Skip to main content
NCA စာခ်ဳပ္ပါ အခ်က္အလက္မ်ားကို တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔မ်ား စတင္ေရးဆြဲခဲ့ဟု ဆုိ
Ads Block

NCA စာခ်ဳပ္ပါ အခ်က္အလက္မ်ားကို တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔မ်ား စတင္ေရးဆြဲခဲ့ဟု ဆုိ

NCA တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးဆုိင္ရာသေဘာတူစာခ်ဳပ္ပါ အခ်က္အလက္မ်ားကို အစုိးရႏွင့္ တပ္မေတာ္တုိ႔ေရးဆြဲခဲ့ျခင္းမဟုတ္ဘဲ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔မ်ားကသာ စတင္ေရးဆြဲခဲ့ျခင္း ျဖစ္ေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးေကာ္မတီမွဥကၠ႒ ဗုိလ္ခ်ဳပ္စုိးႏုိင္ဦးကေျပာသည္။

NCA စာခ်ဳပ္ပါ အခ်က္အလက္မ်ားကို တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔မ်ား စတင္ေရးဆြဲခဲ့ဟု ဆုိ


ေနျပည္ေတာ္၊ တပ္မေတာ္စစ္သမုိင္းျပတိုက္တြင္ ဇြန္လ ၂၂ ရက္ကက်င္းပေသာသတင္းစာရွင္းလင္းပြဲတြင္ ယခုကဲ့သို႔ေျပာခဲ့ျခင္းျဖစ္သည္။
“ ကြ်န္ေတာ္တုိ႔က ဒီ NCA လမ္းေၾကာင္းထဲ၀င္ဖုိ႔အၿမဲေျပာတယ္။ ဒီ NCA ကို တပ္မေတာ္တုိ႔၊ အစုိးရတုိ႔က ေရးဆြဲထားတာမဟုတ္ဘူး။ EAO ေတြကစၿပီးေရးဆြဲတယ္။ ဒီအေပၚမွာ ႏုိင္ငံေတာ္အစုိးရနဲ႔တပ္မေတာ္က ကြ်န္ေတာ္တုိ႔အပုိင္းကလုိအပ္ခ်က္ေတြနဲ႔ကုိက္ညီေအာင္ ဒါေရးဆြဲထားျခင္းျဖစ္တယ္။ ဒါေၾကာင့္ ဒီ NCA ကုိ အရွင္းဆုံးနဲ႔အလြယ္ေျပာျပရရင္ေတာ့ အဓိကလုပ္ငန္းစဥ္ ၂ ခုပါတယ္။ နံပါတ္တစ္က အပစ္အခတ္ရပ္စဲေရးကုိ ခုိင္မာေအာင္လုပ္ဖုိ႔ ။နံပါတ္နွစ္က ႏုိင္ငံေရးေဆြးေႏြးပြဲကုိလုပ္ဖုိ႔၊ ဒီ ၂ ခ်က္က NCA လုပ္ငန္းစဥ္ထဲမွာပါတယ္။ ေနာက္အာမခံခ်က္ကဘာလဲဆုိေတာ့ ဒီၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္ေတြကုိ မည္သည့္အစုိးရျဖစ္ေစကာမူ ဆက္လက္ေဆာင္ရြက္သြားရမယ္ဆုိတာ အာမခံခ်က္ေပးထားတယ္’’ ဟု ဗုိလ္ခ်ဳပ္စုိးႏုိင္ဦးက ေျပာသည္။
၂၀၁၅ ခုႏွစ္၊ ေအာက္တုိဘာလ ၁၅ ရက္တြင္ တစ္ႏုိင္ငံလုံးပစ္ခတ္တုိက္ခုိက္မႈရပ္စဲေရးဆုိင္ရာ သေဘာတူစာခ်ဳပ္ကုိ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔ ၈ ဖြဲ႔မွသေဘာတူလက္မွတ္ေရးထုိးခဲ့ကာ ၂၀၁၇ ခုႏွစ္တြင္ မြန္ျပည္သစ္ပါတီ၊ လားဟူဒီမုိကရက္တစ္ပါတီတုိ႔က ထပ္မံလက္မွတ္ေရးထုိးခဲ့သည္။
NCA အပစ္ရပ္လက္မွတ္ထုိးရန္က်န္ရွိေသာေျမာက္ပုိင္းတုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔မ်ားမွာ AA ၊ KIA ၊KNPP ၊ SSPP ၊ MMNDA ၊ TNLA စသည့္အဖြဲ႕တုိ႔ျဖစ္သည္။

- မင္းသီဟန္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

NCA တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာသဘောတူစာချုပ်ပါ အချက်အလက်များကို အစိုးရနှင့် တပ်မတော်တို့ရေးဆွဲခဲ့ခြင်းမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကသာ စတင်ရေးဆွဲခဲ့ခြင်း ဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးကော်မတီမှဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးကပြောသည်။
နေပြည်တော်၊ တပ်မတော်စစ်သမိုင်းပြတိုက်တွင် ဇွန်လ ၂၂ ရက်ကကျင်းပသောသတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ပြောခဲ့ခြင်းဖြစ်သည်။
“ ကျွန်တော်တို့က ဒီ NCA လမ်းကြောင်းထဲဝင်ဖို့အမြဲပြောတယ်။ ဒီ NCA ကို တပ်မတော်တို့၊ အစိုးရတို့က ရေးဆွဲထားတာမဟုတ်ဘူး။ EAO တွေကစပြီးရေးဆွဲတယ်။ ဒီအပေါ်မှာ နိုင်ငံတော်အစိုးရနဲ့တပ်မတော်က ကျွန်တော်တို့အပိုင်းကလိုအပ်ချက်တွေနဲ့ကိုက်ညီအောင် ဒါရေးဆွဲထားခြင်းဖြစ်တယ်။ ဒါကြောင့် ဒီ NCA ကို အရှင်းဆုံးနဲ့အလွယ်ပြောပြရရင်တော့ အဓိကလုပ်ငန်းစဉ် ၂ ခုပါတယ်။ နံပါတ်တစ်က အပစ်အခတ်ရပ်စဲရေးကို ခိုင်မာအောင်လုပ်ဖို့ ။နံပါတ်နှစ်က နိုင်ငံရေးဆွေးနွေးပွဲကိုလုပ်ဖို့၊ ဒီ ၂ ချက်က NCA လုပ်ငန်းစဉ်ထဲမှာပါတယ်။ နောက်အာမခံချက်ကဘာလဲဆိုတော့ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို မည်သည့်အစိုးရဖြစ်စေကာမူ ဆက်လက်ဆောင်ရွက်သွားရမယ်ဆိုတာ အာမခံချက်ပေးထားတယ်’’ ဟု ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောသည်။
၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၅ ရက်တွင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့မှသဘောတူလက်မှတ်ရေးထိုးခဲ့ကာ ၂၀၁၇ ခုနှစ်တွင် မွန်ပြည်သစ်ပါတီ၊ လားဟူဒီမိုကရက်တစ်ပါတီတို့က ထပ်မံလက်မှတ်ရေးထိုးခဲ့သည်။
NCA အပစ်ရပ်လက်မှတ်ထိုးရန်ကျန်ရှိသောမြောက်ပိုင်းတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှာ AA ၊ KIA ၊KNPP ၊ SSPP ၊ MMNDA ၊ TNLA စသည့်အဖွဲ့တို့ဖြစ်သည်။

- မင်းသီဟန် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။