Skip to main content
“တပ္မေတာ္မရွိရင္ဘာျဖစ္သြားမလဲဆုိတာ လူတုိင္းသိပါတယ္” ဟု ဗုိလ္ခ်ဳပ္ထြန္းထြန္းညီေျပာ
Ads Block

“တပ္မေတာ္မရွိရင္ဘာျဖစ္သြားမလဲဆုိတာ လူတုိင္းသိပါတယ္” ဟု ဗုိလ္ခ်ဳပ္ထြန္းထြန္းညီေျပာ

တပ္မေတာ္အင္အား ခ်ိနဲ႔သြားေစရန္လုပ္ေနေသာလုပ္ရပ္မ်ားစြာရွိေနသည္ဟု တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးေကာ္မတီမွ ဒုတိယဥကၠ႒ ဗုိလ္ခ်ဳပ္ထြန္းထြန္းညီက ေျပာသည္။
ေနျပည္ေတာ္၊ စစ္သမုိင္းျပတုိက္တြင္ ဇြန္လ ၂၂ ရက္ကက်င္းပေသာ သတင္းစာရွင္းလင္းပြဲတြင္ ယခုကဲ့သို႔ ေျပာျခင္းျဖစ္သည္။
“ ကြ်န္ေတာ္တုိ႔လည္း ႏုိင္ငံ၀န္ထမ္းပဲ။ ကြ်န္ေတာ္တုိ႔ႏုိင္ငံသား၊ ႏုိင္ငံ၀န္ထမ္းပဲ။ ကြ်န္ေတာ္တုိ႔ ရုိးရုိးသားသား ထမ္းေဆာင္တယ္။ ကြ်န္ေတာ္တုိ႔တပ္မေတာ္ထဲစ၀င္ကတည္းကစစ္တုိက္ခ်င္တယ္။ဘာျဖစ္လုိ႔ စစ္တုိက္ခ်င္တာလဲ။ ႏုိင္ငံေတာ္ကုိကာကြယ္ဖုိ႔စစ္တုိက္ခ်င္တယ္။ ကြ်န္ေတာ္တုိ႔နယ္ေျမကုိတစ္လက္မမွ အထိမခံဘူးဆုိၿပီးေတာ့ ဒီစိတ္ဓာတ္နဲ႔ တပ္မေတာ္ထဲ၀င္ခဲ့ၾကတာ။ တပ္မေတာ္မရွိရင္ဘာျဖစ္သြားမလဲဆုိတာ လူတုိင္းသိပါတယ္။ ဒါေပမဲ့အဲဒီလုိတပ္မေတာ္မရွိေအာင္ေဘးကေနၿပီးေတာ့မွ တပ္မေတာ္ရဲ႕အင္အားေတြ ခ်ိနဲ႔သြားေအာင္၊ ယုိင္နဲ႔သြားေအာင္လုပ္ေနတဲ့ လုပ္ရပ္ေတြအမ်ားႀကီးရွိတယ္’’ ဟု ဗုိလ္ခ်ဳပ္ထြန္းထြန္းညီက ေျပာသည္။
တပ္မေတာ္က ရခုိင္ျပည္နယ္မွဘဂၤါလီမ်ားအား လူမ်ိဳးတုန္းဖယ္ရွားရွင္းလင္းသည္ဟုဆုိကာ ျပည္ပမီဒီယာမ်ားမွ မဟုတ္မမွန္ စြပ္စြဲေရးသားမႈမ်ားလည္း ရွိခဲ့သည္။
“ တပ္မေတာ္ကုိလူၾကမ္းျဖစ္ေအာင္မလုပ္ၾကဖုိ႔လုိပါတယ္။ တကယ္ေတာ့ လူၾကမ္းမဟုတ္ပါဘူး။ ကြ်န္ေတာ္တုိ႔ကတပ္မေတာ္သားေတြပါ။ ႏုိင္ငံေတာ္အေပၚမွာရုိးရုိးသားသားမွန္မွန္ကန္ကန္နဲ႔ ဘယ္သူမွ မလုပ္ႏုိင္တဲ့ လုပ္ခြင့္မႀကဳံတဲ့၊ တပ္မေတာ္သားဘ၀မွာ တကယ္တမ္းဘာရလဲဆုိေတာ့ ကြ်န္ေတာ္တုိ႔ စြန္႔လႊတ္ရတာပဲရွိတယ္။ ေပးဆပ္ရတာပဲရွိတယ္’’ ဟုဗုိလ္ခ်ဳပ္ထြန္းထြန္းညီက ဆက္ေျပာသည္။
ထို႔အျပင္ သႀကၤန္ကာလအတြင္း သံခ်ပ္အဖြဲ႕ျဖစ္ေသာေဒါင္းတုိ႔မ်ိဳးဆက္၏ သရုပ္ျပကြက္အခ်ိဳ႕မွာ တပ္မေတာ္အား ထိခိုက္သည္ဆိုကာ လက္ရွိတြင္ တပ္မေတာ္မွတရားစြဲဆုိထားသည္။

