Skip to main content
အလိုမတူဘဲခိုးယူေပါင္းသင္းေသာအမ်ိဳးသားကို အဓမၼျပဳက်င့္မႈျဖင့္ အမႈဖြင့္
Ads Block

အလိုမတူဘဲခိုးယူေပါင္းသင္းေသာအမ်ိဳးသားကို အဓမၼျပဳက်င့္မႈျဖင့္ အမႈဖြင့္

တာခ်ီလိတ္ၿမိဳ႕နယ္တြင္ ၁၆ ႏွစ္အရြယ္မိန္းကေလးအား ၎၏ရည္းစားျဖစ္သူက ဆိုင္ကယ္ျဖင့္ ေခၚေဆာင္သြားျခင္းႏွင့္ပတ္သက္ၿပီး မိန္းကေလး၏မိခင္က အဓမၼျပဳက်င့္မႈျဖင့္ အမႈဖြင့္ထားေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ရွမ္းျပည္နယ္၊ တာခ်ီလိတ္ၿမိဳ႕နယ္၊ က်ဳိင္းလပ္ၿမိဳ႕၊ နမ့္ခင္းအုပ္စု၊ ပန္ပဲ(ေအာက္)ေက်းရြာတြင္ ဇြန္လ ၁၇ ရက္၊ ညေနပိုင္းက မ------ (၁၆)ႏွစ္၊ ၇ တန္းေက်ာင္းသူသည္ မိခင္ရွိရာ ေတာင္ယာကိုလိုက္သြားရာ လမ္း၌ ရွဲန္ေမြ (ခ)ရွဲန္ေမြလွ၊ (၂၁)ႏွစ္က ဆိုင္ကယ္ျဖင့္တင္ေျပးခဲ့ျခင္းျဖစ္ေၾကာင္း မိုင္းပါလွ်ိဳးနယ္ေျမရဲစခန္းမွ သိရသည္။
“ေကာင္မေလးနဲ႔ အဲဒီေကာင္ေလးနဲ႔က သမီးရည္းစားလို႔ သိရတယ္။ ေကာင္မေလးက သူ႔အေမရွိတဲ့ ေတာင္ယာကိုသြားတဲ့အခ်ိန္မွာ ေကာင္ေလးက ေနာက္ကေနဆိုင္ကယ္နဲ႔လိုက္လာတယ္။ လိုက္လာၿပီးေတာ့ ေကာင္မေလးကို ေကာင္ေလးက သူ႔အစ္ကိုအိမ္ဆီ ဆိုင္ကယ္နဲ႔တင္ေျပးလာတယ္။ ၁၉ ရက္ေန႔မွာ ေကာင္မေလးအစ္ကိုေတြက ေကာင္မေလးကို ျပန္ေတြ႔ခဲ့တယ္။ အက်ဳိးအေၾကာင္းေမးျမန္းၾကတယ္။ ၿပီးေတာ့ အဓမၼျပဳက်င့္ခဲ့တယ္ဆိုၿပီး ေကာင္မေလးအေမက အမႈဖြင့္ထားပါတယ္။ လက္ရွိေတာ့ စစ္ေဆးေနတုန္းပါပဲ” ဟု မိုင္းပါလွ်ိဳးနယ္ေျမရဲစခန္းမွ ရဲအရာရွိတစ္ဦးက အကုန္သိသတင္းဌာနသို႔ ဇြန္လ ၂၃ ရက္တြင္ ေျပာသည္။
ယင္းျဖစ္စဥ္ႏွင့္ပတ္သက္၍ မ------ ၏ မိခင္ျဖစ္သူမွ ဇြန္လ ၂၂ ရက္၊ နံနက္ပိုင္းတြင္ တရားလိုျပဳလုပ္ တိုင္တန္းခဲ့သျဖင့္ ရွဲန္ ေမြ(ခ)ရွဲန္ေမြလွ၊ (၂၁)ႏွစ္၊ က်ယီးရြာ၊ မိုင္းကိုးအုပ္စု၊ တာခ်ီလိတ္ၿမိဳ႕နယ္ေနသူကို မိုင္းပါလွ်ိဳးနယ္ေျမရဲစခန္း၌ (ပ)၆/၂၀၁၉၊ ရာဇသတ္ႀကီးပုဒ္မ-၃၇၆/၃၆၃ ျဖင့္ ဖမ္းဆီးအမႈဖြင့္ကာ စစ္ေဆးေနေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္ (အကုန္သိ သတင္းဌာန )

