Skip to main content
vav
Ads Block

၂၀၁၉ ခုႏွစ္ ေခြး႐ုပ္ဆုိးၿပိဳင္ပြဲတြင္ ခ်န္ပီယံ ကမာၻ႕႐ုပ္အဆုိးဆုံးေခြး ေပၚထြက္

အိမ္ေမြးေခြးအလွၿပိဳင္ပြဲဝင္ Scamp ဟာ အလွဆံုးေခြးဆုကို ဘယ္ေတာ့မွ ရလိမ့္မွာ မဟုတ္ေပမယ့္ ကမာၻ႔ရုပ္အဆိုးဆံုးေခြးဆုကိုေတာ့ ထုိက္ထုိက္တန္တန္ ဆြတ္ခူး ႏုိင္ခဲ့ပါတယ္။

ေသာၾကာေန႔ညမွာ ျပဳလုပ္က်င္းပခဲ့တဲ့ (၃၁) ႀကိမ္ေျမာက္ ကမာၻ႔ရုပ္အဆိုးဆံုး ေခြးၿပိဳင္ပြဲ ရဲ႕ ပထမဆုကို္ Scamp အမည္ရွိ မ်က္လုံးျပဴးျပဴး၊ အေမြးစုတ္ဖြား ေခြးေလးက ရရွိခဲ့ ပါတယ္။

sgw

အဆိုၿပိဳင္ပြဲမွာ ေခြးေလးေတြရဲ႕ ရုပ္ဆင္းအဂၤါ မတင့္တယ္မႈအျပင္ ၄င္းတို႔ရဲ႕ စြမ္းရည္ေတြကိုပါ ျပသရတာျဖစ္ၿပီး Scamp ကေတာ့ ၄င္းရဲ႕ၿပိဳင္ဘက္ ၁၈ ေကာင္ကို ေက်ာ္ျဖတ္ၿပီးမွ အႏိုင္ရရွိခဲ့တာျဖစ္ပါတယ္။

အဆိုပါေခြးေလးရဲ႕ပိုင္ရွင္ကေတာ့ ကယ္လီဖိုးနီးယားျပည္နယ္မွာေနထိုင္တဲ့ Yvonne Morones ဆိုသူျဖစ္ၿပီး ၄င္းၿပိဳင္ပြဲမွာ Scamp အႏိုင္ရရွိခဲ့တာေၾကာင့္ ဆုေၾကးေငြ ေဒၚလာ ၁,၅၀၀ နဲ႔အတူ ႐ုပ္ဆုိးဘြဲ႕ ဆုဖလားကိုရရွိခဲ့ၿပီး ေနာက္ထပ္ ေဒၚလာ ၁,၅၀၀ ကိုေတာ့ တိရစာၦန္ထိန္းသိမ္းေစာင့္ေရွာက္ေရးေဂဟာကို ၄င္းတုိ႔ရဲ႕အမည္ေပါက္ျဖင့္ လွဴဒါန္းခြင့္ရမွာျဖစ္ပါတယ္။

Scamp အေနျဖင့္ ေက်ာင္းတက္ေနတဲ့ကေလးေတြနဲ႔ ဘိုးဘြားရိပ္သာဆီသုိ႔လည္း သြားလည္ရဦးမွာျဖစ္ၿပီး “Today” အမည္ရွိ တီဗီအစီအစဥ္မွာလည္း ပါဝင္ခြင့္ရမွာ ျဖစ္ပါတယ္။

Scamp ဟာ ယခင္တုန္းက လမ္းေဘးေခြးေလးတစ္ေကာင္ျဖစ္ခဲ့ၿပီး ၂၀၁၄ ခုႏွစ္ တုန္းက Morones ဟာ Pet Finder ကေန ေခၚယူေမြးစားခဲ့ပါတယ္။

ယခုက်င္းပၿပီးစီးတဲ့ ေခြး႐ုပ္ဆုိးၿပိဳင္ပြဲဟာ ဟန္ေရးျပ က်င္းပတာမ်ိဳးမဟုတ္ဘဲ စြန္႔ပစ္ခံ ေခြးေလးေတြအေပၚမွာ လူေတြ အေရးေပးဆက္ဆံေအာင္ အသိေပးတဲ့ပြဲလို႔  ၿပိဳင္ပြဲ စီစဥ္သူေတြက ေျပာထားပါတယ္။

 

ၿပိဳင္ပြဲ၀င္အမ်ားစုဟာ အေမရိကန္လမ္းမေပၚေတြမွာ  ေလလြင့္ေနခဲ့တဲ့ စြန္႔ပစ္ခံေခြး ေတြနဲ႔ ေခြးသတ္ရံုေတြကေန ကယ္တင္ထားရတဲ့ ေခြးေတြ ျဖစ္ပါတယ္။