- မင္းသီဟန္ ( အကုန္သိသတင္းဌာန )


Unicode Version

 

တပ်မတော်အင်အား ချိနဲ့သွားစေရန်လုပ်နေသောလုပ်ရပ်များစွာရှိနေသည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးကော်မတီမှ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။
နေပြည်တော်၊ စစ်သမိုင်းပြတိုက်တွင် ဇွန်လ ၂၂ ရက်ကကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ယခုကဲ့သို့ ပြောခြင်းဖြစ်သည်။
“ ကျွန်တော်တို့လည်း နိုင်ငံဝန်ထမ်းပဲ။ ကျွန်တော်တို့နိုင်ငံသား၊ နိုင်ငံဝန်ထမ်းပဲ။ ကျွန်တော်တို့ ရိုးရိုးသားသား ထမ်းဆောင်တယ်။ ကျွန်တော်တို့တပ်မတော်ထဲစဝင်ကတည်းကစစ်တိုက်ချင်တယ်။ဘာဖြစ်လို့ စစ်တိုက်ချင်တာလဲ။ နိုင်ငံတော်ကိုကာကွယ်ဖို့စစ်တိုက်ချင်တယ်။ ကျွန်တော်တို့နယ်မြေကိုတစ်လက်မမှ အထိမခံဘူးဆိုပြီးတော့ ဒီစိတ်ဓာတ်နဲ့ တပ်မတော်ထဲဝင်ခဲ့ကြတာ။ တပ်မတော်မရှိရင်ဘာဖြစ်သွားမလဲဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမဲ့အဲဒီလိုတပ်မတော်မရှိအောင်ဘေးကနေပြီးတော့မှ တပ်မတော်ရဲ့အင်အားတွေ ချိနဲ့သွားအောင်၊ ယိုင်နဲ့သွားအောင်လုပ်နေတဲ့ လုပ်ရပ်တွေအများကြီးရှိတယ်’’ ဟု ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။
တပ်မတော်က ရခိုင်ပြည်နယ်မှဘင်္ဂါလီများအား လူမျိုးတုန်းဖယ်ရှားရှင်းလင်းသည်ဟုဆိုကာ ပြည်ပမီဒီယာများမှ မဟုတ်မမှန် စွပ်စွဲရေးသားမှုများလည်း ရှိခဲ့သည်။
“ တပ်မတော်ကိုလူကြမ်းဖြစ်အောင်မလုပ်ကြဖို့လိုပါတယ်။ တကယ်တော့ လူကြမ်းမဟုတ်ပါဘူး။ ကျွန်တော်တို့ကတပ်မတော်သားတွေပါ။ နိုင်ငံတော်အပေါ်မှာရိုးရိုးသားသားမှန်မှန်ကန်ကန်နဲ့ ဘယ်သူမှ မလုပ်နိုင်တဲ့ လုပ်ခွင့်မကြုံတဲ့၊ တပ်မတော်သားဘဝမှာ တကယ်တမ်းဘာရလဲဆိုတော့ ကျွန်တော်တို့ စွန့်လွှတ်ရတာပဲရှိတယ်။ ပေးဆပ်ရတာပဲရှိတယ်’’ ဟုဗိုလ်ချုပ်ထွန်းထွန်းညီက ဆက်ပြောသည်။
ထို့အပြင် သြင်္ကန်ကာလအတွင်း သံချပ်အဖွဲ့ဖြစ်သောဒေါင်းတို့မျိုးဆက်၏ သရုပ်ပြကွက်အချို့မှာ တပ်မတော်အား ထိခိုက်သည်ဆိုကာ လက်ရှိတွင် တပ်မတော်မှတရားစွဲဆိုထားသည်။

 

- မင်းသီဟန် ( အကုန်သိသတင်းဌာန )

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။