Skip to main content
အၿငိမ္းစားဗိုလ္ခ်ဳပ္ႀကီး သူရဦးေရႊမန္းဦးေဆာင္သည့္ ျပည္ေထာင္စု ေကာင္းက်ိဳးေဆာင္ပါတီႏွင့္ တပ္မေတာ္ပတ္သက္မႈမရွိဟုဆုိ
Ads Block

အၿငိမ္းစားဗိုလ္ခ်ဳပ္ႀကီး သူရဦးေရႊမန္းဦးေဆာင္သည့္ ျပည္ေထာင္စု ေကာင္းက်ိဳးေဆာင္ပါတီႏွင့္ တပ္မေတာ္ပတ္သက္မႈမရွိဟုဆုိ

တပ္မေတာ္တြင္ ထိပ္ပိုင္းေခါင္းေဆာင္တစ္ဦးအျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့ဖူးသူ အၿငိမ္းစား ဗိုလ္ခ်ဳပ္ႀကီး သူရဦးေရႊမန္း ဦးေဆာင္ တည္ေထာင္ထားသည့္ ျပည္ေထာင္စု ေကာင္းက်ိဳးေဆာင္ပါတီႏွင့္ တပ္မေတာ္ဆက္စပ္မႈမရွိေၾကာင္း တပ္မေတာ္ ဘက္က ထုတ္ေဖာ္ေျပာဆုိလုိက္သည္။
ဇြန္လ ၂၂ရက္က ေနျပည္ေတာ္တြင္ က်င္းပသည့္ ျပည္တြင္းၿငိမ္းခ်မ္းေရး၊ ရခုိင္အေရးတုိ႔ႏွင့္ ပတ္သက္ၿပီး သတင္းစာရွင္းလင္းပြဲ တြင္ သတင္းေထာက္မ်ား၏ ေမးျမန္းမႈကို တပ္မေတာ္ဘက္က ျပန္လည္ေျဖၾကားလုိက္ျခင္းျဖစ္သည္။
“ တပ္မေတာ္အေနနဲ႔ ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီနဲ႔ ပတ္သက္မႈမရွိပါဘူး။” ဟု တပ္မေတာ္ သတင္းအမွန္ျပန္ၾကား အဖြဲ႔ အတြင္းေရးမွဴး ဗုိလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ေျပာသည္။
ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီအေနျဖင့္ လက္ရွိတြင္ ပါတီမွတ္ပံုတင္ခြင့္ရရွိထားၿပီး တုိင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္ ပါတီရုံးခြဲမ်ားလုိက္လံဖြင့္လွစ္လ်က္ရွိေၾကာင္း သိရသည္။
“၂၀၀၈ ဖြဲ႔စည္းပံုအေျခခံဥပေဒမွာလည္း ႏိုင္ငံသားတုိင္းက ႏုိင္ငံေရးလုပ္ခြင့္ရွိတယ္။ ပါတီေထာင္ခြင့္ရွိပါတယ္”ဟု တပ္မေတာ္ သတင္းအမွန္ျပန္ၾကားေရးအဖြဲ႔ ဒုဥကၠ႒ ဗုိလ္ခ်ဳပ္ထြန္းထြန္းညီက ေျပာသည္။
ျပည္ေထာင္စုေကာင္းက်ိဳးေဆာင္ပါတီ ဥကၠ႒ သူရဦးေရႊမန္းသည့္ တပ္မေတာ္စစ္အစိုးရလက္ထက္တြင္ တပ္မေတာ္၏ တတိယ အာဏာအရွိဆံုး ပုဂၢိဳလ္တစ္ဦးျဖစ္ၿပီး သမၼတ ဦးသိန္းစိန္ လက္ထက္တြင္ ျပည္သူ႔လႊတ္ေတာ္ ဥကၠ႒ တာ၀န္ႏွင့္ လက္ရွိအစိုးရ ကာလအတြင္း ျပည္ေထာင္စုုလႊတ္ေတာ္ ဥပေဒေရးရာႏွင့္ အထူးကိစၥရပ္မ်ား ေလ့လာသုုံးသပ္ေရး ေကာ္မရွင္ ဥကၠ႒အျဖစ္ တာ ဝန္ယူခဲ့သူတစ္ဦးလည္းျဖစ္သည္။

- ခ်မ္းၿငိမ္း( အကုန္သိ သတင္းဌာန )

Unicode Version

တပ်မတော်တွင် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရဦးရွှေမန်း ဦးဆောင် တည်ထောင်ထားသည့် ပြည်ထောင်စု ကောင်းကျိုးဆောင်ပါတီနှင့် တပ်မတော်ဆက်စပ်မှုမရှိကြောင်း တပ်မတော် ဘက်က ထုတ်ဖော်ပြောဆိုလိုက်သည်။
ဇွန်လ ၂၂ရက်က နေပြည်တော်တွင် ကျင်းပသည့် ပြည်တွင်းငြိမ်းချမ်းရေး၊ ရခိုင်အရေးတို့နှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲ တွင် သတင်းထောက်များ၏ မေးမြန်းမှုကို တပ်မတော်ဘက်က ပြန်လည်ဖြေကြားလိုက်ခြင်းဖြစ်သည်။
“ တပ်မတော်အနေနဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီနဲ့ ပတ်သက်မှုမရှိပါဘူး။” ဟု တပ်မတော် သတင်းအမှန်ပြန်ကြား အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီအနေဖြင့် လက်ရှိတွင် ပါတီမှတ်ပုံတင်ခွင့်ရရှိထားပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပါတီရုံးခွဲများလိုက်လံဖွင့်လှစ်လျက်ရှိကြောင်း သိရသည်။
“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း နိုင်ငံသားတိုင်းက နိုင်ငံရေးလုပ်ခွင့်ရှိတယ်။ ပါတီထောင်ခွင့်ရှိပါတယ်”ဟု တပ်မတော် သတင်းအမှန်ပြန်ကြားရေးအဖွဲ့ ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ပြောသည်။
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ဥက္ကဋ္ဌ သူရဦးရွှေမန်းသည့် တပ်မတော်စစ်အစိုးရလက်ထက်တွင် တပ်မတော်၏ တတိယ အာဏာအရှိဆုံး ပုဂ္ဂိုလ်တစ်ဦးဖြစ်ပြီး သမ္မတ ဦးသိန်းစိန် လက်ထက်တွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ တာဝန်နှင့် လက်ရှိအစိုးရ ကာလအတွင်း ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင် ဥက္ကဋ္ဌအဖြစ် တာ ဝန်ယူခဲ့သူတစ်ဦးလည်းဖြစ်သည်။

- ချမ်းငြိမ်း( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။