Skip to main content
ကေမာၻဒီးယားတြင္ တ႐ုတ္ကုမၸဏီပုိင္ ေဆာက္လက္စ ခုႏွစ္ထပ္တုိက္ ၿပိဳက် ၊ လူ ၃ ဦးေသဆုံးၿပီး ၃၀ ခန္႔ ေပ်ာက္ဆုံးေနဆဲျဖစ္
Ads Block

ကေမာၻဒီးယားတြင္ တ႐ုတ္ကုမၸဏီပုိင္ ေဆာက္လက္စ ခုႏွစ္ထပ္တုိက္ ၿပိဳက် ၊ လူ ၃ ဦးေသဆုံးၿပီး ၃၀ ခန္႔ ေပ်ာက္ဆုံးေနဆဲျဖစ္


ကေမာၻဒီးယားႏုိင္ငံ ကမ္းေျခၿမိဳ႕ ဆီဟန္ေနာက္ဗီးလ္တြင္ ခုႏွစ္ထပ္တုိက္တစ္လုံး ဇြန္ ၂၂ ရက္ေန႔မွာ ၿပိဳက်ခဲ့ရာ ေသဆုံးသူ ၇ ဦးရွိေနၿပီး ၃၀ ခန္႔ေပ်ာက္ဆုံးေနဆဲျဖစ္ေၾကာင္း သတင္းရရွိပါတယ္။

အဆိုပါအေဆာက္အအုံဟာ ေဆာက္လက္စအေျခအေနမွာ ရွိေနခဲ့တဲ့အတြက္ ေသဆုံးနဲ႔ ေပ်ာက္ဆုံးသူေတြဟာ ေဆာက္လုပ္ေရးလုပ္သားေတြျဖစ္ေၾကာင္း ယူဆရပါတယ္။ ၄င္းကုိ တ႐ုတ္ကုမၸဏီတစ္ခုက ပုိင္ဆုိင္ေၾကာင္း သိရပါတယ္။

ေသဆုံးသူ ၃ ဦးစလုံးဟာ ကေမာၻဒီးယားႏုိင္ငံသားမ်ား ျဖစ္ၾကၿပီး ေဆာက္လုပ္ေရးလုပ္သား ၂ ဦးနဲ႔ စကားျပန္ ၁ ဦးတုိ႔ ျဖစ္ပါတယ္။ ရွာေဖြကယ္ဆယ္ေရးလုပ္ငန္းမ်ား မၿပီးျပတ္ေသးတာေၾကာင့္ ေပ်ာက္ဆုံးအေရအတြက္ကုိ အတိအက် မသိရေသးပါဘူး။

လူ ၃၀ ေက်ာ္ ေပ်ာက္ဆုံးေနႏုိင္ေၾကာင္း ျပန္ၾကားေရးဝန္ႀကီးက ေျပာၾကားထားၿပီး လုပ္သားဝန္ႀကီး ဌာနကေတာ့ ၁၀ ဦးထက္ နည္းႏုိင္ေၾကာင္း ခန္႔မွန္းထားပါတယ္။ ျပည္နယ္ဝန္ႀကီးခ်ဳပ္ကေတာ့ လူ ၂၀ ခန္႔ ကယ္တင္ႏုိင္ခဲ့ၿပီျဖစ္ၿပီး တုိက္ၿပိဳက်ခ်ိန္မွာ လုပ္သား ၅၀ ခန္႔ ရွိေနခဲ့ႏုိင္ေၾကာင္း ေျပာပါတယ္။

ၿပိဳက်ရျခင္း အေၾကာင္းအရင္းကို မသိရေသးေပမယ့္ ၄င္းျဖစ္ရပ္အတြက္ တ႐ုတ္အမ်ိဳးသမီးတစ္ဦးကုိ စစ္ေၾကာေမးျမန္ရန္ ထိန္းသိမ္းထားေၾကာင္း ၿမိဳ႕ရဲမွဴးက ေျပာပါတယ္။

ယခင္တုန္းက ငါးဖမ္းေက်း႐ြာေလးျဖစ္ခဲ့တဲ့ ဆီဟန္ေနာက္ဗီးလ္ၿမိဳ႕ဟာ ၂၀၀၀ ျပည့္ႏွစ္မွာေတာ့ ကမာၻလွည့္ခရီးသြားေတြေၾကာင့္ အလ်င္အျမန္တုိးတက္လာခဲ့ပါတယ္။ လြန္ခဲ့တဲ့ ၃ ႏွစ္အတြင္း မွာဆုိလွ်င္ ကာစီႏုိေပါင္း ဒါဇင္နဲ႔ခ်ီ အၿပိဳင္အဆုိင္တည္ေဆာက္လာခဲ့ၾကရာ အားလုံးနီးပါးဟာ တ႐ုတ္ကမာၻလွည့္ခရီးသြားေတြအတြက္ အဓိကရည္႐ြယ္ထားျခင္း ျဖစ္ပါတယ္။

