Skip to main content
က်ည္မ်ဳိးစုံ ၇၀၀ ေက်ာ္အပါအဝင္ဆက္စပ္ပစၥည္းမ်ား သယ္ေဆာင္လာသူကို ဖမ္းဆီးရမိ
Ads Block

က်ည္မ်ဳိးစုံ ၇၀၀ ေက်ာ္အပါအဝင္ဆက္စပ္ပစၥည္းမ်ား သယ္ေဆာင္လာသူကို ဖမ္းဆီးရမိ

တာခ်ီလိတ္ၿမိဳ႕နယ္၊ မယ္ယန္းပူးေပါင္းစစ္ေဆးေရးဂိတ္တြင္ ဆိုင္ကယ္ျဖင့္ သယ္ေဆာင္လာသည့္ က်ည္မ်ဳိးစုံ ၇၀၀ ေက်ာ္အပါအဝင္ က်ည္အိမ္၊ ေက်ာပိုးအိတ္ႏွင့္ သံဘြတ္မ်ားသယ္ေဆာင္လာသူကိုဖမ္းဆီးရမိခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ရွမ္းျပည္နယ္၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ မယ္ယန္းပူးေပါင္းစစ္ေဆးေရးဂိတ္၌ ဇြန္လ ၂၂ ရက္၊ ညေန ၆ နာရီခြဲခန္႔က တပ္မေတာ္သားမ်ားႏွင့္ ရဲတပ္ဖြဲ႔ဝင္မ်ားသည္ သတင္းအရ အာႏြတ္ခ်ဳိင္၊ (၂၃)ႏွစ္ ေမာင္းႏွင္လာသည့္ ဆိုင္ကယ္ အား စစ္ေဆးရာ ၁၂ ဗို႔က်ည္ ၁၂၂ ေတာင့္၊ ပြိဳင့္ ၃၈ က်ည္ ၁၅၉ ေတာင့္၊ ၉ မမ က်ည္ ၅၀ ေတာင့္၊ ပြိဳင့္ ၂၂ က်ည္ ၂၀၉ ေတာင့္၊ ပြိဳင့္ ၄၅ က်ည္ ၂၃ ေတာင့္၊ M 22 က်ည္ ၁၃၀ ေတာင့္၊ ၅.၅၆ က်ည္ ၁၀ ေတာင့္၊ စုစုေပါင္း က်ည္မ်ိဳးစုံ ၇၀၃ ေတာင့္၊ 9 MM က်ည္အိမ္ ၂ ခု၊ ေက်ာပိုးအိတ္ ၁ လုံးႏွင့္ သံဘြတ္ ၂၈ လုံးတို႔ကို ေတြ႕ရွိသိမ္းဆည္းရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႔၏ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါေတြ႔ရွိမႈႏွင့္ပတ္သက္၍ အာႏြတ္ခ်ဳိင္၊ (၂၃)ႏွစ္ကို တာခ်ီလိတ္ၿမိဳ႕မရဲစခန္း၌ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။
ၿပီးခဲ့ေသာ ဇြန္လ ၂၀ ရက္၊ ေန႔လယ္ ၁၂ နာရီခန္႔ကလည္း မယ္ယန္းစစ္ေဆးေရးဂိတ္တြင္ တာခ်ီလိတ္ၿမိဳ႕မွ မုိင္းယန္းၿမိဳ႕သို႔သြားေရာက္မည့္ Probox ယာဥ္တစ္စီးကို ရပ္တန္႔စစ္ေဆးရွာေဖြခဲ့ရာ ယာဥ္အတြင္းမွ ပြိဳင့္ - ၅ စက္ေသနတ္ႀကီးက်ည္ ၃၉၇ ေတာင့္ကို ေတြ႔ရွိသိမ္းဆည္းရမိခဲ့ေသးသည္။
-  ႏိုင္မင္းလြင္ ( အကုန္သိ သတင္းဌာန ) | ဓာတ္ပုံ-ျပည္ထဲေရး

Unicode Version

 

တာချီလိတ်မြို့နယ်၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်ဖြင့် သယ်ဆောင်လာသည့် ကျည်မျိုးစုံ ၇၀၀ ကျော်အပါအဝင် ကျည်အိမ်၊ ကျောပိုးအိတ်နှင့် သံဘွတ်များသယ်ဆောင်လာသူကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဇွန်လ ၂၂ ရက်၊ ညနေ ၆ နာရီခွဲခန့်က တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ အာနွတ်ချိုင်၊ (၂၃)နှစ် မောင်းနှင်လာသည့် ဆိုင်ကယ် အား စစ်ဆေးရာ ၁၂ ဗို့ကျည် ၁၂၂ တောင့်၊ ပွိုင့် ၃၈ ကျည် ၁၅၉ တောင့်၊ ၉ မမ ကျည် ၅၀ တောင့်၊ ပွိုင့် ၂၂ ကျည် ၂၀၉ တောင့်၊ ပွိုင့် ၄၅ ကျည် ၂၃ တောင့်၊ M 22 ကျည် ၁၃၀ တောင့်၊ ၅.၅၆ ကျည် ၁၀ တောင့်၊ စုစုပေါင်း ကျည်မျိုးစုံ ၇၀၃ တောင့်၊ 9 MM ကျည်အိမ် ၂ ခု၊ ကျောပိုးအိတ် ၁ လုံးနှင့် သံဘွတ် ၂၈ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါတွေ့ရှိမှုနှင့်ပတ်သက်၍ အာနွတ်ချိုင်၊ (၂၃)နှစ်ကို တာချီလိတ်မြို့မရဲစခန်း၌ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။
ပြီးခဲ့သော ဇွန်လ ၂၀ ရက်၊ နေ့လယ် ၁၂ နာရီခန့်ကလည်း မယ်ယန်းစစ်ဆေးရေးဂိတ်တွင် တာချီလိတ်မြို့မှ မိုင်းယန်းမြို့သို့သွားရောက်မည့် Probox ယာဉ်တစ်စီးကို ရပ်တန့်စစ်ဆေးရှာဖွေခဲ့ရာ ယာဉ်အတွင်းမှ ပွိုင့် - ၅ စက်သေနတ်ကြီးကျည် ၃၉၇ တောင့်ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သေးသည်။
-  နိုင်မင်းလွင် ( အကုန်သိ သတင်းဌာန ) | ဓာတ်ပုံ-ပြည်ထဲရေး

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။