Skip to main content
အေမရိကန္ဒရုန္းေတြ ေ၀ဟင္ပုိင္နက္ ထပ္ခ်ဳိးေဖာက္လာပါက ထပ္ပစ္ခ်သြားဦးမွာျဖစ္ဟု အီရန္ တပ္မွဴး ေျပာ
Ads Block

အေမရိကန္ဒရုန္းေတြ ေ၀ဟင္ပုိင္နက္ ထပ္ခ်ဳိးေဖာက္လာပါက ထပ္ပစ္ခ်သြားဦးမွာျဖစ္ဟု အီရန္ တပ္မွဴး ေျပာ

အီရန္ႏုိင္ငံ ေ၀ဟင္ပုိင္နက္ ခ်ဳိးေဖာက္၀င္ေရာက္လာတဲ့ အေမရိကန္ဒရုန္းတစ္စင္းကုိ အီရန္က ပစ္ခ်ခဲ့တာဟာ သဘာ၀က်တဲ့ တုန္ ့ျပန္မႈျဖစ္ေၾကာင္းနဲ ့ အေမရိကန္အေနနဲ ့ ေနာင္အခုလုိ ရန္လုိတဲ့ လုပ္ရပ္ေတြ ထပ္လုပ္လာခဲ့ရင္လည္း ဒီနည္းအတုိင္း ဆက္လုပ္သြားဦးမွာျဖစ္ေၾကာင္း အီရန္ေတာ္လွန္ေရး အေစာင့္တပ္ တပ္မွဴးတစ္ဦးက ေျပာဆုိလုိက္ပါတယ္။
အေမရိကန္ဟာ အီရန္ ေ၀ဟင္ပုိင္နက္ကုိ ခ်ဳိးေဖာက္ခဲ့တယ္ဆုိတာ သက္ေသျပဖုိ ့နဲ ့ ႏုိင္ငံတကာ ဥပေဒကုိ မေလးစားဘူးဆုိတာ ျပသဖုိ ့ အေမရိကန္ ဒရုန္းေတြကုိ မိမိတုိ ့ စုေဆာင္းသိမ္းဆည္းထားေၾကာင္း အေစာင့္တပ္ရဲ႕ ေလတပ္ဦးစီးခ်ဳပ္ ဗုိလ္မွဴးခ်ဳပ္ အမီရာလီ ဟာဂ်ီဇာဒက္က ေျပာဆုိခဲ့ပါတယ္။ ဒီလုိ က်ဴးေက်ာ္မႈမ်ဳိး ထပ္လုပ္လာရင္ စုေဆာင္းထားတဲ့ဒရုန္းအစုအေ၀းျပည့္စုံသြားေအာင္ အျခား အေမရိကန္စစ္ဘက္ ထုတ္ကုန္ေတြ မိမိတုိ ့ ထပ္ေပါင္းျဖည့္လုိက္မွာျဖစ္ေၾကာင္း ၄င္းက ဆုိခဲ့ပါတယ္။
အီရန္ႏုိင္ငံျခားေရး၀န္ႀကီး ဂ်ာဗက္ ဇာရစ္ဖ္ကလည္း တြစ္တာမွာ ကုိၾသဒီနိတ္မ်ဥ္းေတြ အေသးစိတဆ္ေဖာ္ျပထားတဲ့ ေျမပုံတစ္ခုတင္ကာ အေမရိကန္ ဒရုန္းက အီရန္ေရပုိင္နက္ေ၀ဟင္ကုိ ခ်ဳိးေဖာက္၀င္ေရာက္ခဲ့တယ္ဆုိတာ သံသျဖစ္စရာမရွိဘူးလုိ ့ ဒါေတြက ျပသေနေၾကာင္း ဆုိခဲ့ပါတယ္။
ၾကာသာပေတးေန ့အေစာပုိင္းက အီရန္ေ၀ဟင္ပုိင္နက္ကုိ ခ်ဳိးေဖာက္၀င္ေရာက္ေနတယ္ဆုိတဲ့ အေမရိကန္ ေရတပ္ဒရုန္းတစ္စင္းကုိ အီရန္ေလေၾကာင္းကာကြယ္ေရးလက္နက္နဲ ့ပစ္ခ်ခဲ့ပါတယ္။ အေမရိကန္ကေတာ့ ၄င္းတုိ ့ရဲ႕ ေမာင္းသူမဲ့ေလယာဥ္ဟာ ႏုိင္ငံတကာ ဒရုန္းပစ္ခ်ခံရမႈအတြက္ အီရန္ကုိ လက္တုန္ ့ျပန္ တုိက္ခုိက္မယ့္ အစီအစဥ္ကုိ ၁၀ မိနစ္ေလာက္အလုိမွ အမိန္ ့ျပန္ရုပ္သိမ္းခဲ့တာျဖစ္ေၾကာင္း ထရန္ ့က ေျပာဆုိထားခဲ့ပါတယ္။
အေမရိကန္ ဒရုန္းရဲ႕ ပုိင္နက္က်ဴးေက်ာ္မႈ ေနာက္ကြယ္မွာရွိေနသူဟာ အေမရိကန္ဗုိလ္ခ်ဳပ္တစ္ဦးလား ဒါမွမဟုတ္ အခ်ဳိ ့စီစဥ္သူေတြ ျဖစ္ႏုိင္သလားဆုိတာ မိမိတုိ ့ မသိေၾကာင္း ဒါေပမဲ့လည္း မည့္သည့္ ျဖစ္ရပ္မွာမဆုိ အီရန္ ေ၀ဟင္ပုိင္နက္ထဲ ေမာင္းသူမဲ့ေလယာဥ္တစ္စင္း က်ဴးေက်ာ္၀င္ေရာက္တာဟာ ႏုိင္ငံတကာ ေလေၾကာင္းပ်ံသန္းမႈ စည္းမ်ဥ္းေတြကုိ ခ်ဳိးေဖာက္တာျဖစ္လုိ ့ မိမိတုိ ့ရဲ႕ သဘာ၀က်တဲ့ တုန္ ့ျပန္မႈကုိ ႀကဳံေတြ ့ရမွာျဖစ္ေၾကာင္း အီရန္တပ္မွဴးက ေျပာဆုိခဲ့ပါတယ္။