ကေမာၻဒီးယားဟာ လုပ္သားဥပေဒကုိ တင္းၾကပ္ေလ့မရွိတာေၾကာင့္ ေဆာက္လုပ္ေရးလုပ္သားေတြ အဖုိ႔ အသက္အႏၲရာယ္ၾကဳံရေလ့ ရွိပါတယ္။

(Ref : AP, BBC)

Unicode Version

 
ကမ္ဘောဒီးယားနိုင်ငံ ကမ်းခြေမြို့ ဆီဟန်နောက်ဗီးလ်တွင် ခုနှစ်ထပ်တိုက်တစ်လုံး ဇွန် ၂၂ ရက်နေ့မှာ ပြိုကျခဲ့ရာ သေဆုံးသူ ၇ ဦးရှိနေပြီး ၃၀ ခန့်ပျောက်ဆုံးနေဆဲဖြစ်ကြောင်း သတင်းရရှိပါတယ်။

အဆိုပါအဆောက်အအုံဟာ ဆောက်လက်စအခြေအနေမှာ ရှိနေခဲ့တဲ့အတွက် သေဆုံးနဲ့ ပျောက်ဆုံးသူတွေဟာ ဆောက်လုပ်ရေးလုပ်သားတွေဖြစ်ကြောင်း ယူဆရပါတယ်။ ၎င်းကို တရုတ်ကုမ္ပဏီတစ်ခုက ပိုင်ဆိုင်ကြောင်း သိရပါတယ်။

သေဆုံးသူ ၃ ဦးစလုံးဟာ ကမ္ဘောဒီးယားနိုင်ငံသားများ ဖြစ်ကြပြီး ဆောက်လုပ်ရေးလုပ်သား ၂ ဦးနဲ့ စကားပြန် ၁ ဦးတို့ ဖြစ်ပါတယ်။ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ မပြီးပြတ်သေးတာကြောင့် ပျောက်ဆုံးအရေအတွက်ကို အတိအကျ မသိရသေးပါဘူး။

လူ ၃၀ ကျော် ပျောက်ဆုံးနေနိုင်ကြောင်း ပြန်ကြားရေးဝန်ကြီးက ပြောကြားထားပြီး လုပ်သားဝန်ကြီး ဌာနကတော့ ၁၀ ဦးထက် နည်းနိုင်ကြောင်း ခန့်မှန်းထားပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်ကတော့ လူ ၂၀ ခန့် ကယ်တင်နိုင်ခဲ့ပြီဖြစ်ပြီး တိုက်ပြိုကျချိန်မှာ လုပ်သား ၅၀ ခန့် ရှိနေခဲ့နိုင်ကြောင်း ပြောပါတယ်။

ပြိုကျရခြင်း အကြောင်းအရင်းကို မသိရသေးပေမယ့် ၎င်းဖြစ်ရပ်အတွက် တရုတ်အမျိုးသမီးတစ်ဦးကို စစ်ကြောမေးမြန်ရန် ထိန်းသိမ်းထားကြောင်း မြို့ရဲမှူးက ပြောပါတယ်။

ယခင်တုန်းက ငါးဖမ်းကျေးရွာလေးဖြစ်ခဲ့တဲ့ ဆီဟန်နောက်ဗီးလ်မြို့ဟာ ၂၀၀၀ ပြည့်နှစ်မှာတော့ ကမ္ဘာလှည့်ခရီးသွားတွေကြောင့် အလျင်အမြန်တိုးတက်လာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၃ နှစ်အတွင်း မှာဆိုလျှင် ကာစီနိုပေါင်း ဒါဇင်နဲ့ချီ အပြိုင်အဆိုင်တည်ဆောက်လာခဲ့ကြရာ အားလုံးနီးပါးဟာ တရုတ်ကမ္ဘာလှည့်ခရီးသွားတွေအတွက် အဓိကရည်ရွယ်ထားခြင်း ဖြစ်ပါတယ်။

ကမ္ဘောဒီးယားဟာ လုပ်သားဥပဒေကို တင်းကြပ်လေ့မရှိတာကြောင့် ဆောက်လုပ်ရေးလုပ်သားတွေ အဖို့ အသက်အန္တရာယ်ကြုံရလေ့ ရှိပါတယ်။

(Ref : AP, BBC)

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။