Skip to main content
adfvgw
Ads Block

အဘိုးက ေျမးျဖစ္သူအား ညစ္ညမ္းကားျပ၍ အဓမၼျပဳက်င့္ရန္ႀကံစည္မႈျဖစ္ပြား

ပဲခူးတိုင္းေဒသႀကီး၊ ပန္းေတာင္းၿမိဳ႕နယ္၌ အရက္မူးေနေသာအဘိုးက ၁၃ ႏွစ္အရြယ္ေျမးျဖစ္သူအား ညစ္ညမ္းကားျပ၍ အဓမၼျပဳက်င့္ရန္ႀကံစည္မႈျဖစ္ပြားခဲ့ေၾကာင္း ဥသွ်စ္ပင္နယ္ေျမရဲစခန္းမွ သိရသည္။

ျဖစ္စဥ္မွာ ပန္းေတာင္းၿမိဳ႕နယ္၊ ေညာင္က်ိဳးေက်းရြာအုပ္စု၊ ကြ်ဲေလးေက်းရြာေနတရားလိုေဒၚ------- သည္ ေတာင္ကုတ္ၿမိဳ႕နယ္၊ သေျပေက်းရြာရွိအေဒၚထံသို႔မူႀကိဳေက်ာင္းတက္ရန္ပို႔ေဆာင္အပ္ႏွံထားသည့္ ၄ ႏွစ္အရြယ္ သမီးငယ္မွာ ေနထိုင္မေကာင္းျဖစ္ေနေသာေၾကာင့္ သြားေရာက္ၾကည့္ရႈရန္ ဇြန္လ ၂၁ ရက္၌ ယင္းေက်းရြာသို႔ သြားေရာက္ခဲ့ေၾကာင္းရဲမွတ္တမ္းအရသိရသည္။

ထိုစဥ္ ေနအိမ္၌ ၁၃ ႏွစ္အရြယ္သမီးႀကီးႏွင့္အတူ တရားလိုေဒၚ၏ဖခင္ ဦးထြန္းသိန္း၊ (၅၁)ႏွစ္တို႔ ေျမးအဘိုးႏွစ္ဦး က်န္ေနခဲ့စဥ္ ညအခ်ိန္၌အဘိုးျဖစ္သူမွ ေျမးအခန္းသို႔၀င္ေရာက္ကာ အဓမၼျပဳက်င့္ရန္ ႀကံစည္ခဲ့ျခင္းျဖစ္ေၾကာင္း တိုင္ၾကားခ်က္အရ သိရသည္။

“တရားလိုကအေဒၚအိမ္မွာ မူႀကိဳတက္ဖို႔အတြက္အပ္ႏွံထားတဲ့ သမီးငယ္ေနထိုင္မေကာင္းလို႔ သြားၾကည့္ေနတဲ့အခ်ိန္မွာ အဘိုးက ေျမးအႀကီးမေလးကိုသူ႔ဖုန္းမွာရွိတဲ့ညစ္ညမ္းကားေတြျပၿပီး အဓမၼျပဳက်င့္ဖို႔ ႀကံစည္တယ္။ ေျမးမေလးကေၾကာက္ၿပီးေတာ့ အနားမွာေနထိုင္တဲ့ ဦးေလးတို႔ေနအိမ္ကိုေျပးထြက္သြားၿပီး တိုင္ေျပာလိုက္တဲ့အတြက္ အခုလိုသိရွိသြားၾကတာေပါ့။ ျပစ္မႈက်ဴးလြန္သူဦးထြန္းသိန္းက အခင္းျဖစ္တဲ့ အခ်ိန္မွာလည္း အရက္မူးေနတယ္။” ဟုဥသွ်စ္ပင္နယ္ေျမရဲစခန္းမွ အမႈစစ္ဒုရဲအုပ္သိန္းေက်ာ္က အကုန္သိသတင္းဌာနသို႔ေျပာသည္။

