Skip to main content
မူလတန္းေက်ာင္းသားအားလံုး အလယ္တန္း၊ အထက္တန္းပညာမ်ား ဆက္လက္သင္ယူေစလိုဟု ပညာေရး၀န္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီး ေျပာ
Ads Block

မူလတန္းေက်ာင္းသားအားလံုး အလယ္တန္း၊ အထက္တန္းပညာမ်ား ဆက္လက္သင္ယူေစလိုဟု ပညာေရး၀န္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီး ေျပာ


မူလတန္းေက်ာင္းသားအားလံုး မူလတန္းပညာသင္ယူတတ္ေျမာက္ၿပီးေနာက္ အလယ္တန္း၊ အထက္တန္း ပညာမ်ား ဆက္လက္သင္ယူေစလိုေၾကာင္း ပညာေရး၀န္ႀကီးဌာနမွ ျပည္ေထာင္စု၀န္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက ေျပာလိုက္သည္။
ပဲခူးတုိင္းေဒသႀကီး၊ ျဖဴးၿမိဳ႕နယ္တြင္ ဇြန္လ ၂၂ ရက္ကက်င္းပေသာ အမွတ္- ၃ ၊ အေျခခံပညာ အထက္တန္းေက်ာင္းအဆင့္တုိးျမွင့္ဖြင့္လွစ္ျခင္းအခမ္းအနားတြင္ ယခုကဲ့သို႔ေျပာျခင္းျဖစ္သည္။
“ယခုႏွစ္တြင္ ေက်ာင္းေပါင္း(၅၆၅၁)ေက်ာင္းအဆင့္တုိးျမွင့္ေပးခဲ့ၿပီး ျဖဴးၿမိဳ႕နယ္တြင္(၈) ေက်ာင္းကို ေက်ာင္းအဆင့္တုိးျမွင့္ေပးခ့ဲပါတယ္။ ဆရာလိုအပ္ခ်က္၊ စာသင္ခန္းလိုအပ္ခ်က္၊ သင္ေထာက္ကူပစၥည္းမ်ား၊ ေရ၊ သန္႔စင္ခန္း၊ စာၾကည့္တုိက္၊ သိပံၸခန္း၊ ၀န္ထမ္းအိမ္ယာ စသည္မ်ားအတြက္လည္းခြင့္ျပဳဘ႑ာေငြႏွင့္ လုပ္ထံုးလုပ္နည္းမ်ားအရအတတ္ႏုိင္ဆံုးျဖည့္ဆည္းေပးလ်က္ရွိပါတယ္။ အထူးေမတၱာရပ္ခံ အသိေပးလိုသည္မွာ ေက်ာင္းထြက္သူလံုး၀မရွိဘဲ မူလတန္းေက်ာင္းသားအားလံုး မူလတန္းပညာ သင္ယူၿပီးေျမာက္ၿပီး အလယ္တန္း၊ အထက္တန္းပညာဆက္လက္ သင္ယူေစလုိပါတယ္” ဟု ပညာေရး၀န္ႀကီးဌာနမွ ျပည္ေထာင္စု၀န္ႀကီးေဒါက္တာမ်ိဳးသိမ္းႀကီးက ေျပာသည္။
ပညာေရး၀န္ႀကီးဌာန၊ အေျခခံပညာဦးစီးဌာနေအာက္ရွိ အေျခခံပညာေက်ာင္းေပါင္း ေလးေသာင္းေက်ာ္ ရွိေၾကာင္း သိရသည္။
၂၀၁၇-၂၀၁၈ပညာသင္နွစ္တြင္ မူလတန္းမွ အထက္တန္းအထိ ေက်ာင္းထြက္ရာခုိင္ႏႈန္းမွာ ၀ ဒႆမ ၇၀ ရာခုိင္နႈန္းမွ ၁၃ ဒႆမ ၅၄ ရာခုိင္ႏႈန္းအထိရွိေၾကာင္း သိရသည္။
လက္ရွိအစိုးရလက္ထက္တြင္ အေကာင္အထည္ေဖာ္ခဲ့ေသာ KG+12 ပညာေရး ျပဳျပင္ေျပာင္းလဲမႈအရ သူငယ္တန္းတြင္ စာမသင္ဘဲပုံဆြဲျခင္း၊ သီခ်င္းဆုိျခင္း၊ ကုိယ္လက္လႈပ္ရွားျခင္းတုိ႔ကုိ ဦးစားေပး ေဆာင္ရြက္ေနသည္။

