Skip to main content
 ေျပာင္းေစ်း လဝက္ေက်ာ္အတြင္း တစ္ပိႆာလွ်င္ က်ပ္ ၅၀ ဝန္းက်င္ ျမင့္တက္
Ads Block

ေျပာင္းေစ်း လဝက္ေက်ာ္အတြင္း တစ္ပိႆာလွ်င္ က်ပ္ ၅၀ ဝန္းက်င္ ျမင့္တက္

ေျပာင္းဆန္ေစ်းႏႈန္းမ်ား လဝက္ေက်ာ္အတြင္း တစ္ပိႆာလွ်င္ က်ပ္ ၅၀ ဝန္းက်င္ ျမင့္တက္လာေၾကာင္း ျမန္မာႏိုင္ငံ ေျပာင္း စိုက္ပ်ဳိးထုတ္လုပ္တင္ပို႔ေရာင္းခ်သူမ်ားအသင္းမွ ဥကၠ႒ ဦးမင္းခိုင္က ေျပာသည္။
ဇြန္လဆန္းတြင္ ရန္ကုန္ေျပာင္းေစ်းကြက္အတြင္း ထိပ္စ (အေရအေသြးအျမင့္ဆံုး) ေျပာင္းဆန္တစ္ပိႆာလွ်င္ က်ပ္ ၅၀၀ ဝန္း က်င္ရွိခဲ့ရာမွ လက္ရွိ ဇြန္လ တတိယအပတ္တြင္ ထိပ္စ ေျပာင္းဆန္ တစ္ပိႆာလွ်င္ ၅၄၅  က်ပ္ ဝန္းက်င္ရွိၿပီး အလတ္စား ေျပာင္းဆန္ တစ္ပိႆာလွ်င္ က်ပ္ ၅၀၀ ဝန္းက်င္အထိ ျမင့္တက္ေနေၾကာင္း သိရသည္။
“ေျပာင္းေစ်းက နည္းနည္းတက္လာတယ္။ ဒီလထဲမွာကို တက္လာတာ။ ရန္ကုန္ေစ်းဆိုရင္ Grade အသန္႔က တစ္ပိႆာကို (က်ပ္) ၅၀ ေလာက္ တက္လာတယ္။ အလတ္စားေတြလည္း ေစ်းတက္လာတယ္” ဟု ဦးမင္းခိုင္က ဆိုသည္။
၂၀၁၆ ခုႏွစ္တြင္ တရုတ္ႏိုင္ငံသည္ ျမန္မာႏိုင္ငံမွ ထြက္ရွိသည့္ ေျပာင္းကုန္ၾကမ္းရသမွ်ကို ဝယ္ယူခဲ့ျခင္းေၾကာင့္ ေျပာင္းတစ္ ပိႆာလွ်င္ က်ပ္ ၆၅၀ ဝန္းက်င္ျဖစ္ကာ ျပည္တြင္း ေျပာင္း ေစ်းႏႈန္းမ်ား သံုးႏွစ္အတြင္း စံခ်ိန္တင္ ျမင့္တက္ခဲ့ေၾကာင္း သိရ သည္။
သို႔ေသာ္ ယခုႏွစ္ဆန္းမွ စတင္၍ တရုတ္ႏုိင္ငံသည္ လံုၿခံဳေရး တင္းၾကပ္လိုက္ျခင္းေၾကာင့္ အဖမ္းအဆီးမ်ားကာ ျမန္မာႏိုင္ငံမွ ေျပာင္းတင္ပို႔မႈ ေလ်ာ့က်ခဲ့ၿပီး ေစ်းႏႈန္းသိသိသာသာ က်ဆင္းခဲ့ရာမွ ယခုအခါ ေျပာင္းေစ်း ႏႈန္း အနည္းငယ္ ျပန္လည္ျမင့္ တက္ လာျခင္း ျဖစ္သည္။
ျမန္မာတစ္ႏုိင္ငံလံုး အတိုင္းအတာအရ ေျပာင္းထြက္ရွိမႈ၏ ၃၀ ရာခိုင္ႏႈန္းခန္႔မွာ ဧရာဝတီတိုင္းေဒသႀကီးမွ ျဖစ္ၿပီး ၇၀ ရာခိုင္ႏႈန္း ခန္႔မွာ ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေျမာက္ပိုင္းေဒသမ်ားႏွင့္ ကယားျပည္နယ္မွ ထြက္ရွိေၾကာင္း သိရသည္။

