတ္လပ္စြာ သြားလာႏုိင္တဲ့အျပင္ အိမ္ျခံေျမနဲ႔ စီးပြားေရးလုပ္ငန္းမ်ားလည္း ပုိင္ဆုိင္၊ လုပ္ကုိင္ႏုိင္တယ္လုိ႔ ဆုိပါတယ္။ Green Card စနစ္နဲ႔ အလားသ႑ာန္တူတဲ့ ၄င္းအစီအစဥ္ကုိ ေဆာ္ဒီအစုိးရက ယမန္လမွာ ခြင့္ျပဳေပးခဲ့ေပမယ့္ ဇြန္ ၂၃ ရက္ တနဂၤေႏြေန႔က်မွ အြန္လုိင္း ေလွ်ာက္လႊာလက္ခံေရး WebSite ဖြင့္လွစ္ၿပီး အေကာင္အထည္ ေဖာ္ခဲ့ၾကပါတယ္။

 

ေဆာ္ဒီအာေရဗ်မွာ ကၽြမ္းက်င္ျပည္ပလုပ္သား ၁၀ သန္းခန္႔ရွိရာ စနစ္အရ ၄င္းတုိ႔ဟာ ေဆာ္ဒီ ႏုိင္ငံသားအလုပ္ရွင္ရဲ႕ ေထာက္ပံ့ျဖည့္ဆည္းခံ ျဖစ္ရန္လုိအပ္ၿပီး ႏုိင္ငံမွ ထြက္ခြာလုိပါက ထြက္ခြာနဲ႔ ျပည္ျပန္ဝင္ဗီဇာမ်ား ရရွိရန္ လုိအပ္ပါတယ္။

 

(Ref : Reuters)

Unicode Version

ဘဏ္ဍာလည်း တိုး ၊ ပြည်ပပညာရှင်လည်း ရရှိမယ့် နေထိုင်ခွင့်အစီအစဉ်ကို ဆော်ဒီ စတင်ဖော်ဆောင်

ဆော်ဒီအာရေဗျနိုင်ငံဟာ နိုင်ငံအတွက်လည်း ဘဏ္ဍာတိုးပွားစေပြီး ပြည်ပပညာရှင်တွေကို ဖိတ်ခေါ် အားပေးရာလည်းရောက်တဲ့ အထူးနေထိုင်ခွင့်အစီအစဉ်တစ်ရပ်ကို ဇွန် ၂၃ ရက်နေ့မှာ စတင် ဖော်ဆောင်လိုက်ပြီ ဖြစ်ပါတယ်။

အဆိုပါအစီအစဉ်မှာ နေထိုင်ခွင့်ပုံစံ ၂ မျိုးရှိပြီး အမြဲတမ်းနေထိုင်ခွင့်နဲ့ နှစ်စဉ်ကြေးသွင်း နေထိုင်ခွင့်တို့ ဖြစ်ကြပါတယ်။ နှစ်စဉ်ကြေးသွင်း နေထိုင်ခွင့်မှာတော့ လာရောက်နေထိုင်သူ တိုင်းတစ်ပါးသားတွေ ထံမှ တစ်နှစ်လျှင် ဆော်ဒီငွေ ရီယယ် ၁ သိန်း (ကန်ဒေါ်လာ ၂၆,၀၀၀ ကျော်) ကောက်ခံမှာ ဖြစ်ပါတယ်။ ရီယယ် ၈ သိန်း (ကန်ဒေါ်လာ ၂၁၃,၀၀၀ ကျော်) ပေးသွင်းရင်တော့ အမြဲတမ်းနေထိုင်ခွင့် ရရှိမှာပါ။

ထိုသို့နည်းဖြင့် နေထိုင်ခွင့်ရသူဟာ နိုင်ငံတွင်းမှာ လွတ်လပ်စွာ သွားလာနိုင်တဲ့အပြင် အိမ်ခြံမြေနဲ့ စီးပွားရေးလုပ်ငန်းများလည်း ပိုင်ဆိုင်၊ လုပ်ကိုင်နိုင်တယ်လို့ ဆိုပါတယ်။ Green Card စနစ်နဲ့ အလားသဏ္ဍာန်တူတဲ့ ၎င်းအစီအစဉ်ကို ဆော်ဒီအစိုးရက ယမန်လမှာ ခွင့်ပြုပေးခဲ့ပေမယ့် ဇွန် ၂၃ ရက် တနင်္ဂနွေနေ့ကျမှ အွန်လိုင်း လျှောက်လွှာလက်ခံရေး WebSite ဖွင့်လှစ်ပြီး အကောင်အထည် ဖော်ခဲ့ကြပါတယ်။

ဆော်ဒီအာရေဗျမှာ ကျွမ်းကျင်ပြည်ပလုပ်သား ၁၀ သန်းခန့်ရှိရာ စနစ်အရ ၎င်းတို့ဟာ ဆော်ဒီ နိုင်ငံသားအလုပ်ရှင်ရဲ့ ထောက်ပံ့ဖြည့်ဆည်းခံ ဖြစ်ရန်လိုအပ်ပြီး နိုင်ငံမှ ထွက်ခွာလိုပါက ထွက်ခွာနဲ့ ပြည်ပြန်ဝင်ဗီဇာများ ရရှိရန် လိုအပ်ပါတယ်။

(Ref : Reuters)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။