Skip to main content
မိဇိုင္းေတာင္ အေျခစိုက္ DKBA (ခြဲထြက္) အဖြဲ႔မ်ား အလင္း၀င္ရန္ စီစဥ္ေန
Ads Block

မိဇိုင္းေတာင္ အေျခစိုက္ DKBA (ခြဲထြက္) အဖြဲ႔မ်ား အလင္း၀င္ရန္ စီစဥ္ေန

ကရင္နယ္ျခားေစာင့္တပ္ႏွင့္ ထိေတြ႔မႈမ်ား ျဖစ္ပြားခဲ့သည့္ DKBA (ခြဲထြက္) မိဇိုင္းေတာင္ ဆရာေတာ္ ဥဴးစႏၵာဝရ အဖြဲ႔မ်ား ၿမိဳင္ ႀကီးငူ စာခ်ဆရာေတာ္ႏွင့္ ဗိုလ္မွဴး ေစာမုတ္သိုလ္တို႔၏ ၾကား၀င္ညိွႏိႈင္းမႈအရ လက္နက္ခ် အလင္း၀င္ရန္ စီစဥ္ေနေၾကာင္း သိရ သည္။

မိဇိုင္းေတာင္ အေျခစိုက္ DKBA (ခြဲထြက္) အဖြဲ႔မ်ား အလင္း၀င္ရန္ စီစဥ္ေန


ဇြန္လ ၂၂ ရက္ မနက္ပိုင္းက BGF ၂၀၂၂ တပ္ရင္းမွဴး ဗိုလ္မွဴးေစာမုတ္သိုလ္ ညႇိႏိႈင္းခ်က္အရ အပစ္ရပ္ကာ လက္ရိွတြင္ ၿမိဳင္ႀကီး ငူစာခ် ဆရာေတာ္ထံ ၾသဝါဒခံယူ ညႇိႏိုင္းေနၾကေၾကာင္း သိရသည္။
ကရင္ျပည္နယ္ ဘားအံခ႐ိုင္ မိဇိုင္းေတာင္ေျခေဒသတြင္ ဇြန္လ ၂၁ ရက္ မနက္ ၈ နာရီခြဲ အခ်ိန္မွ စတင္၍ အစိုးရ တပ္မေတာ္၊ BGF ကရင္နယ္ျခားေစာင့္တပ္မွ ဗိုလ္ေမာင္ခ်စ္ ဦးစီးေသာ အဖြဲ႔မ်ားမွ DKBA (ခြဲထြက္ ) မိဇိုင္းေတာင္ဆရာေတာ္ ဥဴးစႏၵာဝရ အဖြဲ႔ မ်ားႏွင့္ တိုက္ပြဲမ်ား စတင္ျဖစ္ပြားခဲ့ရာမွ ၿမိဳင္ႀကီးငူ ဆရာေတာ္၏ တပည့္ျဖစ္သူ ၂၀၂၂ BGF တပ္ရင္းမွဴး ေစာမိုလ္သိုလ္၏ ညႇိႏိုင္း ေျပာဆိုခ်က္အရ ဇြန္လ ၂၂ ရက္ မနက္ပိုင္းတြင္ ရပ္ဆိုင္းခဲ့ၿပီး ဗိုလ္မုတ္သိုလ္ ဦးေဆာင္ေသာ တပ္မေတာ္ /BGF ပူးေပါင္းအဖြဲ႔ မ်ား မိဇိုင္းေတာင္ေပၚသို႔ တက္ေရာက္ကာ DKBA  