အမႈႏွင့္ပတ္သက္၍ ဦးထြန္းသိန္း(၅၁)ႏွစ္ကိုဖမ္းဆီး၍ ဥသွ်စ္ပင္နယ္ေျမရဲစခန္း၌ အဓမၼျပဳက်င့္ရန္ႀကံစည္မႈ ပုဒ္မ- ၃၇၆/၅၁၁ ျဖင့္ အမႈဖြင့္စစ္ေဆးေနေၾကာင္း သတင္းရရွိသည္။

- 

ဒါးဇ(အကုန္သိသတင္းဌာန)

 

 

Unicode Version

 

 

အဘိုးက မြေးဖြစ်သူအား ညစ်ညမ်းကားပြ၍ အဓမ္မပြုကျင့်ရန်ကြံစည်မှုဖြစ်ပွား

 

ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်၌ အရက်မူးနေသောအဘိုးက ၁၃ နှစ်အရွယ်မြေးဖြစ်သူအား ညစ်ညမ်းကားပြ၍ အဓမ္မပြုကျင့်ရန်ကြံစည်မှုဖြစ်ပွားခဲ့ကြောင်း ဥသျှစ်ပင်နယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးကျေးရွာအုပ်စု၊ ကျွဲလေးကျေးရွာနေတရားလိုဒေါ်------- သည် တောင်ကုတ်မြို့နယ်၊ သပြေကျေးရွာရှိအဒေါ်ထံသို့မူကြိုကျောင်းတက်ရန်ပို့ဆောင်အပ်နှံထားသည့် ၄ နှစ်အရွယ် သမီးငယ်မှာ နေထိုင်မကောင်းဖြစ်နေသောကြောင့် သွားရောက်ကြည့်ရှုရန် ဇွန်လ ၂၁ ရက်၌ ယင်းကျေးရွာသို့ သွားရောက်ခဲ့ကြောင်းရဲမှတ်တမ်းအရသိရသည်။

ထိုစဉ် နေအိမ်၌ ၁၃ နှစ်အရွယ်သမီးကြီးနှင့်အတူ တရားလိုဒေါ်၏ဖခင် ဦးထွန်းသိန်း၊ (၅၁)နှစ်တို့ မြေးအဘိုးနှစ်ဦး ကျန်နေခဲ့စဉ် ညအချိန်၌အဘိုးဖြစ်သူမှ မြေးအခန်းသို့ဝင်ရောက်ကာ အဓမ္မပြုကျင့်ရန် ကြံစည်ခဲ့ခြင်းဖြစ်ကြောင်း တိုင်ကြားချက်အရ သိရသည်။

“တရားလိုကအဒေါ်အိမ်မှာ မူကြိုတက်ဖို့အတွက်အပ်နှံထားတဲ့ သမီးငယ်နေထိုင်မကောင်းလို့ သွားကြည့်နေတဲ့အချိန်မှာ အဘိုးက မြေးအကြီးမလေးကိုသူ့ဖုန်းမှာရှိတဲ့ညစ်ညမ်းကားတွေပြပြီး အဓမ္မပြုကျင့်ဖို့ ကြံစည်တယ်။ မြေးမလေးကကြောက်ပြီးတော့ အနားမှာနေထိုင်တဲ့ ဦးလေးတို့နေအိမ်ကိုပြေးထွက်သွားပြီး တိုင်ပြောလိုက်တဲ့အတွက် အခုလိုသိရှိသွားကြတာပေါ့။ ပြစ်မှုကျူးလွန်သူဦးထွန်းသိန်းက အခင်းဖြစ်တဲ့ အချိန်မှာလည်း အရက်မူးနေတယ်။” ဟုဥသျှစ်ပင်နယ်မြေရဲစခန်းမှ အမှုစစ်ဒုရဲအုပ်သိန်းကျော်က အကုန်သိသတင်းဌာနသို့ပြောသည်။

အမှုနှင့်ပတ်သက်၍ ဦးထွန်းသိန်း(၅၁)နှစ်ကိုဖမ်းဆီး၍ ဥသျှစ်ပင်နယ်မြေရဲစခန်း၌ အဓမ္မပြုကျင့်ရန်ကြံစည်မှု ပုဒ်မ- ၃၇၆/၅၁၁ ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

- ဒါးဇ(အကုန်သိသတင်းဌာန)

 

 

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။