Skip to main content
၁ ႏွစ္ေက်ာ္အရြယ္ကေလးတစ္ဦး ႏြံထဲနစ္ေနရသည့္အေၾကာင္းအရင္းကို ရဲတပ္ဖြဲ႔က စုံစမ္းစစ္ေဆးေန
Ads Block

၁ ႏွစ္ေက်ာ္အရြယ္ကေလးတစ္ဦး ႏြံထဲနစ္ေနရသည့္အေၾကာင္းအရင္းကို ရဲတပ္ဖြဲ႔က စုံစမ္းစစ္ေဆးေန

ေပါင္ၿမိဳ႕နယ္တြင္ ၁ ႏွစ္ေက်ာ္အရြယ္ကေလးတစ္ဦး ႏြံထဲနစ္ေနျခင္းႏွင့္ ပတ္သက္၍ သက္ဆိုင္ရာရဲတပ္ဖြဲ႔မွ စုံစမ္းစစ္ေဆးေနေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္၊ ထန္းပင္ေခ်ာင္ေက်းရြာ၊ ခရြတ္ေခ်ာင္းႏြံထဲတြင္ ဇြန္လ ၂၂ ရက္၊ ေန႔လယ္ ၁၂ နာရီခန္႔က ၁ ႏွစ္ေက်ာ္အရြယ္ကေလးတစ္ဦး နစ္ေနသည္ကို ေတြ႔ရွိခဲ့ေၾကာင္း သိရသည္။
“ဒီကေလးႏြံထဲနစ္ေနတာကို ေတြ႔ရလို႔ ပရဟိတအဖြဲ႔ေတြနဲ႔ ေဆးရုံကိုပို႔ထားလိုက္တယ္။ ဒီေလာက္ပဲ သိရေသးတယ္။ အဲဒီကေလးမိဘေတြဟာ ဘယ္သူဘယ္ဝါဆိုတာကို ကြ်န္ေတာ္တို႔မသိရေသးဘူး။ စုံစမ္းေနတုန္းပဲ ရွိပါေသးတယ္။ ႏြံထဲနစ္ရတဲ့အေၾကာင္းကိုလည္း စုံစမ္းေနဆဲပါ” ဟု ထန္းပင္ေခ်ာင္ ရဲကင္းစခန္းမွဴး ရဲအုပ္သိန္း ထြန္းလွေအာင္က အကုန္သိသတင္းဌာနသို႔ ေျပာသည္။
အဆိုပါကေလးအား ေပါင္ေဆးရုံမွ ေမာ္လၿမိဳင္ၿမိဳ႕နယ္ရွိ ကေလးေဆးရုံသို႔ ပို႔ေဆာင္ထားၿပီး လက္ရွိတြင္ စိုးရိမ္ရ အေျခအေနမရွိေၾကာင္း သိရသည္။
“ေပါင္ကေန ေမာ္လၿမိဳင္ေဆးရုံကို ကေလးတစ္ေယာက္လႊဲခ်င္လို႔ပါဆိုၿပီး စိတၱသုခအသင္းက ကြ်န္မတို႔ဆီကို ဖုန္းလွမ္းဆက္တယ္။ အဲဒါကို ကြ်န္မက ဘယ္လိုျဖစ္တာလဲလို႔ ေမးၾကည့္တဲ့အခါ ထန္းပင္ေခ်ာင္ေက်းရြာဥကၠ႒ က ေျပာတာကေတာ့ ေန႔လယ္ ၁၂ နာရီေလာက္မွာ ရြာကေလွသမားက ေလွဆင္းမယ္ဆိုၿပီးသြားတဲ့အခ်ိန္မွာ အဲဒီကေလးက ႏုန္းေတြနဲ႔နစ္ေနတာကို ေတြ႔လိုက္ရတယ္။ အဲဒီကေလးကို ရြာကလူေတြအေၾကာင္းၾကားၿပီး ေခၚလာခဲ့တယ္။ ၿပီးေတာ့ ေရေတြဘာေတြခ်ဳိးေပးၿပီးလုပ္လိုက္ေတာ့ ကေလးက လန္းလန္းဆန္းဆန္း ျပန္ျဖစ္လာၿပီးေတာ့ ဗိုက္ထဲကေန ႏုန္းေတြအန္ထုတ္လိုက္တယ္။ သူတို႔က ေဆးရုံကိုပို႔မွရမယ္ဆိုၿပီး ေပါင္ေဆးရုံကို ပို႔လိုက္တယ္။ အဲဒီကေန ေမာ္လၿမိဳင္ေဆးရုံကိုလႊဲတာလို႔ေျပာတယ္။ အဲဒီေက်းရြာဥကၠ႒ရဲ႕ ေျပာၾကားခ်က္အရ ဒီကေလးကို သူ႔အေမက လက္ဆြဲၿပီးေခၚသြားတာကို ေတြ႔တဲ့သူကေတြ႔တယ္။ ၿပီးေတာ့ ကေလးကို သူ႔အေမက ႏြံထဲမွာႏွစ္သတ္ထားၿပီး ေရတက္မယ့္အခ်ိန္က်ရင္ ေမ်ာပါသြားလို႔ေလ။ သူ႔အေမ ႏွစ္ေနတာကိုေတာ့ ျမင္တဲ့သူမရွိဘူး။ ဒါေပမယ့္ အဲဒီလိုဘာလို႔ေျပာလဲဆိုေတာ့ ကေလးကို အေသသတ္တဲ့ ပုံစံမ်ဳိး လုပ္ထားတာေလ။ ႏုန္းေတြနဲ႔အရမ္းႏွစ္ထားတာေလ” ဟု ရင္ခြင္မဲ့ ေစာင့္ေရွာက္ေရးအသင္း ေမာ္လၿမိဳင္ခရိုင္ဥကၠ႒ ေဒၚေသာ္တာဝင္းဇင္က အကုန္သိသတင္းဌာနသို႔ ေျပာသည္။
အဆိုပါကေလးႏွင့္ပတ္သက္၍ အမည္၊ မိဘ၊ ေနရပ္လိပ္စာတို႔ကို စုံစမ္းေနၿပီး အမႈဖြင့္ထားျခင္းမရွိေၾကာင္း ေပါင္ၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴးရုံးမွ သိရသည္။
-  ႏိုင္မင္းလြင္( အကုန္သိသတင္းဌာန )  | ဓာတ္ပုံ-Bowin