ေမ (အကုန္သိ သတင္းဌာန)

Unicode Version

 

၂၀၁၉ ခုနှစ် ခွေးရုပ်ဆိုးပြိုင်ပွဲတွင် ချန်ပီယံ ကမ္ဘာ့ရုပ်အဆိုးဆုံးခွေး ပေါ်ထွက်

အိမ်မွေးခွေးအလှပြိုင်ပွဲဝင် Scamp ဟာ အလှဆုံးခွေးဆုကို ဘယ်တော့မှ ရလိမ့်မှာ မဟုတ်ပေမယ့် ကမ္ဘာ့ရုပ်အဆိုးဆုံးခွေးဆုကိုတော့ ထိုက်ထိုက်တန်တန် ဆွတ်ခူး နိုင်ခဲ့ပါတယ်။

သောကြာနေ့ညမှာ ပြုလုပ်ကျင်းပခဲ့တဲ့ (၃၁) ကြိမ်မြောက် ကမ္ဘာ့ရုပ်အဆိုးဆုံး ခွေးပြိုင်ပွဲ ရဲ့ ပထမဆုကို Scamp အမည်ရှိ မျက်လုံးပြူးပြူး၊ အမွေးစုတ်ဖွား ခွေးလေးက ရရှိခဲ့ ပါတယ်။

အဆိုပြိုင်ပွဲမှာ ခွေးလေးတွေရဲ့ ရုပ်ဆင်းအင်္ဂါ မတင့်တယ်မှုအပြင် ၎င်းတို့ရဲ့ စွမ်းရည်တွေကိုပါ ပြသရတာဖြစ်ပြီး Scamp ကတော့ ၎င်းရဲ့ပြိုင်ဘက် ၁၈ ကောင်ကို ကျော်ဖြတ်ပြီးမှ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

အဆိုပါခွေးလေးရဲ့ပိုင်ရှင်ကတော့ ကယ်လီဖိုးနီးယားပြည်နယ်မှာနေထိုင်တဲ့ Yvonne Morones ဆိုသူဖြစ်ပြီး ၎င်းပြိုင်ပွဲမှာ Scamp အနိုင်ရရှိခဲ့တာကြောင့် ဆုကြေးငွေ ဒေါ်လာ ၁,၅၀၀ နဲ့အတူ ရုပ်ဆိုးဘွဲ့ ဆုဖလားကိုရရှိခဲ့ပြီး နောက်ထပ် ဒေါ်လာ ၁,၅၀၀ ကိုတော့ တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးဂေဟာကို ၎င်းတို့ရဲ့အမည်ပေါက်ဖြင့် လှူဒါန်းခွင့်ရမှာဖြစ်ပါတယ်။

Scamp အနေဖြင့် ကျောင်းတက်နေတဲ့ကလေးတွေနဲ့ ဘိုးဘွားရိပ်သာဆီသို့လည်း သွားလည်ရဦးမှာဖြစ်ပြီး “Today” အမည်ရှိ တီဗီအစီအစဉ်မှာလည်း ပါဝင်ခွင့်ရမှာ ဖြစ်ပါတယ်။

Scamp ဟာ ယခင်တုန်းက လမ်းဘေးခွေးလေးတစ်ကောင်ဖြစ်ခဲ့ပြီး ၂၀၁၄ ခုနှစ် တုန်းက Morones ဟာ Pet Finder ကနေ ခေါ်ယူမွေးစားခဲ့ပါတယ်။

ယခုကျင်းပပြီးစီးတဲ့ ခွေးရုပ်ဆိုးပြိုင်ပွဲဟာ ဟန်ရေးပြ ကျင်းပတာမျိုးမဟုတ်ဘဲ စွန့်ပစ်ခံ ခွေးလေးတွေအပေါ်မှာ လူတွေ အရေးပေးဆက်ဆံအောင် အသိပေးတဲ့ပွဲလို့  ပြိုင်ပွဲ စီစဉ်သူတွေက ပြောထားပါတယ်။

 

ပြိုင်ပွဲဝင်အများစုဟာ အမေရိကန်လမ်းမပေါ်တွေမှာ  လေလွင့်နေခဲ့တဲ့ စွန့်ပစ်ခံခွေး တွေနဲ့ ခွေးသတ်ရုံတွေကနေ ကယ်တင်ထားရတဲ့ ခွေးတွေ ဖြစ်ပါတယ်။

- မေ (အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။