ခြဲထြက္ ဆရာေတာ္ ဗိုလ္စႏၵာဝရ ဦးေဆာင္ေသာအဖြဲ႔မ်ားႏွင့္ ေတြ႔ဆုံ၍ ေန႔ လည္ ၁၂ နာရီခြဲ ခန္႔အခ်ိန္တြင္ ၿမိဳင္ႀကီးငူ ဒုတိယ ဆရာေတာ္ႀကီး အရွင္ဉာဏိကထံ သြားေရာက္ႏိုင္ရန္ ၿမိဳင္ႀကီးငူဘက္ကမ္းသို႔ ႏွစ္ဘက္အဖြဲ႕ မ်ား သြားေရာက္ေနျခင္းျဖစ္သည္။
" DKBA ( ခြဲထြက္) မိဇိုင္းေတာင္ ဆရာေတာ္ စႏၵာဝရအဖြဲ႔တို႔ရွိတဲ့ ေတာင္ေပၚမွာ ဒီမနက္ေတာ့ သူတို႔ကေန လႊင့္တာေတြအရ က ေတာ့ တိုက္ပြဲရပ္ၿပီး ေဆြးေႏြးမယ္လို႔သိရတယ္။ မေန႔က စစ္ေရွာင္လာၾကတဲ့ ေတာင္ေျခက ရြာသားေတြ ကၽြန္းတာရြာ ဘုန္းႀကီး ေက်ာင္းမွာ လူ ၁၅၀ ေလာက္ေရာက္လာၿပီး ခိုလႈံေနတယ္ ၊ဘားအံက လႊတ္ေတာ္ကိုယ္စားလွယ္ အဖြဲ႔ေတြေတာ့ ဆန္နဲ႔ စား စရာ ရိကၡာေတြ လာလွဴေနတယ္" ဟု ေပပင္ဆိပ္ရြာသား လူမႈအေထာက္အကူျပဳ အဖြဲ႔ဝင္တစ္ဦးက ေျပာသည္။
ၿမိဳင္ႀကီးငူ ဆရာေတာ္ ဥဴးသုဇန ပ်ံလြန္ေတာ္မမူခင္က ဆရာေတာ္ႀကီး၏ လုံၿခံဳေရး တာဝန္ယူၾကသည့္ DKBA တပ္ဖြဲ႔ဝင္ ဆရာ ေတာ္မ်ားႏွင့္ တပ္ဖြဲ႔ဝင္မ်ားသည္ BGF နယ္ျခားေစာင့္တပ္အျဖစ္ အသြင္မေျပာင္းဘဲ မိဇိုင္းေတာင္ေပၚတြင္ သာသနာျပဳလုပ္ငန္း မ်ား လုပ္ေဆာင္ေနရာမွ BGF နယ္ျခားေစာင့္တပ္၏ စစ္ေရး ဖိအားေပးမႈမ်ားေၾကာင့္ စစ္ေရးတင္းမာမႈျဖစ္ပြားကာ ေတာင္ေျခ တစ္ဝိုက္ ေျမျမဳတ္မိုင္းမ်ား ေထာင္ထားသည့္အတြက္ ယခု တိုက္ပြဲျဖစ္ပြားစဥ္အတြင္း BGF နယ္ျခားေစာင္တပ္ႏွင့္ အစိုးရ တပ္ မေတာ္ဘက္မွ မိုင္းထိဒဏ္ရာရ သူမ်ားရွိေၾကာင္း စစ္ေရွာင္ရြာသားမ်ား ေျပာၾကားခ်က္အရ သိရသည္။

