Skip to main content
wehgw
Ads Block

အီရန္ ဒုံးပစ္လႊတ္ေရးစနစ္ေတြကုိ အေမရိကန္က ဆုိက္ဘာတုိက္ခုိက္ခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဟု အီရန္၀န္ႀကီး ေျပာ

       အီရန္ ပစ္မွတ္ေတြကုိ အေမရိကန္က ဆုိက္ဘာတုိက္ခုိက္မႈလုပ္ခဲ့ေပမယ့္ မေအာင္ျမင္ခဲ့ဘူးလုိ႔ အီရန္ တယ္လီကြန္း၀န္ႀကီးက ေျပာဆုိလုိက္ပါတယ္။ အီရန္ရဲ႕ ဒုံးပစ္လႊတ္ေရးစနစ္ေတြ အားေပ်ာ့သြားေစေရး ရည္ရြယ္ကာ ပင္တဂြန္က ေရရွည္ဆုိက္ဘာတုိက္ခုိက္မႈအစီအမံ စတင္ေနၿပီဆုိတဲ့ သတင္းေတြ ထြက္လာတဲ့ အခ်ိန္မွာပဲ အီရန္၀န္ႀကီးက ယင္းသုိ ့ေျပာဆုိလုိက္တာျဖစ္ပါတယ္။

gerhy

 

             အေမရိကန္ ဒရုန္းတစ္စင္း ပစ္ခ်ခံလုိက္ရမႈအတြက္ အီရန္ကုိ လက္တံု႔ျပန္ တုိက္ခုိက္မယ့္ အစီအစဥ္ကုိ မိနစ္ပုိင္းအလုိမွ အမိန္ ့ျပန္ရုပ္သိမ္းခဲ့တာျဖစ္ေၾကာင္း ေသာၾကာေန႔မွာ သမၼတ ေဒၚနယ္ထရန္႔က ေျပာခဲ့ၿပီးေနာက္ ကာလၾကာရွည္ ရန္ဘက္ျဖစ္ေနတဲ့ အီရန္နဲ႔ အေမရိကန္ျပည္ေထာင္စုအၾကား တင္းမာမႈေတြ ဆက္လက္ ျမင့္တက္ေနခဲ့တာပါ။

          ပင္တဂြန္ဟာ ဆုိက္ဘာတုိက္ခုိက္မႈ ေရရွည္အစီအမံတစ္ခုကို စတင္ေနေၾကာင္း ေထာက္လွမ္းေရး အရာရွိေဟာင္းေတြကုိ ကုိးကားကာ Yahoo သတင္းက ၾကာသပေတးေန ့မွာ ေဖာ္ျပခဲ့ပါတယ္။ ယင္း ဆုိက္ဘာတုိက္ခုိက္မႈဟာ အီရန္ရဲ႕ ေရာ့ကက္ပစ္လႊတ္ေရးစနစ္ေတြကုိ အားေပ်ာ့သြားေစဖုိ႔ျဖစ္ေၾကာင္း ၀ါရွင္တန္ပုိ႔စ္သတင္းစာက စေနေန႔မွာ ေဖာ္ျပခဲ့ပါတယ္။

        “သူတုိ ့ေတြ ခက္ခက္ခဲခဲ ႀကဳိးစားခဲ့ပါတယ္။ ဒါေပမဲ့ ေအာင္ျမင္တဲ့ တုိက္ခုိက္မႈမျဖစ္ခဲ့ပါဘူး” လုိ ့ အီရန္ႏုိင္ငံ သတင္းအခ်က္အလက္နဲ႔ဆက္သြယ္ေရး နည္းပညာ၀န္ႀကီး မုိဟာမက္ ဂ်ာဗက္ ေအဇာရီ ဂ်ာ့ရုိမီ က တြစ္တာမွာ ေျပာဆုိခဲ့ပါတယ္။

             အီရန္ ကြန္ပ်ဴတာကြန္ရက္ေတြကုိ တုိက္ခုိက္မႈေတြဟာ ဆုိက္ဘာအၾကမ္းဖက္မႈျဖစ္ေၾကာင္း Stuxnet ဗုိင္းရပ္စ္နဲ ့တုိက္ခုိက္မႈကုိ ရည္ညႊန္းကာ ေအဇာရီ ဂ်ာ့ရုမီက ေျပာဆုိပါတယ္။ ယင္း ဗုိင္းရပ္စ္ဟာ ၂၀၀၇ ခုႏွစ္ ႏုိင္၀င္ဘာလအတြင္းက အီရန္ရဲ႕ ႏ်ဴးကလီးယားစက္ရုံေတြကုိ ပစ္မွတ္ထားတဲ့ စက္မႈ လုပ္ငန္းေတြကုိ တုိက္ခုိက္ရာမွာသုံးခဲ့တဲ့ ဗုိင္းရပ္စ္အျဖစ္ ပထမဆုံး လူသိမ်ားခ့ဲပါတယ္။ Stuxnet ဗုိင္းရပ္စ္ကုိ အေမရိကန္နဲ ့အစၥေရးတုိ ့က ဖန္တီးခဲ့တာလုိ ့ က်ယ္က်ယ္ျပန္႔ျပန္႔ယုံၾကည္ထားၾကပါတယ္။ အီရန္ႏုိင္ငံ နာတန္ ့ဇ္ၿမိဳ ့က ယူေရနီယံသန္႔စင္စက္ရုံတစ္ခုကုိ ဆုိက္ဘာတုိက္ခုိက္ရာမွာ သုံးခဲ့ၿပီးေနာက္၂၀၁၀ ခုႏွစ္မွာ ယင္းဗုိင္းရပ္စ္ကုိ ေဖာ္ထုတ္ႏုိင္ခဲ့ပါတယ္။

