Skip to main content
စိတ္ႂကြ႐ူးသြပ္ေဆးျပား ၇ သန္း ေက်ာ္ အပါအဝင္ သိန္းေပါင္း ၇ ေသာင္းခြဲဝန္းက်င္ တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား သိမ္းဆည္းရမိ
Ads Block

စိတ္ႂကြ႐ူးသြပ္ေဆးျပား ၇ သန္း ေက်ာ္ အပါအဝင္ သိန္းေပါင္း ၇ ေသာင္းခြဲဝန္းက်င္ တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား သိမ္းဆည္းရမိ

စိတ္ႂကြ႐ူးသြပ္ေဆးျပား ၇ သန္းေက်ာ္အပါအဝင္ သိန္းေပါင္း ၇ ေသာင္း ခြဲဝန္းက်င္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား မိုင္းဆတ္ၿမိဳ႕နယ္ ရိွ ေနအိမ္တစ္အိမ္အတြင္းမွ သိမ္းဆည္းရမိခဲ့ေၾကာင္း သိရသည္။

စိတ္ႂကြ႐ူးသြပ္ေဆးျပား ၇ သန္း ေက်ာ္ အပါအဝင္ သိန္းေပါင္း ၇ ေသာင္းခြဲဝန္းက်င္ တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား သိမ္းဆည္းရမိ


ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ မိုင္းဆတ္ၿမိဳ႕နယ္၊ စတံုးေက်းရြာအုပ္စု၊ မယ္ၾကဳတ္ (၁)ေက်းရြာအနီးတြင္ ဇြန္လ ၂၁ ရက္၊ နံနက္ ၉ နာရီ ခန္႔က တပ္မေတာ္သားမ်ားသည္ နယ္ေျမရွင္းလင္းေရးေဆာင္ရြက္ေနစဥ္ မယ္ၾကဳတ္(၁)ေက်းရြာေန က်ဒယ္၏ ေနအိမ္အား ဝင္ ေရာက္ရွင္းလင္းရာ ေနအိမ္အတြင္းမွ  စိတ္ႂကြ႐ူးသြပ္ေဆးျပား ၇ သန္းေက်ာ္ အပါအဝင္ သိန္းေပါင္း ၇ ေသာင္းခြဲဝန္းက်င္ တန္ဖိုး ရွိ မူးယစ္ေဆးဝါးမ်ားႏွင့္ မူးယစ္ေဆးဝါးထုတ္ လုပ္ရာတြင္ အသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားကို ေတြ႕ရွိသိမ္းဆည္းရမိခဲ့ေၾကာင္း ရဲတပ္ဖြဲ႔၏ ထုတ္ျပန္ခ်က္အရ သိရသည္။
အဆိုပါ မူးယစ္ေဆးဝါးမ်ားမွာ ပလတ္စတစ္ကပ္ခြာအိတ္မ်ားျဖင့္ ထည့္ထားသည့္ စိတ္ႂကြ႐ူးသြပ္ေဆးျပား ၇၃၁၅၆၀၀ ျပား ကာ လေပါက္ေစ်း တန္ဖိုးေငြက်ပ္ ၇၃၁၅၆ သိန္း၊ ပလတ္စတစ္ အိတ္ျဖင့္ထည့္ထားသည့္ စိတ္ႂကြ႐ူးသြပ္ေဆးအမႈန္႔ ၁၀ ကီလို ကာ လေပါက္ေစ်း တန္ဖိုးေငြက်ပ္ ၁၀၀၀ သိန္း၊ ပလတ္စတစ္အိတ္ ျဖင့္ထည့္ထားသည့္ ဘိန္းျဖဴအေလးခ်ိန္ ၁ ကီလို ကာလ ေပါက္ ေစ်း တန္ဖိုးေငြက်ပ္ ၁၆၀ သိန္း၊ ဆာလာ အိတ္ျဖင့္ထည့္ထားသည့္ အဆင့္နိမ့္ဘိန္း အေလးခ်ိန္ ၄၀ ကီလို ကာလေပါက္ေစ်း တန္ဖိုးေငြက်ပ္ ၄၀၀ သိန္း စုစုေပါင္းေငြက်ပ္ ၇၄၇၁၆ သိန္းတို႔ျဖစ္ေၾကာင္း သိရသည္။
သိမ္းဆည္းရမိခဲ့သည့္ မူးယစ္ေဆးဝါးမ်ားႏွင့္  မူးယစ္ေဆးဝါး ထုတ္လုပ္ရာတြင္ အသံုးျပဳသည့္ ဆက္စပ္ပစၥည္းမ်ားအား မူးယစ္ ေဆးဝါး တားဆီးႏွိမ္နင္းေရး ရဲတပ္ဖြဲ႔စု (၂၉) မိုင္းဆတ္သို႔ လႊဲေျပာင္းေပးအပ္ခဲ့ၿပီး မိုင္းတြမ္းနယ္ေျမ ရဲစခန္းတြင္ မူးယစ္ ေဆးဝါး ႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒျဖင့္ အမႈဖြင့္လွစ္ကာ တရားခံဖမ္းဆီးရမိေရး စံုစမ္းေနေၾကာင္း သိရ သည္။
- ႏိုင္မင္းလြင္( အကုန္သိ သတင္းဌာန )  | ဓာတ္ပုံ - CCDAC Myanmar

