Skip to main content
qefg
Ads Block

Facebook ၌ Group ဖြဲ႔၍ စုမဲစနစ္ျဖင့္ ေငြေၾကးလိမ္လည္မႈျဖစ္ပြား

တနသၤာရီတိုင္းေဒသႀကီ၊ ၿမိတ္ၿမိဳ႕၌ ဆက္သြယ္ေရးနည္းပညာကိုအသံုးျပဳ၍ ရင္းႏွီးသူမ်ားကိုစုမဲေငြစုစနစ္ျဖင့္ ေငြေၾကးလိမ္လည္မႈ ျဖစ္ပြားခဲ့ေၾကာင္းတုိင္းရဲတပ္ဖြဲ႔၏သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

ျဖစ္စဥ္မွာ ၿမိတ္ၿမိဳ႕၊ ျမစ္ငယ္ရပ္ကြက္၊ ေ၀ဘာဂီလမ္းေန အသက္(၃၀)ရွိမေႏြးေႏြးစံသည္ သူငယ္ခ်င္း ၀ါ၀ါေအာင္၏ မိတ္ဆက္ေပးမႈျဖင့္ အလယ္ကြ်န္းနယ္ေျမပါရမီ(၁)ရပ္ကြက္ေန မဖူးပြင့္လိႈင္၊ (၃၀)ႏွစ္ကို လြန္ခဲ့ေသာ ၉ လခန္႔ကတည္းကရင္းႏွီးခင္မင္ခဲ့ေၾကာင္းသိရသည္။

မဖူးပြင့္လိႈင္သည္ PwintHlaing Facebook အေကာင့္ကိုအသံုးျပဳ၍ PPH အျမတ္မဲအမည္ျဖင့္ Group ဖြဲ႔ကာ ေငြစုမဲေရာင္းျခင္း၀ယ္ျခင္း၊ စုမဲမ်ားစုျခင္းစသည့္အလုပ္မ်ားဦးစီး၍ ေငြေကာက္သည့္အလုပ္(ဒုိင္)အျဖစ္ တာ၀န္ယူေဆာင္ေနသူတစ္ဦးျဖစ္ေၾကာင္း ရဲမွတ္တမ္းအရသိရသည္။

ထို႔ေၾကာင့္ မေႏြးေႏြးစံသည္လည္း ၄င္း၏ Nway San Facebook အေကာင့္ျဖင့္မဖူးပြင့္လိႈင္ဖြဲ႕ထားေသာ PPH Group သို႔၀င္ေရာက္ခ်ိတ္ဆက္ကာ စုမဲ(၇)စုထည့္၀င္ခဲ့ၿပီးေငြစုမဲမ်ားအတြက္ ထည့္၀င္ရမည့္ေငြမ်ားကို ၂၀၁၉ ခုႏွစ္၊ မတ္လ ၈ ရက္မွ ၂၄ ရက္အထိက်ပ္ ၂၄ သိန္း ၃ ေသာင္းကို KBZPayMobileBanking ျဖင့္ မဖူးပြင့္လႈိင္ ကုိင္ေဆာင္ေသာဖုန္းသို႔ လႊဲေပးခဲ့ေၾကာင္း တိုင္ၾကားခ်က္အရသိရသည္။

၄င္းေနာက္မေႏြးေႏြးစံသည္ ေငြစုမဲ(၁၄)စုကိုရရွိခဲ့ၿပီးမတ္လ ၁၅ ရက္မွ ၂၈ ရက္အထိစုမဲမ်ားအတြက္ အခ်ိဳးက်သတ္မွတ္ထားေသာထည့္၀င္ရမည့္ေငြ ၄၇၀,၀၀၀ က်ပ္ကိုမဖူးပြင့္လိႈင္ထံသို႔ ထပ္မံလႊဲေပးခဲ့ေၾကာင္း၊ ယင္းအတြက္လႊဲေပးခဲ့ရသည့္ ေငြေပါင္းမွာ ၂၉ သိန္းက်ပ္ဖိုးရွိၿပီးစုမဲမ်ား၏ အျမတ္ေငြမ်ားကို သတ္မွတ္ရက္မ်ားတြင္ ျပန္လည္ရရွိျခင္းမရွိခဲ့ရာမွ ယင္းေငြမ်ားကိုမဖူးပြင့္လိႈင္က အလြဲသံုးစား ျပဳလုပ္ေၾကာင္း သိရွိသြားသျဖင့္ ဇြန္လ ၂၃ ရက္တြင္ တုိင္ၾကားခဲ့ျခင္းျဖစ္သည္။

ထို႔ေၾကာင့္ မဖူးပြင့္လိႈင္၊ (၃၀)ႏွစ္ကိုဖမ္းဆီး၍ ၿမိတ္ၿမိဳ႕မရဲစခန္း၌ (ပ)၁၇၀၁/၂၀၁၉၊ ဆက္သြယ္ေရးဥပေဒပုဒ္မ-၆၆(ဂ)ျဖင့္ အမႈဖြင့္ထားေၾကာင္း တနသၤာရီတိုင္းရဲတပ္ဖြဲ႔၏ သတင္းထုတ္ျပန္ခ်က္အရ သိရသည္။