-  မင္းသီဟန္   (  အကုန္သိ သတင္းဌာန  )

Unicode Version


မူလတန်းကျောင်းသားအားလုံး မူလတန်းပညာသင်ယူတတ်မြောက်ပြီးနောက် အလယ်တန်း၊ အထက်တန်း ပညာများ ဆက်လက်သင်ယူစေလိုကြောင်း ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောလိုက်သည်။
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်တွင် ဇွန်လ ၂၂ ရက်ကကျင်းပသော အမှတ်- ၃ ၊ အခြေခံပညာ အထက်တန်းကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ခြင်းအခမ်းအနားတွင် ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
“ယခုနှစ်တွင် ကျောင်းပေါင်း(၅၆၅၁)ကျောင်းအဆင့်တိုးမြှင့်ပေးခဲ့ပြီး ဖြူးမြို့နယ်တွင်(၈) ကျောင်းကို ကျောင်းအဆင့်တိုးမြှင့်ပေးခဲ့ပါတယ်။ ဆရာလိုအပ်ချက်၊ စာသင်ခန်းလိုအပ်ချက်၊ သင်ထောက်ကူပစ္စည်းများ၊ ရေ၊ သန့်စင်ခန်း၊ စာကြည့်တိုက်၊ သိပ္ပံခန်း၊ ဝန်ထမ်းအိမ်ယာ စသည်များအတွက်လည်းခွင့်ပြုဘဏ္ဍာငွေနှင့် လုပ်ထုံးလုပ်နည်းများအရအတတ်နိုင်ဆုံးဖြည့်ဆည်းပေးလျက်ရှိပါတယ်။ အထူးမေတ္တာရပ်ခံ အသိပေးလိုသည်မှာ ကျောင်းထွက်သူလုံးဝမရှိဘဲ မူလတန်းကျောင်းသားအားလုံး မူလတန်းပညာ သင်ယူပြီးမြောက်ပြီး အလယ်တန်း၊ အထက်တန်းပညာဆက်လက် သင်ယူစေလိုပါတယ်” ဟု ပညာရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဒေါက်တာမျိုးသိမ်းကြီးက ပြောသည်။
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအောက်ရှိ အခြေခံပညာကျောင်းပေါင်း လေးသောင်းကျော် ရှိကြောင်း သိရသည်။
၂၀၁၇-၂၀၁၈ပညာသင်နှစ်တွင် မူလတန်းမှ အထက်တန်းအထိ ကျောင်းထွက်ရာခိုင်နှုန်းမှာ ၀ ဒဿမ ၇၀ ရာခိုင်နှုန်းမှ ၁၃ ဒဿမ ၅၄ ရာခိုင်နှုန်းအထိရှိကြောင်း သိရသည်။
လက်ရှိအစိုးရလက်ထက်တွင် အကောင်အထည်ဖော်ခဲ့သော KG+12 ပညာရေး ပြုပြင်ပြောင်းလဲမှုအရ သူငယ်တန်းတွင် စာမသင်ဘဲပုံဆွဲခြင်း၊ သီချင်းဆိုခြင်း၊ ကိုယ်လက်လှုပ်ရှားခြင်းတို့ကို ဦးစားပေး ဆောင်ရွက်နေသည်။

-  မင်းသီဟန်   (  အကုန်သိ သတင်းဌာန  )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။