Skip to main content
ကေမာၻဒီးယား အေဆာက္အဦ ၿပိဳက်မႈ ေသဆုံးသူ ၁၈ ဦးအထိ ရွိလာ
Ads Block

ကေမာၻဒီးယား အေဆာက္အဦ ၿပိဳက်မႈ ေသဆုံးသူ ၁၈ ဦးအထိ ရွိလာ

ကေမာၻးဒီးယားႏိုင္ငံမွာ (ဇြန္ ၂၂)  စေနေန႔က တရုတ္ႏိုင္ငံသားပိုင္ ေဆာက္လက္စ ၇ ထပ္ တိုက္တစ္လံုးၿပိဳက်မႈျဖစ္စဥ္မွာ ေသဆံုးသူ ၁၈ ေယာက္အထိ ရွိလာခဲ့တယ္လို႔ တာ၀န္ရွိသူေတြက တနဂၤေႏြေန႔မွာ ေျပာၾကားခဲ့ပါတယ္။

ကေမာၻဒီးယား အေဆာက္အဦ ၿပိဳက်မႈ ေသဆုံးသူ ၁၈ ဦးအထိ ရွိလာ

ႏိုင္ငံေတာင္ပိုင္း  ကမ္းေျခၿမိဳ႕ သီဟာႏုဗီးလ္ မွာရွိတဲ့ အဆိုပါ ကာစီႏို-အပန္းေျဖအေဆာက္အဦးဟာ စေနေန႔ အာရံုမတက္ခင္အခ်ိန္မွာ ၿပိဳက်ခဲ့တာျဖစ္ပါတယ္။

အဆိုပါ အေဆာက္အဦးၿပိဳက်မႈနဲ႔ ပတ္သက္ၿပီး တာ၀န္ရွိသူ အေဆာက္ဦးပိုင္ရွင္ တရုတ္လူမ်ိဳးတစ္ဦး၊ ေဆာက္လုပ္ေရးကုမၸဏီ တာ၀န္ခံ၊ ကန္ထရိုက္ေခါင္းေဆာင္
တို႔ကို ထန္းသိမ္းခဲ့ၿပီး ကေမာၻးဒီးယားလူမိ်ဳး ေျမပိုင္ရွင္ ကိုလည္း စစ္ေဆးေမးျမန္မႈေတြ လုပ္ေနတယ္လို႔ သိရပါတယ္။

စစ္သား၊ ရဲ၀န္ထမ္းနဲ႔ ဆရာ၀န္ ေတြအပါအ၀င္ ကယ္ဆယ္ေရးသမား  ၁,၀၀၀ ေက်ာ္ေလာက္ဟာ အပ်က္အစီးေတြၾကားမွာ ပိတ္မိေနသူေတြကို ေန႔ေရာ ညပါ မနားတမ္းကယ္ဆယ္မႈေတြလုပ္ေနခဲ့ၾကပါတယ္။
အစက ေသးဆံုးသူ ၇ ႏွစ္ဦးရွိတယ္လို႔ ေျပာထားေပးမယ့္လည္း အခုအခါ ၁၈ ဦးထိတိုးလာခဲ့ၿပီး ၂၄ ေယာက္ ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။
ၿပိဳက် အေဆာက္အဦေအာက္မွာ အခုထက္ထိ ပိတ္မိေနေသးတဲ့သူေတြ ရွိေသးၿပီး ဘယ္ႏွစ္ေယာက္ ပိတ္မိေနလည္းဆိုတာ တိတိက်က် အတည္မျပဳႏိုင္ေသးဘူးလို႔ အာဏာပိုင္ေတြကေျပာထားပါတယ္။

အဆိုပါ အေဆာက္ဦးၿပိဳက်မႈေၾကာင့္ ေသးဆံုးခဲ့ရသူေတြအတြက္ မိသားစု၀င္ေတြနဲ႔ အတူထပ္တူ၀မ္းနည္းရၿပီး မိသားစုတစ္စုစီကိုလည္း ေဒၚလာ ၁၀,၀၀၀ ေထာက္ပ့ံေၾကးေငြ ေပးအပ္မယ္လို႔လည္း ကေမာၻးဒီးယား၀န္ႀကီးခ်ဳပ္က ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

အစက တံငါရြာေလးတစ္ရြာျဖစ္ခဲ့ေပမယ့္ ကမာၻလွည္းခရီးသြားမ်ားေၾကာင့္ အလ်င္အျမန္တိုးတက္လာေနတဲ့ အဆိုပါကမ္းေျခၿမိဳ႕ေလးမွာ တရုတ္စီးပြားေရးရင္းႏွီးျမွဳပ္ႏွံမႈေတြလုပ္ငန္းေတြလည္း အမ်ားအျပားတိုးလာခဲ့ပါတယ္။
၄င္းေနရာမွာရွိတဲ့ အေဆာက္အဦး ဒါဇင္ေက်ာ္ေလာက္ဟာ တရုတ္ႏိုင္ငံသားပိုင္ ကာစီႏို၀ိုင္းေတြနဲ႔ အေဆာက္အဦးေတြျဖစ္ၿပီး တရုတ္ခရီးသြားေတြကို ဆြဲေဆာင္ဖို႔အတြက္ အဓိကရည္ရြယ္ထားတာျဖစ္ပါတယ္။