- သင္းသင္းလိႈင္ ( အကုန္သိ သတင္းဌာန )

Unicode Version

 

ပြောင်းဆန်ဈေးနှုန်းများ လဝက်ကျော်အတွင်း တစ်ပိဿာလျှင် ကျပ် ၅၀ ဝန်းကျင် မြင့်တက်လာကြောင်း မြန်မာနိုင်ငံ ပြောင်း စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဋ္ဌ ဦးမင်းခိုင်က ပြောသည်။
ဇွန်လဆန်းတွင် ရန်ကုန်ပြောင်းဈေးကွက်အတွင်း ထိပ်စ (အရေအသွေးအမြင့်ဆုံး) ပြောင်းဆန်တစ်ပိဿာလျှင် ကျပ် ၅၀၀ ဝန်း ကျင်ရှိခဲ့ရာမှ လက်ရှိ ဇွန်လ တတိယအပတ်တွင် ထိပ်စ ပြောင်းဆန် တစ်ပိဿာလျှင် ၅၄၅  ကျပ် ဝန်းကျင်ရှိပြီး အလတ်စား ပြောင်းဆန် တစ်ပိဿာလျှင် ကျပ် ၅၀၀ ဝန်းကျင်အထိ မြင့်တက်နေကြောင်း သိရသည်။
“ပြောင်းဈေးက နည်းနည်းတက်လာတယ်။ ဒီလထဲမှာကို တက်လာတာ။ ရန်ကုန်ဈေးဆိုရင် Grade အသန့်က တစ်ပိဿာကို (ကျပ်) ၅၀ လောက် တက်လာတယ်။ အလတ်စားတွေလည်း ဈေးတက်လာတယ်” ဟု ဦးမင်းခိုင်က ဆိုသည်။
၂၀၁၆ ခုနှစ်တွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ပြောင်းကုန်ကြမ်းရသမျှကို ဝယ်ယူခဲ့ခြင်းကြောင့် ပြောင်းတစ် ပိဿာလျှင် ကျပ် ၆၅၀ ဝန်းကျင်ဖြစ်ကာ ပြည်တွင်း ပြောင်း ဈေးနှုန်းများ သုံးနှစ်အတွင်း စံချိန်တင် မြင့်တက်ခဲ့ကြောင်း သိရ သည်။
သို့သော် ယခုနှစ်ဆန်းမှ စတင်၍ တရုတ်နိုင်ငံသည် လုံခြုံရေး တင်းကြပ်လိုက်ခြင်းကြောင့် အဖမ်းအဆီးများကာ မြန်မာနိုင်ငံမှ ပြောင်းတင်ပို့မှု လျော့ကျခဲ့ပြီး ဈေးနှုန်းသိသိသာသာ ကျဆင်းခဲ့ရာမှ ယခုအခါ ပြောင်းဈေး နှုန်း အနည်းငယ် ပြန်လည်မြင့် တက် လာခြင်း ဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ပြောင်းထွက်ရှိမှု၏ ၃၀ ရာခိုင်နှုန်းခန့်မှာ ဧရာဝတီတိုင်းဒေသကြီးမှ ဖြစ်ပြီး ၇၀ ရာခိုင်နှုန်း ခန့်မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းဒေသများနှင့် ကယားပြည်နယ်မှ ထွက်ရှိကြောင်း သိရသည်။

- သင်းသင်းလှိုင် ( အကုန်သိ သတင်းဌာန )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။