Skip to main content
ဗီယက်နမ်နှင့် ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်း တင်ပို့သည့် ဈေးကွက်ချဲ့ထွင်သွားမည်
Ads Block

ဗီယက်နမ်နှင့် ထိုင်းနိုင်ငံသို့ မြန်မာ့ပြောင်း တင်ပို့သည့် ဈေးကွက်ချဲ့ထွင်သွားမည်

လက်ရှိတွင် မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် ပြောင်းများကို ထိုင်းနိုင်ငံသို့ အဓိက တင်ပို့နေပြီး ဗီယက်နမ်သို့ အနည်းငယ် တင် ပို့နေသော်လည်း ပမာဏ တိုးချဲ့တင်ပို့နိုင်ရန် လာမည့် သြဂုတ်လတွင် အဆိုပါ နိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း ၄င်းက ဆိုသည်။
မြန်မာနိုင်ငံဒေသအဝှမ်း စိုက်ပျိုးထွက်ရှိသည့် ပြောင်းအနက် ပြည်တွင်းသုံးစွဲမှုအပြင် ပိုလှံနေသည့် ပမဏမှာ တစ်နှစ်လျှင် တန် ချိန် ၁ သန်းခွဲဝန်းကျင် ရှိသည့်အတွက် မြန်မာ့ပြောင်း ပြည်ပတင်ပို့သည့် ဈေး ကွက် တိုးချဲ့ရန် လိုအပ်ကြောင်း ၄င်းက ဆိုသည်။


Unicode Version

--------- သင်းသင်းလှိုင် (အကုန်သိသတင်းဌာန) ---------
ဗီယက်နမ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် မြန်မာ့ပြောင်း တင်ပို့မှု ဈေးကွက်ချဲ့ထွင်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင် ငံ ပြောင်းစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ဥက္ကဋ္ဌ ဦးမင်းခိုင်က ပြောသည်။
လက်ရှိတွင် မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသည့် ပြောင်းများကို ထိုင်းနိုင်ငံသို့ အဓိက တင်ပို့နေပြီး ဗီယက်နမ်သို့ အနည်းငယ် တင် ပို့နေသော်လည်း ပမာဏ တိုးချဲ့တင်ပို့နိုင်ရန် လာမည့် သြဂုတ်လတွင် အဆိုပါ နိုင်ငံများသို့ သွားရောက်မည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“အခုလည်း ပို့တော့ ပို့နေတယ်။ ဒါပေမဲ့ ဈေးကွက်ချဲ့ထွင်ဖို့၊ ဈေးကွက်ရှာဖွေဖို့ သွားဖို့ရှိတယ်။ ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာရှိတဲ့ အစာထုတ်စက်ရုံနဲ့ ချိတ်ဆက်သွားမယ်။ ဗီယက်နမ်ကိုလည်း သွားလေ့လာမယ်။ ဘယ်လိုအရည်အသွေးတွေ လိုအပ်လဲ။ ဘယ် လောက်ပမာဏလိုချင်လဲဆိုတာ သွားဆွေးနွေးမယ်” ဟု ဦးမင်းခိုင်က ပြောသည်။
ယခင်က မြန်မာနိုင်ငံမှ ပြောင်းများကို တရုတ်နိုင်ငံသို့ အဓိက တင်ပို့ခဲ့သော်လည်း လုံခြုံရေးတင်း ကြပ်လိုက်ခြင်းကြောင့် ယခုနှစ် ဆန်းပိုင်းမှ စတင်၍ ပြောင်းတင်ပို့နေသည့် ဈေးကွက်မှာ ရပ်ဆိုင်းလုနီးပါးဖြစ် လာခဲ့ကြောင်း သိရသည်။
ထို့အတွက် မြန်မာ့ပြောင်းများကို တရုတ်ဈေးကွက်အစား အိမ်နီးချင်း ထိုင်းနိုင်ငံဈေးကွက်သို့ တင်ပို့နေခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
“တရုတ်ဈေးကွက်က အခုအချိန်အထိ အရောင်းအဝယ် မဖြစ်သေးဘူး။ မပြောပလောက်တဲ့ ပမာဏလေးပဲ ဖြစ်နေတာ။ ဒါ တောင် ကုန်သည်တွေ အချင်းချင်း နည်းနည်းပါးပါးဖြစ်တာ။ အခု ထိုင်းကိုတော့ ပို့နေရပေမယ့် ပြည်တွင်းက ပြောင်းပိုလျံတဲ့ ပမာဏနဲ့ဆို ဈေးကွက်ချဲ့ထွင်ဖို့လိုတယ်” ဟု ဦးမင်းခိုင်က ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံဒေသအဝှမ်း စိုက်ပျိုးထွက်ရှိသည့် ပြောင်းအနက် ပြည်တွင်းသုံးစွဲမှုအပြင် ပိုလှံနေသည့် ပမဏမှာ တစ်နှစ်လျှင် တန် ချိန် ၁ သန်းခွဲဝန်းကျင် ရှိသည့်အတွက် မြန်မာ့ပြောင်း ပြည်ပတင်ပို့သည့် ဈေး ကွက် တိုးချဲ့ရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအရ ပြောင်းထွက်ရှိမှု၏ ၃၀ ရာခိုင်နှုန်းခန့်မှာ ဧရာဝတီတိုင်းဒေသကြီးမှ ဖြစ်ပြီး ၇၀ ရာခိုင်နှုန်း ခန့်မှာ ရှမ်းပြည်နယ်တောင်ပိုင်း၊ မြောက်ပိုင်းဒေသများနှင့် ကယားပြည်နယ်တို့မှ ထွက်ရှိကြောင်း သိရသည်။


အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။