Unicode Version

 

ပေါင်မြို့နယ်တွင် ၁ နှစ်ကျော်အရွယ်ကလေးတစ်ဦး နွံထဲနစ်နေခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။
ဖြစ်စဉ်မှာ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ထန်းပင်ချောင်ကျေးရွာ၊ ခရွတ်ချောင်းနွံထဲတွင် ဇွန်လ ၂၂ ရက်၊ နေ့လယ် ၁၂ နာရီခန့်က ၁ နှစ်ကျော်အရွယ်ကလေးတစ်ဦး နစ်နေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
“ဒီကလေးနွံထဲနစ်နေတာကို တွေ့ရလို့ ပရဟိတအဖွဲ့တွေနဲ့ ဆေးရုံကိုပို့ထားလိုက်တယ်။ ဒီလောက်ပဲ သိရသေးတယ်။ အဲဒီကလေးမိဘတွေဟာ ဘယ်သူဘယ်ဝါဆိုတာကို ကျွန်တော်တို့မသိရသေးဘူး။ စုံစမ်းနေတုန်းပဲ ရှိပါသေးတယ်။ နွံထဲနစ်ရတဲ့အကြောင်းကိုလည်း စုံစမ်းနေဆဲပါ” ဟု ထန်းပင်ချောင် ရဲကင်းစခန်းမှူး ရဲအုပ်သိန်း ထွန်းလှအောင်က အကုန်သိသတင်းဌာနသို့ ပြောသည်။
အဆိုပါကလေးအား ပေါင်ဆေးရုံမှ မော်လမြိုင်မြို့နယ်ရှိ ကလေးဆေးရုံသို့ ပို့ဆောင်ထားပြီး လက်ရှိတွင် စိုးရိမ်ရ အခြေအနေမရှိကြောင်း သိရသည်။
“ပေါင်ကနေ မော်လမြိုင်ဆေးရုံကို ကလေးတစ်ယောက်လွှဲချင်လို့ပါဆိုပြီး စိတ္တသုခအသင်းက ကျွန်မတို့ဆီကို ဖုန်းလှမ်းဆက်တယ်။ အဲဒါကို ကျွန်မက ဘယ်လိုဖြစ်တာလဲလို့ မေးကြည့်တဲ့အခါ ထန်းပင်ချောင်ကျေးရွာဥက္ကဋ္ဌ က ပြောတာကတော့ နေ့လယ် ၁၂ နာရီလောက်မှာ ရွာကလှေသမားက လှေဆင်းမယ်ဆိုပြီးသွားတဲ့အချိန်မှာ အဲဒီကလေးက နုန်းတွေနဲ့နစ်နေတာကို တွေ့လိုက်ရတယ်။ အဲဒီကလေးကို ရွာကလူတွေအကြောင်းကြားပြီး ခေါ်လာခဲ့တယ်။ ပြီးတော့ ရေတွေဘာတွေချိုးပေးပြီးလုပ်လိုက်တော့ ကလေးက လန်းလန်းဆန်းဆန်း ပြန်ဖြစ်လာပြီးတော့ ဗိုက်ထဲကနေ နုန်းတွေအန်ထုတ်လိုက်တယ်။ သူတို့က ဆေးရုံကိုပို့မှရမယ်ဆိုပြီး ပေါင်ဆေးရုံကို ပို့လိုက်တယ်။ အဲဒီကနေ မော်လမြိုင်ဆေးရုံကိုလွှဲတာလို့ပြောတယ်။ အဲဒီကျေးရွာဥက္ကဋ္ဌရဲ့ ပြောကြားချက်အရ ဒီကလေးကို သူ့အမေက လက်ဆွဲပြီးခေါ်သွားတာကို တွေ့တဲ့သူကတွေ့တယ်။ ပြီးတော့ ကလေးကို သူ့အမေက နွံထဲမှာနှစ်သတ်ထားပြီး ရေတက်မယ့်အချိန်ကျရင် မျောပါသွားလို့လေ။ သူ့အမေ နှစ်နေတာကိုတော့ မြင်တဲ့သူမရှိဘူး။ ဒါပေမယ့် အဲဒီလိုဘာလို့ပြောလဲဆိုတော့ ကလေးကို အသေသတ်တဲ့ ပုံစံမျိုး လုပ်ထားတာလေ။ နုန်းတွေနဲ့အရမ်းနှစ်ထားတာလေ” ဟု ရင်ခွင်မဲ့ စောင့်ရှောက်ရေးအသင်း မော်လမြိုင်ခရိုင်ဥက္ကဋ္ဌ ဒေါ်သော်တာဝင်းဇင်က အကုန်သိသတင်းဌာနသို့ ပြောသည်။
အဆိုပါကလေးနှင့်ပတ်သက်၍ အမည်၊ မိဘ၊ နေရပ်လိပ်စာတို့ကို စုံစမ်းနေပြီး အမှုဖွင့်ထားခြင်းမရှိကြောင်း ပေါင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
-  နိုင်မင်းလွင်( အကုန်သိသတင်းဌာန ) | ဓာတ်ပုံ-Bowin

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။