- ေစာေဘာသိုလ္( အကုန္သိသတင္းဌာန )

Unicode Version

 

ကရင်နယ်ခြားစောင့်တပ်နှင့် ထိတွေ့မှုများ ဖြစ်ပွားခဲ့သည့် DKBA (ခွဲထွက်) မိဇိုင်းတောင် ဆရာတော် ဥူးစန္ဒာဝရ အဖွဲ့များ မြိုင် ကြီးငူ စာချဆရာတော်နှင့် ဗိုလ်မှူး စောမုတ်သိုလ်တို့၏ ကြားဝင်ညှိနှိုင်းမှုအရ လက်နက်ချ အလင်းဝင်ရန် စီစဉ်နေကြောင်း သိရ သည်။
ဇွန်လ ၂၂ ရက် မနက်ပိုင်းက BGF ၂၀၂၂ တပ်ရင်းမှူး ဗိုလ်မှူးစောမုတ်သိုလ် ညှိနှိုင်းချက်အရ အပစ်ရပ်ကာ လက်ရှိတွင် မြိုင်ကြီး ငူစာချ ဆရာတော်ထံ သြဝါဒခံယူ ညှိနိုင်းနေကြကြောင်း သိရသည်။
ကရင်ပြည်နယ် ဘားအံခရိုင် မိဇိုင်းတောင်ခြေဒေသတွင် ဇွန်လ ၂၁ ရက် မနက် ၈ နာရီခွဲ အချိန်မှ စတင်၍ အစိုးရ တပ်မတော်၊ BGF ကရင်နယ်ခြားစောင့်တပ်မှ ဗိုလ်မောင်ချစ် ဦးစီးသော အဖွဲ့များမှ DKBA (ခွဲထွက် ) မိဇိုင်းတောင်ဆရာတော် ဥူးစန္ဒာဝရ အဖွဲ့ များနှင့် တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ရာမှ မြိုင်ကြီးငူ ဆရာတော်၏ တပည့်ဖြစ်သူ ၂၀၂၂ BGF တပ်ရင်းမှူး စောမိုလ်သိုလ်၏ ညှိနိုင်း ပြောဆိုချက်အရ ဇွန်လ ၂၂ ရက် မနက်ပိုင်းတွင် ရပ်ဆိုင်းခဲ့ပြီး ဗိုလ်မုတ်သိုလ် ဦးဆောင်သော တပ်မတော် /BGF ပူးပေါင်းအဖွဲ့ များ မိဇိုင်းတောင်ပေါ်သို့ တက်ရောက်ကာ DKBA  ခွဲထွက် ဆရာတော် ဗိုလ်စန္ဒာဝရ ဦးဆောင်သောအဖွဲ့များနှင့် တွေ့ဆုံ၍ နေ့ လည် ၁၂ နာရီခွဲ ခန့်အချိန်တွင် မြိုင်ကြီးငူ ဒုတိယ ဆရာတော်ကြီး အရှင်ဉာဏိကထံ သွားရောက်နိုင်ရန် မြိုင်ကြီးငူဘက်ကမ်းသို့ နှစ်ဘက်အဖွဲ့ များ သွားရောက်နေခြင်းဖြစ်သည်။
" DKBA ( ခွဲထွက်) မိဇိုင်းတောင် ဆရာတော် စန္ဒာဝရအဖွဲ့တို့ရှိတဲ့ တောင်ပေါ်မှာ ဒီမနက်တော့ သူတို့ကနေ လွှင့်တာတွေအရ က တော့ တိုက်ပွဲရပ်ပြီး ဆွေးနွေးမယ်လို့သိရတယ်။ မနေ့က စစ်ရှောင်လာကြတဲ့ တောင်ခြေက ရွာသားတွေ ကျွန်းတာရွာ ဘုန်းကြီး ကျောင်းမှာ လူ ၁၅၀ လောက်ရောက်လာပြီး ခိုလှုံနေတယ် ၊ဘားအံက လွှတ်တော်ကိုယ်စားလှယ် အဖွဲ့တွေတော့ ဆန်နဲ့ စား စရာ ရိက္ခာတွေ လာလှူနေတယ်" ဟု ပေပင်ဆိပ်ရွာသား လူမှုအထောက်အကူပြု အဖွဲ့ဝင်တစ်ဦးက ပြောသည်။
မြိုင်ကြီးငူ ဆရာတော် ဥူးသုဇန ပျံလွန်တော်မမူခင်က ဆရာတော်ကြီး၏ လုံခြုံရေး တာဝန်ယူကြသည့် DKBA တပ်ဖွဲ့ဝင် ဆရာ တော်များနှင့် တပ်ဖွဲ့ဝင်များသည် BGF နယ်ခြားစောင့်တပ်အဖြစ် အသွင်မပြောင်းဘဲ မိဇိုင်းတောင်ပေါ်တွင် သာသနာပြုလုပ်ငန်း များ လုပ်ဆောင်နေရာမှ BGF နယ်ခြားစောင့်တပ်၏ စစ်ရေး ဖိအားပေးမှုများကြောင့် စစ်ရေးတင်းမာမှုဖြစ်ပွားကာ တောင်ခြေ တစ်ဝိုက် မြေမြုတ်မိုင်းများ ထောင်ထားသည့်အတွက် ယခု တိုက်ပွဲဖြစ်ပွားစဉ်အတွင်း BGF နယ်ခြားစောင်တပ်နှင့် အစိုးရ တပ် မတော်ဘက်မှ မိုင်းထိဒဏ်ရာရ သူများရှိကြောင်း စစ်ရှောင်ရွာသားများ ပြောကြားချက်အရ သိရသည်။

- စောဘောသိုလ်( အကုန်သိသတင်းဌာန )

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။