Skip to main content
အီသီယုိပီးယားမွာ အာဏာသိမ္းဖုိ ့ႀကိဳးပမ္းမႈျဖစ္ စစ္ဦးစီးခ်ဳပ္ ပစ္သတ္ခံရကာ အစုိးရထိပ္တန္းအရာရွိႏွစ္ဦးလည္း ေသဆုံး
Ads Block

အီသီယုိပီးယားမွာ အာဏာသိမ္းဖုိ ့ႀကိဳးပမ္းမႈျဖစ္ စစ္ဦးစီးခ်ဳပ္ ပစ္သတ္ခံရကာ အစုိးရထိပ္တန္းအရာရွိႏွစ္ဦးလည္း ေသဆုံး

အီသီယုိပီးယားႏုိင္ငံ အမ္ဟာရာျပည္နယ္မွာ စစ္ဗုိလ္ခ်ဳပ္တစ္ဦးရဲ႕ အာဏာသိမ္းဖုိ ့ႀကိဳးပမ္းမႈေပၚေပါက္ခဲ့ၿပီး စစ္ဦးစီးခ်ဳပ္ ဗုိလ္ခ်ဳပ္ႀကီး ဆီးရာမက္ကြန္နန္ ေသနတ္နဲ ့ပစ္သတ္ခံခဲ့ရကာ အျခား အစုိးရ ထိပ္တန္းအရာရွိႏွစ္ဦးလည္း ေသဆုံးခဲ့ေၾကာင္း ႏုိင္ငံပုိင္ သတင္းဌာနက တနဂၤေႏြေန ့မွာ သတင္းထုတ္ျပန္ခဲ့ပါတယ္။

အီသီယုိပီးယားမွာ အာဏာသိမ္းဖုိ ့ႀကိဳးပမ္းမႈျဖစ္ စစ္ဦးစီးခ်ဳပ္ ပစ္သတ္ခံရကာ အစုိးရထိပ္တန္းအရာရွိႏွစ္ဦးလည္း ေသဆုံး