-  ေမ (  အကုန္သိ သတင္းဌာန  ) | Ref : CNA

Unicode Version

 

ကမ္ဘေားဒီးယားနိုင်ငံမှာ (ဇွန် ၂၂)  စနေနေ့က တရုတ်နိုင်ငံသားပိုင် ဆောက်လက်စ ၇ ထပ် တိုက်တစ်လုံးပြိုကျမှုဖြစ်စဉ်မှာ သေဆုံးသူ ၁၈ ယောက်အထိ ရှိလာခဲ့တယ်လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပါတယ်။

နိုင်ငံတောင်ပိုင်း  ကမ်းခြေမြို့ သီဟာနုဗီးလ် မှာရှိတဲ့ အဆိုပါ ကာစီနို-အပန်းဖြေအဆောက်အဦးဟာ စနေနေ့ အာရုံမတက်ခင်အချိန်မှာ ပြိုကျခဲ့တာဖြစ်ပါတယ်။

အဆိုပါ အဆောက်အဦးပြိုကျမှုနဲ့ ပတ်သက်ပြီး တာဝန်ရှိသူ အဆောက်ဦးပိုင်ရှင် တရုတ်လူမျိုးတစ်ဦး၊ ဆောက်လုပ်ရေးကုမ္ပဏီ တာဝန်ခံ၊ ကန်ထရိုက်ခေါင်းဆောင်
တို့ကို ထန်းသိမ်းခဲ့ပြီး ကမ္ဘေားဒီးယားလူမျိုး မြေပိုင်ရှင် ကိုလည်း စစ်ဆေးမေးမြန်မှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

စစ်သား၊ ရဲဝန်ထမ်းနဲ့ ဆရာဝန် တွေအပါအဝင် ကယ်ဆယ်ရေးသမား  ၁,၀၀၀ ကျော်လောက်ဟာ အပျက်အစီးတွေကြားမှာ ပိတ်မိနေသူတွေကို နေ့ရော ညပါ မနားတမ်းကယ်ဆယ်မှုတွေလုပ်နေခဲ့ကြပါတယ်။
အစက သေးဆုံးသူ ၇ နှစ်ဦးရှိတယ်လို့ ပြောထားပေးမယ့်လည်း အခုအခါ ၁၈ ဦးထိတိုးလာခဲ့ပြီး ၂၄ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ပြိုကျ အဆောက်အဦအောက်မှာ အခုထက်ထိ ပိတ်မိနေသေးတဲ့သူတွေ ရှိသေးပြီး ဘယ်နှစ်ယောက် ပိတ်မိနေလည်းဆိုတာ တိတိကျကျ အတည်မပြုနိုင်သေးဘူးလို့ အာဏာပိုင်တွေကပြောထားပါတယ်။

အဆိုပါ အဆောက်ဦးပြိုကျမှုကြောင့် သေးဆုံးခဲ့ရသူတွေအတွက် မိသားစုဝင်တွေနဲ့ အတူထပ်တူဝမ်းနည်းရပြီး မိသားစုတစ်စုစီကိုလည်း ဒေါ်လာ ၁၀,၀၀၀ ထောက်ပံ့ကြေးငွေ ပေးအပ်မယ်လို့လည်း ကမ္ဘေားဒီးယားဝန်ကြီးချုပ်က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

အစက တံငါရွာလေးတစ်ရွာဖြစ်ခဲ့ပေမယ့် ကမ္ဘာလှည်းခရီးသွားများကြောင့် အလျင်အမြန်တိုးတက်လာနေတဲ့ အဆိုပါကမ်းခြေမြို့လေးမှာ တရုတ်စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေလုပ်ငန်းတွေလည်း အများအပြားတိုးလာခဲ့ပါတယ်။
၎င်းနေရာမှာရှိတဲ့ အဆောက်အဦး ဒါဇင်ကျော်လောက်ဟာ တရုတ်နိုင်ငံသားပိုင် ကာစီနိုဝိုင်းတွေနဲ့ အဆောက်အဦးတွေဖြစ်ပြီး တရုတ်ခရီးသွားတွေကို ဆွဲဆောင်ဖို့အတွက် အဓိကရည်ရွယ်ထားတာဖြစ်ပါတယ်။

-  မေ (  အကုန်သိ သတင်းဌာန  ) | Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။