Unicode Version

 

တာချီလိတ်မြို့နယ်တွင် ၁၆ နှစ်အရွယ်မိန်းကလေးအား ၎င်း၏ရည်းစားဖြစ်သူက ဆိုင်ကယ်ဖြင့် ခေါ်ဆောင်သွားခြင်းနှင့်ပတ်သက်ပြီး မိန်းကလေး၏မိခင်က အဓမ္မပြုကျင့်မှုဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ကျိုင်းလပ်မြို့၊ နမ့်ခင်းအုပ်စု၊ ပန်ပဲ(အောက်)ကျေးရွာတွင် ဇွန်လ ၁၇ ရက်၊ ညနေပိုင်းက မ------ (၁၆)နှစ်၊ ၇ တန်းကျောင်းသူသည် မိခင်ရှိရာ တောင်ယာကိုလိုက်သွားရာ လမ်း၌ ရှဲန်မွေ (ခ)ရှဲန်မွေလှ၊ (၂၁)နှစ်က ဆိုင်ကယ်ဖြင့်တင်ပြေးခဲ့ခြင်းဖြစ်ကြောင်း မိုင်းပါလျှိုးနယ်မြေရဲစခန်းမှ သိရသည်။
“ကောင်မလေးနဲ့ အဲဒီကောင်လေးနဲ့က သမီးရည်းစားလို့ သိရတယ်။ ကောင်မလေးက သူ့အမေရှိတဲ့ တောင်ယာကိုသွားတဲ့အချိန်မှာ ကောင်လေးက နောက်ကနေဆိုင်ကယ်နဲ့လိုက်လာတယ်။ လိုက်လာပြီးတော့ ကောင်မလေးကို ကောင်လေးက သူ့အစ်ကိုအိမ်ဆီ ဆိုင်ကယ်နဲ့တင်ပြေးလာတယ်။ ၁၉ ရက်နေ့မှာ ကောင်မလေးအစ်ကိုတွေက ကောင်မလေးကို ပြန်တွေ့ခဲ့တယ်။ အကျိုးအကြောင်းမေးမြန်းကြတယ်။ ပြီးတော့ အဓမ္မပြုကျင့်ခဲ့တယ်ဆိုပြီး ကောင်မလေးအမေက အမှုဖွင့်ထားပါတယ်။ လက်ရှိတော့ စစ်ဆေးနေတုန်းပါပဲ” ဟု မိုင်းပါလျှိုးနယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက အကုန်သိသတင်းဌာနသို့ ဇွန်လ ၂၃ ရက်တွင် ပြောသည်။
ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ မ------ ၏ မိခင်ဖြစ်သူမှ ဇွန်လ ၂၂ ရက်၊ နံနက်ပိုင်းတွင် တရားလိုပြုလုပ် တိုင်တန်းခဲ့သဖြင့် ရှဲန် မွေ(ခ)ရှဲန်မွေလှ၊ (၂၁)နှစ်၊ ကျယီးရွာ၊ မိုင်းကိုးအုပ်စု၊ တာချီလိတ်မြို့နယ်နေသူကို မိုင်းပါလျှိုးနယ်မြေရဲစခန်း၌ (ပ)၆/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ-၃၇၆/၃၆၃ ဖြင့် ဖမ်းဆီးအမှုဖွင့်ကာ စစ်ဆေးနေကြောင်း သိရသည်။

- နိုင်မင်းလွင် (အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။