စစ္ယူနီေဖာင္း၀တ္ဆင္ထားတဲ့ ၀န္ႀကီးခ်ဳပ္ အာမက္အဘီေယက စေနေန ့အေႏွာင္းပိုင္းမွာ ရုပ္သံကတဆင့္ ေၾကညာခ်က္ထုတ္ျပနတ္ရာမွာ စေနေန ့အေစာပုိင္းက အမ္ဟာရာျပည္နယ္ ၿမိဳ ့ေတာ္ ဘာဟီရာဒါမွာ အဏာသိမ္းဖုိ ့ႀကိဳပမ္းမႈျဖစ္ခဲ့တာျဖစ္ၿပီး ယင္းျဖစ္စဥ္အတြင္း ေသဆုံး ဒဏ္ရာရသူေတြထဲမွာ အီသီယုိပီးယားရဲ႕ စစ္ဦးစီးခ်ဳပ္ ဆီးရာ မီကြန္နန္လည္းပါ၀င္ေၾကာင္း ေျပာဆုိခဲ့ပါတယ္။
“သူ ့အနီးမွာရွိေနသူေတြက သူ ့ကုိ ပစ္ခတ္ခဲ့တာပါ” လုိ ့ အဘီေယက ေျပာဆုိပါတယ္။ အဘီေယရဲ႕ အေျပာအရ ေဒသဆုိင္ရာ အစုိးရအရာရွိေတြ စည္းေ၀းပြဲျပဳလုပ္ေနစဥ္ အာဏာသိမ္းဖုိ ့ႀကိဳးပမ္းမႈ ေပၚေပါက္ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္။
တနဂၤေႏြ အေစာပုိင္းက ျပည္နယ္ရုပ္သံဌာနက ထုတ္ျပန္ရာမွာေတာ့ အမ္ဟာရာျပည္နယ္အစုိးရေခါင္းေဆာင္ အမ္ဘာေခ်ာ မီကြန္နန္နဲ ့၄င္းရဲ႕ အႀကံေပးျဖစ္သူတုိ ့ႏွစ္ဦး ေသဆုံးခဲ့ေၾကာင္း ဆုိခဲ့ကာ စစ္ဦးစီးခ်ဳပ္ ေသ မေသဆုိတာေတာ့ ရွင္းရွင္းလင္းလင္း ေဖာ္ျပခဲ့ျခင္း မရွိပါဘူး။ အာဏာသိမ္းဖုိ ့အစီအစဥ္ကုိ ေဒသဆုိင္ရာ လုံၿခဳံေရးေခါင္းေဆာင္ ဗုိလ္ခ်ဳပ္ႀကီး အဆမ္ႏ်ဴ ဆုိင္းက ႀကဳိးကုိင္စီမံခဲ့တာျဖစ္ေၾကာင္း ႏုိင္ငံပုိင္မီဒီယာက ေဖာ္ျပပါတယ္။
တုိက္ခုိက္သူေတြကုိ တားဆီးဖုိ ့ႀကိဳးပမ္းစဥ္ ဆီးရာပစ္ခံလုိက္ရတာျဖစ္ေၾကာင္း အဘီေယက ေျပာဆုိပါတယ္။ စစ္ဦးစီးခ်ဳပ္ ဆီးရာ ေသဆုံးခဲ့သလား၊ ဒဏ္ရာပဲရခဲ့တာလားဆုိတာ ရွင္းရွင္းလင္းလင္း မသိရေသးေၾကာင္း ၀န္ႀကီးခ်ဳပ္ရဲ႕ သတင္းထုတ္ျပန္ေရးအတြင္းေရးမွဴး ဘီလ္လန္ ့ ေဆေယာင္က ရုိက္တာသတင္းကုိ ေျပာဆုိခဲ့ေပမယ့္ ေဒသဆုိင္ရာ ရုပ္သံဌာနက ထုတ္ျပန္ရာမွာေတာ့ အျခား စစ္တပ္ထိပ္တန္း အရာရွိတစ္ဦးနဲ ့အတူ ဆီးရာလည္း ေသဆုံးသြားခဲ့ေၾကာင္း ဆုိခဲ့ပါတယ္။
ၿပီးခဲ့တဲ့ႏွစ္မွာ ၀န္ႀကီးခ်ဳပ္တာ၀န္ယူခဲ့တဲ့ အဘီေယဟာ ႏုိင္ငံေရး မၿငိမ္သက္မႈေတြျဖစ္ေနတဲ့ လူဦးေရ သန္း ၁၀၀ ရွိ အာဖရိကဦးခ်ဳိႏုိင္ငံမွာ ႏုိင္ငံေရးျပဳျပင္ေျပာင္းလဲမႈလုပ္ဖုိ ့ ဦးေဆာင္ႀကိဳးပမ္းေနသူျဖစ္ပါတယ္။ ယင္း ႏုိင္ငံေရး မၿငိမ္သက္မႈေတြေၾကာင့္ ၄င္းရဲ႕ အရင္၀န္ႀကီးခ်ဳပ္ ဟီလ္လမ္မာရီယမ္ ဒီဆဲလ္လန္ ့ ရာထူးက ႏုတ္ထြက္သြားခဲ့ရပါတယ္။ BBC,Reuters
အဘီေယဟာ ႏုိင္ငံေရးအက်ဥ္းသားေတြကုိ လႊတ္ေပးျခင္း၊ ႏုိင္ငံေရးပါတီေတြအေပၚ ပိတ္ပင္ထားမႈေတြကုိ ဖယ္ရွားေပးျခင္းနဲ ့လူ ့အခြင့္အေရးခ်ဳိးေဖာက္မႈေတြလုပ္ခဲ့တဲ့ အစုိးရအရာရွိေတြကုိ တရားစြဲဆုိျခင္းေတြ လုပ္ခဲ့ေပမယ့္ ၄င္းရဲ႕ အစုိးရဟာ အႀကမ္းဖက္ဆူပူေတြမ်ားစြာကုိ ရင္ဆုိင္ေနခဲ့ရပါတယ္။

-  ကုိလင္း ( အကုန္သိ သတင္းဌာန )

Unicode Version

 