Reuters

 

Unicode Version

 

 

အီရန် ဒုံးပစ်လွှတ်ရေးစနစ်တွေကို အမေရိကန်က ဆိုက်ဘာတိုက်ခိုက်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဟု အီရန်ဝန်ကြီး ပြော

       အီရန် ပစ်မှတ်တွေကို အမေရိကန်က ဆိုက်ဘာတိုက်ခိုက်မှုလုပ်ခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့ အီရန် တယ်လီကွန်းဝန်ကြီးက ပြောဆိုလိုက်ပါတယ်။ အီရန်ရဲ့ ဒုံးပစ်လွှတ်ရေးစနစ်တွေ အားပျော့သွားစေရေး ရည်ရွယ်ကာ ပင်တဂွန်က ရေရှည်ဆိုက်ဘာတိုက်ခိုက်မှုအစီအမံ စတင်နေပြီဆိုတဲ့ သတင်းတွေ ထွက်လာတဲ့ အချိန်မှာပဲ အီရန်ဝန်ကြီးက ယင်းသို့ပြောဆိုလိုက်တာဖြစ်ပါတယ်။

             အမေရိကန် ဒရုန်းတစ်စင်း ပစ်ချခံလိုက်ရမှုအတွက် အီရန်ကို လက်တုံ့ပြန် တိုက်ခိုက်မယ့် အစီအစဉ်ကို မိနစ်ပိုင်းအလိုမှ အမိန့်ပြန်ရုပ်သိမ်းခဲ့တာဖြစ်ကြောင်း သောကြာနေ့မှာ သမ္မတ ဒေါ်နယ်ထရန့်က ပြောခဲ့ပြီးနောက် ကာလကြာရှည် ရန်ဘက်ဖြစ်နေတဲ့ အီရန်နဲ့ အမေရိကန်ပြည်ထောင်စုအကြား တင်းမာမှုတွေ ဆက်လက် မြင့်တက်နေခဲ့တာပါ။

          ပင်တဂွန်ဟာ ဆိုက်ဘာတိုက်ခိုက်မှု ရေရှည်အစီအမံတစ်ခုကို စတင်နေကြောင်း ထောက်လှမ်းရေး အရာရှိဟောင်းတွေကို ကိုးကားကာ Yahoo သတင်းက ကြာသပတေးနေ့မှာ ဖော်ပြခဲ့ပါတယ်။ ယင်း ဆိုက်ဘာတိုက်ခိုက်မှုဟာ အီရန်ရဲ့ ရော့ကက်ပစ်လွှတ်ရေးစနစ်တွေကို အားပျော့သွားစေဖို့ဖြစ်ကြောင်း ဝါရှင်တန်ပို့စ်သတင်းစာက စနေနေ့မှာ ဖော်ပြခဲ့ပါတယ်။

        “သူတို့တွေ ခက်ခက်ခဲခဲ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အောင်မြင်တဲ့ တိုက်ခိုက်မှုမဖြစ်ခဲ့ပါဘူး” လို့ အီရန်နိုင်ငံ သတင်းအချက်အလက်နဲ့ဆက်သွယ်ရေး နည်းပညာဝန်ကြီး မိုဟာမက် ဂျာဗက် အေဇာရီ ဂျာ့ရိုမီ က တွစ်တာမှာ ပြောဆိုခဲ့ပါတယ်။

             အီရန် ကွန်ပျူတာကွန်ရက်တွေကို တိုက်ခိုက်မှုတွေဟာ ဆိုက်ဘာအကြမ်းဖက်မှုဖြစ်ကြောင်း Stuxnet ဗိုင်းရပ်စ်နဲ့တိုက်ခိုက်မှုကို ရည်ညွှန်းကာ အေဇာရီ ဂျာ့ရုမီက ပြောဆိုပါတယ်။ ယင်း ဗိုင်းရပ်စ်ဟာ ၂၀၀၇ ခုနှစ် နိုင်ဝင်ဘာလအတွင်းက အီရန်ရဲ့ နျူးကလီးယားစက်ရုံတွေကို ပစ်မှတ်ထားတဲ့ စက်မှု လုပ်ငန်းတွေကို တိုက်ခိုက်ရာမှာသုံးခဲ့တဲ့ ဗိုင်းရပ်စ်အဖြစ် ပထမဆုံး လူသိများခဲ့ပါတယ်။ Stuxnet ဗိုင်းရပ်စ်ကို အမေရိကန်နဲ့အစ္စရေးတို့က ဖန်တီးခဲ့တာလို့ ကျယ်ကျယ်ပြန့်ပြန့်ယုံကြည်ထားကြပါတယ်။ အီရန်နိုင်ငံ နာတန့်ဇ်မြို့က ယူရေနီယံသန့်စင်စက်ရုံတစ်ခုကို ဆိုက်ဘာတိုက်ခိုက်ရာမှာ သုံးခဲ့ပြီးနောက်၂၀၁၀ ခုနှစ်မှာ ယင်းဗိုင်းရပ်စ်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ 

Reuters

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။