-ကုိလင္း(အကုန္သိ သတင္းဌာန) | Ref : RT

Unicode Version

 

အီရန်နိုင်ငံ ဝေဟင်ပိုင်နက် ချိုးဖောက်ဝင်ရောက်လာတဲ့ အမေရိကန်ဒရုန်းတစ်စင်းကို အီရန်က ပစ်ချခဲ့တာဟာ သဘာဝကျတဲ့ တုန့်ပြန်မှုဖြစ်ကြောင်းနဲ့ အမေရိကန်အနေနဲ့ နောင်အခုလို ရန်လိုတဲ့ လုပ်ရပ်တွေ ထပ်လုပ်လာခဲ့ရင်လည်း ဒီနည်းအတိုင်း ဆက်လုပ်သွားဦးမှာဖြစ်ကြောင်း အီရန်တော်လှန်ရေး အစောင့်တပ် တပ်မှူးတစ်ဦးက ပြောဆိုလိုက်ပါတယ်။
အမေရိကန်ဟာ အီရန် ဝေဟင်ပိုင်နက်ကို ချိုးဖောက်ခဲ့တယ်ဆိုတာ သက်သေပြဖို့နဲ့ နိုင်ငံတကာ ဥပဒေကို မလေးစားဘူးဆိုတာ ပြသဖို့ အမေရိကန် ဒရုန်းတွေကို မိမိတို့ စုဆောင်းသိမ်းဆည်းထားကြောင်း အစောင့်တပ်ရဲ့ လေတပ်ဦးစီးချုပ် ဗိုလ်မှူးချုပ် အမီရာလီ ဟာဂျီဇာဒက်က ပြောဆိုခဲ့ပါတယ်။ ဒီလို ကျူးကျော်မှုမျိုး ထပ်လုပ်လာရင် စုဆောင်းထားတဲ့ဒရုန်းအစုအဝေးပြည့်စုံသွားအောင် အခြား အမေရိကန်စစ်ဘက် ထုတ်ကုန်တွေ မိမိတို့ ထပ်ပေါင်းဖြည့်လိုက်မှာဖြစ်ကြောင်း ၎င်းက ဆိုခဲ့ပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး ဂျာဗက် ဇာရစ်ဖ်ကလည်း တွစ်တာမှာ ကိုသြဒီနိတ်မျဉ်းတွေ အသေးစိတဆ်ဖော်ပြထားတဲ့ မြေပုံတစ်ခုတင်ကာ အမေရိကန် ဒရုန်းက အီရန်ရေပိုင်နက်ဝေဟင်ကို ချိုးဖောက်ဝင်ရောက်ခဲ့တယ်ဆိုတာ သံသဖြစ်စရာမရှိဘူးလို့ ဒါတွေက ပြသနေကြောင်း ဆိုခဲ့ပါတယ်။
ကြာသာပတေးနေ့အစောပိုင်းက အီရန်ဝေဟင်ပိုင်နက်ကို ချိုးဖောက်ဝင်ရောက်နေတယ်ဆိုတဲ့ အမေရိကန် ရေတပ်ဒရုန်းတစ်စင်းကို အီရန်လေကြောင်းကာကွယ်ရေးလက်နက်နဲ့ပစ်ချခဲ့ပါတယ်။ အမေရိကန်ကတော့ ၎င်းတို့ရဲ့ မောင်းသူမဲ့လေယာဉ်ဟာ နိုင်ငံတကာ ဒရုန်းပစ်ချခံရမှုအတွက် အီရန်ကို လက်တုန့်ပြန် တိုက်ခိုက်မယ့် အစီအစဉ်ကို ၁၀ မိနစ်လောက်အလိုမှ အမိန့်ပြန်ရုပ်သိမ်းခဲ့တာဖြစ်ကြောင်း ထရန့်က ပြောဆိုထားခဲ့ပါတယ်။
အမေရိကန် ဒရုန်းရဲ့ ပိုင်နက်ကျူးကျော်မှု နောက်ကွယ်မှာရှိနေသူဟာ အမေရိကန်ဗိုလ်ချုပ်တစ်ဦးလား ဒါမှမဟုတ် အချို့စီစဉ်သူတွေ ဖြစ်နိုင်သလားဆိုတာ မိမိတို့ မသိကြောင်း ဒါပေမဲ့လည်း မည့်သည့် ဖြစ်ရပ်မှာမဆို အီရန် ဝေဟင်ပိုင်နက်ထဲ မောင်းသူမဲ့လေယာဉ်တစ်စင်း ကျူးကျော်ဝင်ရောက်တာဟာ နိုင်ငံတကာ လေကြောင်းပျံသန်းမှု စည်းမျဉ်းတွေကို ချိုးဖောက်တာဖြစ်လို့ မိမိတို့ရဲ့ သဘာဝကျတဲ့ တုန့်ပြန်မှုကို ကြုံတွေ့ရမှာဖြစ်ကြောင်း အီရန်တပ်မှူးက ပြောဆိုခဲ့ပါတယ်။

- ကိုလင်း ( အကုန်သိ သတင်းဌာန ) | Ref : RT

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။