အီသီယိုပီးယားနိုင်ငံ အမ်ဟာရာပြည်နယ်မှာ စစ်ဗိုလ်ချုပ်တစ်ဦးရဲ့ အာဏာသိမ်းဖို့ကြိုးပမ်းမှုပေါ်ပေါက်ခဲ့ပြီး စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဆီးရာမက်ကွန်နန် သေနတ်နဲ့ပစ်သတ်ခံခဲ့ရကာ အခြား အစိုးရ ထိပ်တန်းအရာရှိနှစ်ဦးလည်း သေဆုံးခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာနက တနင်္ဂနွေနေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။
စစ်ယူနီဖောင်းဝတ်ဆင်ထားတဲ့ ဝန်ကြီးချုပ် အာမက်အဘီယေက စနေနေ့အနှောင်းပိုင်းမှာ ရုပ်သံကတဆင့် ကြေညာချက်ထုတ်ပြနတ်ရာမှာ စနေနေ့အစောပိုင်းက အမ်ဟာရာပြည်နယ် မြို့တော် ဘာဟီရာဒါမှာ အဏာသိမ်းဖို့ကြိုပမ်းမှုဖြစ်ခဲ့တာဖြစ်ပြီး ယင်းဖြစ်စဉ်အတွင်း သေဆုံး ဒဏ်ရာရသူတွေထဲမှာ အီသီယိုပီးယားရဲ့ စစ်ဦးစီးချုပ် ဆီးရာ မီကွန်နန်လည်းပါဝင်ကြောင်း ပြောဆိုခဲ့ပါတယ်။
“သူ့အနီးမှာရှိနေသူတွေက သူ့ကို ပစ်ခတ်ခဲ့တာပါ” လို့ အဘီယေက ပြောဆိုပါတယ်။ အဘီယေရဲ့ အပြောအရ ဒေသဆိုင်ရာ အစိုးရအရာရှိတွေ စည်းဝေးပွဲပြုလုပ်နေစဉ် အာဏာသိမ်းဖို့ကြိုးပမ်းမှု ပေါ်ပေါက်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
တနင်္ဂနွေ အစောပိုင်းက ပြည်နယ်ရုပ်သံဌာနက ထုတ်ပြန်ရာမှာတော့ အမ်ဟာရာပြည်နယ်အစိုးရခေါင်းဆောင် အမ်ဘာချော မီကွန်နန်နဲ့၎င်းရဲ့ အကြံပေးဖြစ်သူတို့နှစ်ဦး သေဆုံးခဲ့ကြောင်း ဆိုခဲ့ကာ စစ်ဦးစီးချုပ် သေ မသေဆိုတာတော့ ရှင်းရှင်းလင်းလင်း ဖော်ပြခဲ့ခြင်း မရှိပါဘူး။ အာဏာသိမ်းဖို့အစီအစဉ်ကို ဒေသဆိုင်ရာ လုံခြုံရေးခေါင်းဆောင် ဗိုလ်ချုပ်ကြီး အဆမ်နျူ ဆိုင်းက ကြိုးကိုင်စီမံခဲ့တာဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
တိုက်ခိုက်သူတွေကို တားဆီးဖို့ကြိုးပမ်းစဉ် ဆီးရာပစ်ခံလိုက်ရတာဖြစ်ကြောင်း အဘီယေက ပြောဆိုပါတယ်။ စစ်ဦးစီးချုပ် ဆီးရာ သေဆုံးခဲ့သလား၊ ဒဏ်ရာပဲရခဲ့တာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ဝန်ကြီးချုပ်ရဲ့ သတင်းထုတ်ပြန်ရေးအတွင်းရေးမှူး ဘီလ်လန့် ဆေယောင်က ရိုက်တာသတင်းကို ပြောဆိုခဲ့ပေမယ့် ဒေသဆိုင်ရာ ရုပ်သံဌာနက ထုတ်ပြန်ရာမှာတော့ အခြား စစ်တပ်ထိပ်တန်း အရာရှိတစ်ဦးနဲ့အတူ ဆီးရာလည်း သေဆုံးသွားခဲ့ကြောင်း ဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်မှာ ဝန်ကြီးချုပ်တာဝန်ယူခဲ့တဲ့ အဘီယေဟာ နိုင်ငံရေး မငြိမ်သက်မှုတွေဖြစ်နေတဲ့ လူဦးရေ သန်း ၁၀၀ ရှိ အာဖရိကဦးချိုနိုင်ငံမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်ဖို့ ဦးဆောင်ကြိုးပမ်းနေသူဖြစ်ပါတယ်။ ယင်း နိုင်ငံရေး မငြိမ်သက်မှုတွေကြောင့် ၎င်းရဲ့ အရင်ဝန်ကြီးချုပ် ဟီလ်လမ်မာရီယမ် ဒီဆဲလ်လန့် ရာထူးက နုတ်ထွက်သွားခဲ့ရပါတယ်။ BBC,Reuters
အဘီယေဟာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးခြင်း၊ နိုင်ငံရေးပါတီတွေအပေါ် ပိတ်ပင်ထားမှုတွေကို ဖယ်ရှားပေးခြင်းနဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေလုပ်ခဲ့တဲ့ အစိုးရအရာရှိတွေကို တရားစွဲဆိုခြင်းတွေ လုပ်ခဲ့ပေမယ့် ၎င်းရဲ့ အစိုးရဟာ အကြမ်းဖက်ဆူပူတွေများစွာကို ရင်ဆိုင်နေခဲ့ရပါတယ်။

-  ကိုလင်း ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။