 

ဒါးဇ(အကုန္သိသတင္းဌာန)

 

Unicode Version

 

 

Facebook ၌ Group ဖွဲ့၍ စုမဲစနစ်ဖြင့် ငွေကြေးလိမ်လည်မှုဖြစ်ပွား

 

တနင်္သာရီတိုင်းဒေသကြီ၊ မြိတ်မြို့၌ ဆက်သွယ်ရေးနည်းပညာကိုအသုံးပြု၍ ရင်းနှီးသူများကိုစုမဲငွေစုစနစ်ဖြင့် ငွေကြေးလိမ်လည်မှု ဖြစ်ပွားခဲ့ကြောင်းတိုင်းရဲတပ်ဖွဲ့၏သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ မြိတ်မြို့၊ မြစ်ငယ်ရပ်ကွက်၊ ဝေဘာဂီလမ်းနေ အသက်(၃၀)ရှိမနွေးနွေးစံသည် သူငယ်ချင်း ဝါဝါအောင်၏ မိတ်ဆက်ပေးမှုဖြင့် အလယ်ကျွန်းနယ်မြေပါရမီ(၁)ရပ်ကွက်နေ မဖူးပွင့်လှိုင်၊ (၃၀)နှစ်ကို လွန်ခဲ့သော ၉ လခန့်ကတည်းကရင်းနှီးခင်မင်ခဲ့ကြောင်းသိရသည်။

မဖူးပွင့်လှိုင်သည် PwintHlaing Facebook အကောင့်ကိုအသုံးပြု၍ PPH အမြတ်မဲအမည်ဖြင့် Group ဖွဲ့ကာ ငွေစုမဲရောင်းခြင်းဝယ်ခြင်း၊ စုမဲများစုခြင်းစသည့်အလုပ်များဦးစီး၍ ငွေကောက်သည့်အလုပ်(ဒိုင်)အဖြစ် တာဝန်ယူဆောင်နေသူတစ်ဦးဖြစ်ကြောင်း ရဲမှတ်တမ်းအရသိရသည်။

ထို့ကြောင့် မနွေးနွေးစံသည်လည်း ၎င်း၏ Nway San Facebook အကောင့်ဖြင့်မဖူးပွင့်လှိုင်ဖွဲ့ထားသော PPH Group သို့ဝင်ရောက်ချိတ်ဆက်ကာ စုမဲ(၇)စုထည့်ဝင်ခဲ့ပြီးငွေစုမဲများအတွက် ထည့်ဝင်ရမည့်ငွေများကို ၂၀၁၉ ခုနှစ်၊ မတ်လ ၈ ရက်မှ ၂၄ ရက်အထိကျပ် ၂၄ သိန်း ၃ သောင်းကို KBZPayMobileBanking ဖြင့် မဖူးပွင့်လှိုင် ကိုင်ဆောင်သောဖုန်းသို့ လွှဲပေးခဲ့ကြောင်း တိုင်ကြားချက်အရသိရသည်။

၎င်းနောက်မနွေးနွေးစံသည် ငွေစုမဲ(၁၄)စုကိုရရှိခဲ့ပြီးမတ်လ ၁၅ ရက်မှ ၂၈ ရက်အထိစုမဲများအတွက် အချိုးကျသတ်မှတ်ထားသောထည့်ဝင်ရမည့်ငွေ ၄၇၀,၀၀၀ ကျပ်ကိုမဖူးပွင့်လှိုင်ထံသို့ ထပ်မံလွှဲပေးခဲ့ကြောင်း၊ ယင်းအတွက်လွှဲပေးခဲ့ရသည့် ငွေပေါင်းမှာ ၂၉ သိန်းကျပ်ဖိုးရှိပြီးစုမဲများ၏ အမြတ်ငွေများကို သတ်မှတ်ရက်များတွင် ပြန်လည်ရရှိခြင်းမရှိခဲ့ရာမှ ယင်းငွေများကိုမဖူးပွင့်လှိုင်က အလွဲသုံးစား ပြုလုပ်ကြောင်း သိရှိသွားသဖြင့် ဇွန်လ ၂၃ ရက်တွင် တိုင်ကြားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် မဖူးပွင့်လှိုင်၊ (၃၀)နှစ်ကိုဖမ်းဆီး၍ မြိတ်မြို့မရဲစခန်း၌ (ပ)၁၇၀၁/၂၀၁၉၊ ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဂ)ဖြင့် အမှုဖွင့်ထားကြောင်း တနင်္သာရီတိုင်းရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဒါးဇ(အကုန်သိသတင်းဌာန)

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။