Skip to main content
bwe
Ads Block

ရန္ကုန္တုိင္းအစိုးရအဖြဲ႕တြင္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီးဌာန ထပ္မံဖြဲ႕စည္းမည္

 

ရန္ကုန္တုိင္းေဒသႀကီးအစိုးရအဖြဲ႔တြင္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီးဌာန တုိးခ်ဲ႕ဖြဲ႔စည္းသြားရန္ တုိင္းေဒသႀကီးလႊတ္ေတာ္ကသေဘာတူလုိက္ေၾကာင္းသိရသည္။

ရန္ကုန္တုိင္းေဒသႀကီးလႊတ္ေတာ္တြင္ ဇြန္လ ၂၄ ရက္က က်င္းပသည့္ ဒုတိယအႀကိမ္ ရန္ကုန္တုိင္းေဒသႀကီး လႊတ္ေတာ္၊ နဝမပံုမွန္အစည္းအေဝးစတုတၳေန႔အစီအစဥ္တြင္ လႊတ္ေတာ္သို႔တင္ျပၿပီး သေဘာတူခဲ့ျခင္း ျဖစ္သည္။

“ ႏုိင္ငံေတာ္သမၼတထံကေန ဇြန္လ ၁၉ ရက္၊ ရက္စြဲပါစာအမွတ္ ၁၈၆/ စ/ သမၼတရုံးျဖင့္ေပးပို႔လာတဲ့ တုိင္းေဒသႀကီးအစိုးရအဖြဲ႔မွာ လူဝင္မႈႀကီးၾကပ္ေရးနဲ႔လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီးဌာနတစ္ခု တုိးခ်ဲ႕ဖြဲ႔စည္းလုိပါသျဖင့္ ဖြဲ႔စည္းပံုအေျခခံဥပေဒပုဒ္မ ၂၄၈ ပုဒ္မခြဲ ဂ ပုဒ္မခြဲငယ္ (၁) ျပ႒ာန္းခ်က္အရ လႊတ္ေတာ္ရဲ႕သေဘာတူညီခ်က္ရယူေပးႏုိင္ပါရန္ သဝဏ္လႊာေပးပို႔လာပါတယ္”ဟု လႊတ္ေတာ္ဒုတိယဥကၠ႒ ဦးလင္းႏုိင္ျမင့္က လႊတ္ေတာ္တြင္ အသိေပးေျပာၾကားခဲ့သည္။

ရန္ကုန္တုိင္းေဒသႀကီးအစိုးရအဖြဲ႔တြင္ လူဝင္မႈႀကီးၾကပ္ေရးႏွင့္လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီးဌာနတုိးခ်ဲ႕ ဖြဲ႔စည္းရန္ လႊတ္ေတာ္တြင္ ကန္႔ကြက္သူမရွိသျဖင့္အတည္ျပဳလုိက္ၿပီး ဝန္ႀကီးဌာနအတြက္ ဝန္ႀကီးကိုမူ တုိင္းေဒသႀကီးအစိုးရအဖြဲ႔ဝန္ႀကီးခ်ဳပ္မွ အဆုိျပဳတင္သြင္းသြားမည္ျဖစ္ေၾကာင္း တုိင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္မ်ားထံမွ သိရသည္။

ရန္ကုန္တုိင္းေဒသႀကီးအတြင္ လက္ရွိတြင္ ဝန္ႀကီးဌာန ၉ ခုဖြဲ႔စည္းထားၿပီး တုိးခ်ဲ႕ဖြဲ႔စည္းမည့္ ဝန္ႀကီးဌာန အပါအဝင္ တုိင္းေဒသႀကီးအစိုးရအဖြဲ႔တြင္ ဝန္ႀကီးဌာန ၁၀ ခုရွိလာမည္ျဖစ္ေၾကာင္းသိရသည္။

ခ်မ္းၿငိမ္း(အကုန္သိသတင္းဌာန)

Unicode Version

ရန်ကုန်တိုင်းအစိုးရအဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန ထပ်မံဖွဲ့စည်းမည်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာန တိုးချဲ့ဖွဲ့စည်းသွားရန် တိုင်းဒေသကြီးလွှတ်တော်ကသဘောတူလိုက်ကြောင်းသိရသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်တွင် ဇွန်လ ၂၄ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်၊ နဝမပုံမှန်အစည်းအဝေးစတုတ္ထနေ့အစီအစဉ်တွင် လွှတ်တော်သို့တင်ပြပြီး သဘောတူခဲ့ခြင်း ဖြစ်သည်။

“ နိုင်ငံတော်သမ္မတထံကနေ ဇွန်လ ၁၉ ရက်၊ ရက်စွဲပါစာအမှတ် ၁၈၆/ စ/ သမ္မတရုံးဖြင့်ပေးပို့လာတဲ့ တိုင်းဒေသကြီးအစိုးရအဖွဲ့မှာ လူဝင်မှုကြီးကြပ်ရေးနဲ့လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတစ်ခု တိုးချဲ့ဖွဲ့စည်းလိုပါသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၈ ပုဒ်မခွဲ ဂ ပုဒ်မခွဲငယ် (၁) ပြဋ္ဌာန်းချက်အရ လွှတ်တော်ရဲ့သဘောတူညီချက်ရယူပေးနိုင်ပါရန် သဝဏ်လွှာပေးပို့လာပါတယ်”ဟု လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်က လွှတ်တော်တွင် အသိပေးပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးဌာနတိုးချဲ့ ဖွဲ့စည်းရန် လွှတ်တော်တွင် ကန့်ကွက်သူမရှိသဖြင့်အတည်ပြုလိုက်ပြီး ဝန်ကြီးဌာနအတွက် ဝန်ကြီးကိုမူ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်မှ အဆိုပြုတင်သွင်းသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင် လက်ရှိတွင် ဝန်ကြီးဌာန ၉ ခုဖွဲ့စည်းထားပြီး တိုးချဲ့ဖွဲ့စည်းမည့် ဝန်ကြီးဌာန အပါအဝင် တိုင်းဒေသကြီးအစိုးရအဖွဲ့တွင် ဝန်ကြီးဌာန ၁၀ ခုရှိလာမည်ဖြစ်ကြောင်းသိရသည်။

ချမ်းငြိမ်း(အကုန်သိသတင်းဌာန) 

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။