Skip to main content
ေရစက္သို႔သြယ္တန္းထားေသာလွ်ပ္စစ္ႀကိဳးကို ျပဳျပင္သည့္အမ်ိဳးသား ဓာတ္လုိက္ၿပီးေသဆံုး
Ads Block

ေရစက္သို႔သြယ္တန္းထားေသာလွ်ပ္စစ္ႀကိဳးကို ျပဳျပင္သည့္အမ်ိဳးသား ဓာတ္လုိက္ၿပီးေသဆံုး

ပဲခူးတိုင္းေဒသႀကီး၊ ေက်ာက္တံခါးၿမိဳ႕နယ္တြင္ အမ်ိဳးသားတစ္ဦး လွ်ပ္စစ္ႀကိဳးျပဳျပင္ရာမွ ဓာတ္လုိက္ၿပီး ေသဆံုးသြားေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ပဲခူးတိုင္းေဒသႀကီး၊ ေက်ာက္တံခါးၿမိဳ႕နယ္၊ ဟာရီးေက်းရြာအုပ္စု စီပူေက်းရြာရိွ အာရီယာစမာရ္ ဟိႏၵဴဘုရားေက်ာင္းဝန္းတြင္ ဇြန္လ ၂၃ ရက္၊ မြန္းလဲြ ၁၁ နာရီ ၅၀ မိနစ္ခန္႔က ဟာရီစံကား၊ (၃၈)ႏွစ္ ၊ သူေဌးကုန္းေက်းရြာ ဟားရီးေက်းရြာအုပ္စုေနသူသည္ ဘုရားေက်ာင္းဝန္းေလွကားအရင္းရိွ ေရစက္သို႔ သြယ္တန္းထားေသာ လ်ွပ္စစ္ဝါယာႀကိဳးကို ျပဳျပင္ခဲ့ေၾကာင္း သိရသည္။
ထိုစဥ္ ဟာရီစံကားမွာ ဓာတ္လိုက္ေနသည္ကိုေတြ႔ရိွသျဖင့္ အနီးရိွသူမ်ားမွ လ်ွပ္စစ္မီးမိန္းခ်ၿပီး ၾကည့္႐ႈရာ ဟာရီစံကားမွာ ပက္လက္အေနအထားျဖင့္ ဝဲလက္မထိပ္ညိဳမဲဒဏ္ရာ ဝဲ/ယာေျခဖဝါးျဖဴစြပ္ကာ လဲက်ေနသျဖင့္ ေက်ာက္တံခါးျပည္သူ႔ေဆး႐ုံႀကီးသို႔တင္ပို႔ေဆးကုသေနစဥ္ ရရိွေသာဒဏ္ရာမ်ားျဖင့္ေသဆုံးသြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ျဖစ္စဥ္ႏွင့္ပက္သက္၍ ေက်ာက္တံခါးၿမိဳ႕မရဲစခန္း၌ ေသမႈေသခင္းအမွတ္စဥ္ (၇/၂၀၁၉)ျဖင့္ အမႈဖြင့္ကာ စစ္ေဆးေနေၾကာင္း သိရသည္။

- ၿဖိဳးကိုလင္း - ေညာင္ဝိုင္း (  အကုန္သိ သတင္းဌာန  )

Unicode Version

 

ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်တွင် အမျိုးသားတစ်ဦး လျှပ်စစ်ကြိုးပြုပြင်ရာမှ ဓာတ်လိုက်ပြီး သေဆုံးသွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ဟာရီးကျေးရွာအုပ်စု စီပူကျေးရွာရှိ အာရီယာစမာရ် ဟိန္ဒူဘုရားကျောင်းဝန်းတွင် ဇွန်လ ၂၃ ရက်၊ မွန်းလွဲ ၁၁ နာရီ ၅၀ မိနစ်ခန့်က ဟာရီစံကား၊ (၃၈)နှစ် ၊ သူဌေးကုန်းကျေးရွာ ဟားရီးကျေးရွာအုပ်စုနေသူသည် ဘုရားကျောင်းဝန်းလှေကားအရင်းရှိ ရေစက်သို့ သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးကို ပြုပြင်ခဲ့ကြောင်း သိရသည်။
ထိုစဉ် ဟာရီစံကားမှာ ဓာတ်လိုက်နေသည်ကိုတွေ့ရှိသဖြင့် အနီးရှိသူများမှ လျှပ်စစ်မီးမိန်းချပြီး ကြည့်ရှုရာ ဟာရီစံကားမှာ ပက်လက်အနေအထားဖြင့် ဝဲလက်မထိပ်ညိုမဲဒဏ်ရာ ဝဲ/ယာခြေဖဝါးဖြူစွပ်ကာ လဲကျနေသဖြင့် ကျောက်တံခါးပြည်သူ့ဆေးရုံကြီးသို့တင်ပို့ဆေးကုသနေစဉ် ရရှိသောဒဏ်ရာများဖြင့်သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပက်သက်၍ ကျောက်တံခါးမြို့မရဲစခန်း၌ သေမှုသေခင်းအမှတ်စဉ် (၇/၂၀၁၉)ဖြင့် အမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။

- ဖြိုးကိုလင်း - ညောင်ဝိုင်း (  အကုန်သိ သတင်းဌာန  )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။