Unicode Version

 

စိတ်ကြွရူးသွပ်ဆေးပြား ၇ သန်းကျော်အပါအဝင် သိန်းပေါင်း ၇ သောင်း ခွဲဝန်းကျင်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ မိုင်းဆတ်မြို့နယ် ရှိ နေအိမ်တစ်အိမ်အတွင်းမှ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းဆတ်မြို့နယ်၊ စတုံးကျေးရွာအုပ်စု၊ မယ်ကြုတ် (၁)ကျေးရွာအနီးတွင် ဇွန်လ ၂၁ ရက်၊ နံနက် ၉ နာရီ ခန့်က တပ်မတော်သားများသည် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် မယ်ကြုတ်(၁)ကျေးရွာနေ ကျဒယ်၏ နေအိမ်အား ဝင် ရောက်ရှင်းလင်းရာ နေအိမ်အတွင်းမှ  စိတ်ကြွရူးသွပ်ဆေးပြား ၇ သန်းကျော် အပါအဝင် သိန်းပေါင်း ၇ သောင်းခွဲဝန်းကျင် တန်ဖိုး ရှိ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးထုတ် လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများမှာ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၇၃၁၅၆၀၀ ပြား ကာ လပေါက်ဈေး တန်ဖိုးငွေကျပ် ၇၃၁၅၆ သိန်း၊ ပလတ်စတစ် အိတ်ဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးအမှုန့် ၁၀ ကီလို ကာ လပေါက်ဈေး တန်ဖိုးငွေကျပ် ၁၀၀၀ သိန်း၊ ပလတ်စတစ်အိတ် ဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၁ ကီလို ကာလ ပေါက် ဈေး တန်ဖိုးငွေကျပ် ၁၆၀ သိန်း၊ ဆာလာ အိတ်ဖြင့်ထည့်ထားသည့် အဆင့်နိမ့်ဘိန်း အလေးချိန် ၄၀ ကီလို ကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၄၀၀ သိန်း စုစုပေါင်းငွေကျပ် ၇၄၇၁၆ သိန်းတို့ဖြစ်ကြောင်း သိရသည်။
သိမ်းဆည်းရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်  မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု (၂၉) မိုင်းဆတ်သို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး မိုင်းတွမ်းနယ်မြေ ရဲစခန်းတွင် မူးယစ် ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်လှစ်ကာ တရားခံဖမ်းဆီးရမိရေး စုံစမ်းနေကြောင်း သိရ သည်။
- နိုင်မင်းလွင်( အကုန်သိ သတင်းဌာန ) | ဓာတ်ပုံ - CCDAC Myanmar

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။