Skip to main content
ထိုင်းနိုင်ငံမှာ နေအိမ်တွင်း ဆေးလိပ်သောက်သူတွေကို အိမ်တွင်းအဓမ္မနှိပ်စက်မှုဖြင့် အရေးယူတော့မည်
Ads Block

ထိုင်းနိုင်ငံမှာ နေအိမ်တွင်း ဆေးလိပ်သောက်သူတွေကို အိမ်တွင်းအဓမ္မနှိပ်စက်မှုဖြင့် အရေးယူတော့မည်



ဆေးလိပ်သောက်သူနဲ့ တစ်အိမ်တည်းအတူနေသူများမှာ ပန်းနာရင်ကြပ်ကဲ့သို့သော ရောဂါများရှိပါက မိသားစုနဲ့ကာကွယ်စောင့်ရှောက်မှုရေးရာဌာနတွေသို့ သွားရောက်တိုင်ကြားနိုင်ကြောင်း ၊ ၄င်းရဲ့ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေး အမှန်တကယ်ထိခိုက်ရကြောင်း ပြစ်မှုထင်ရှားပါက အိမ်တွင်းအဓမ္မနှိပ်စက်မှုဖြင့် စွဲချက်တင်မည်ဟု သိရပါတယ်။


ဖေဖော်ဝါရီလမှာတုန်းကလည်း အများပိုင်အဆောက်အအုံနဲ့ နေရာတွေအပြင် ၄င်းတို့ရဲ့ပြင်ပ ၅ မီတာအတွင်း ဆေးလိပ်သောက်ခြင်းကို တားမြစ်ပြီး ဒဏ်ငွေ ဘတ် ၅ ထောင် ချမှတ်မယ့်အကြောင်း ကြေညာခဲ့ပါသေးတယ်။ သိြု့ဖစ်ရာ ယခုဥပဒေသစ်ကို ဝေဖန်နေသူတွေကတော့  ၄င်းအစား ထိုင်းနိုင်ငံတစ်ဝန်း မည်သည့်နေရာမှာမှ ဆေးလိပ်မသောက်ရန် ပြဋ္ဌာန်းလိုက်သင့်ကြောင်း အငေါ်တူး ပြောဆိုနေကြပါတယ်။


ထိုင်းနိုင်ငံမှာ ဆေးလိပ်သောက်သူ ၁၀ သန်းကျော် ရှိပြီး ၄င်းတို့ဟာ ခန့်မှန်းလူ့သက်တမ်းထက် ၁၈ နှစ်ခန့် စောလျင်စွာ သေဆုံးနေကြောင်း၊ ဆေးလိပ်ရဲ့ဆိုးကျိုးတွေကြောင့် နှစ်စဉ် လူ ၇၂,၀၀၀ ခန့် သေဆုံးနေကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။


Unicode Version

ထိုင်းနိုင်ငံမှာ နေအိမ်တွင်း ဆေးလိပ်သောက်သုံးခြင်းကို ဥပဒေဖြင့် အရေးယူတော့မည်ဖြစ်ပြီး လာရောက်တိုင်ကြားနိုင်ကြောင်း ဇွန် ၂၂ ရက်နေ့မှာ သတင်းရရှိပါတယ်။

ဆေးလိပ်ငွေ့တစ်ဆင့်ခံရှူရှိုက်ခြင်းကြောင့် သေဆုံးရမှုများ လျော့ကျစေရန် ရည်ရွယ်ထားတဲ့ အဆိုပါဥပဒေသစ်ကို သြဂုတ်လ ၂၀ ရက်နေ့မှာ စတင်အသက်ဝင်စေမည်ဖြစ်ကြောင်း အမျိုးသမီးနဲ့မိသားစုရေးရာဌာန ညွှန်ကြားရေးမှုးချုပ်က အတည်ပြုပြောကြားထားပါတယ်။

ဆေးလိပ်သောက်သူနဲ့ တစ်အိမ်တည်းအတူနေသူများမှာ ပန်းနာရင်ကြပ်ကဲ့သို့သော ရောဂါများရှိပါက မိသားစုနဲ့ကာကွယ်စောင့်ရှောက်မှုရေးရာဌာနတွေသို့ သွားရောက်တိုင်ကြားနိုင်ကြောင်း ၊ ၎င်းရဲ့ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေး အမှန်တကယ်ထိခိုက်ရကြောင်း ပြစ်မှုထင်ရှားပါက အိမ်တွင်းအဓမ္မနှိပ်စက်မှုဖြင့် စွဲချက်တင်မည်ဟု သိရပါတယ်။

ပြစ်ဒဏ်အတွက်ကိုတော့ တိတိကျကျ သတ်မှတ်ထားခြင်း မရှိသေးဘူးလို့ ဆိုပါတယ်။

ဖေဖော်ဝါရီလမှာတုန်းကလည်း အများပိုင်အဆောက်အအုံနဲ့ နေရာတွေအပြင် ၎င်းတို့ရဲ့ပြင်ပ ၅ မီတာအတွင်း ဆေးလိပ်သောက်ခြင်းကို တားမြစ်ပြီး ဒဏ်ငွေ ဘတ် ၅ ထောင် ချမှတ်မယ့်အကြောင်း ကြေညာခဲ့ပါသေးတယ်။ သို့ြ့ဖစ်ရာ ယခုဥပဒေသစ်ကို ဝေဖန်နေသူတွေကတော့  ၎င်းအစား ထိုင်းနိုင်ငံတစ်ဝန်း မည်သည့်နေရာမှာမှ ဆေးလိပ်မသောက်ရန် ပြဋ္ဌာန်းလိုက်သင့်ကြောင်း အငေါ်တူး ပြောဆိုနေကြပါတယ်။


ထိုင်းနိုင်ငံမှာ ဆေးလိပ်သောက်သူ ၁၀ သန်းကျော် ရှိပြီး ၎င်းတို့ဟာ ခန့်မှန်းလူ့သက်တမ်းထက် ၁၈ နှစ်ခန့် စောလျင်စွာ သေဆုံးနေကြောင်း၊ ဆေးလိပ်ရဲ့ဆိုးကျိုးတွေကြောင့် နှစ်စဉ် လူ ၇၂,၀၀၀ ခန့် သေဆုံးနေကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။

(Ref : Bangkokpost, Bangkokjack)

အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။