Skip to main content
 ကိုယ်ပိုင်သက်တော်စောင့်တစ်ဦးကို ပေါ်တူဂီကစားသမားရော်နယ်ဒိုငှားရမ်း
Ads Block

ကိုယ်ပိုင်သက်တော်စောင့်တစ်ဦးကို ပေါ်တူဂီကစားသမားရော်နယ်ဒိုငှားရမ်း

ရီးရဲမက်ဒရစ်နှင့် ပေါ်တူဂီတိုက်စစ်ကစားသမားခရစ္စတီယာနိုရော်နယ်ဒိုသည် ၂၀၁၈ ခုနှစ် ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲကာလအတွင်းတွင် သူ၏ သက်တော်စောင့်အဖြစ် တာဝန်ယူရန် လေထီးတပ်သားဟောင်းနှင့် MMA တိုက်ခိုက်ရေးသမားဟောင်းတစ်ဦးဖြစ်သူ နူနိုမာရီကို့စ်အားငှားရမ်းခဲ့ကြောင်းသိရသည်။ ISIS အဖွဲ့ကလာမည့် ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းရော်နယ်ဒိုအားသတ်ဖြတ်မည်ဟု ခြိမ်းခြောက်မှု ပြုလုပ်ခဲ့ ပြီးနောက် ရော်နယ်ဒိုသည် ယခုကဲ့သို့ ကိုယ်ပိုင်သက်တော်စောင့် ငှားရမ်းခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ နူနိုမာရီကို့စ်သည် ပြီးခဲ့သည့် ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်လည်းရော်နယ်ဒိုအားစောင့်ရှောက်ပေးခဲ့သူဖြစ်သည်။ အရပ် ၆ ပေ ၂ လက်မရှိသည့် မာရီကို့စ်သည် ပေါ်တူဂီနိုင်ငံလစ္စဘွန်းမြို့နှင့် မိုင် ၇၀ အကွာတွင် တည်ရှိသောChamusca မြို့၌ ပြုလုပ်သောလက်ဗလာဖြင့်နွားရိုင်းသတ်ပွဲများတွင် ပါဝင်ဖြေဖျော်လေ့ရှိသူဖြစ်သည်။

ပေါ်တူဂီ

ရော်နယ်ဒိုနှင့် နီးစပ်သူတစ်ဦးက “ရော်နယ်ဒိုဟာ နွားရိုင်းသတ်ပွဲအများအပြားကို ကြည့်ရှုခဲ့ပြီးမာရီကို့စ်က နွားရိုင်းသတ်ပွဲတွေမှာဖျော်ဖြေသူတွေအနက် အကြမ်းအခံနိုင်ဆုံးတစ်ဦးလို့ ယူဆခဲ့ပါတယ်။ မာရီကို့စ်ဟာချန်ပီယံလိဂ်ပြိုင်ပွဲဗိုလ်လုပွဲတုန်းကလည်းရော်နယ်ဒိုနဲ့အတူရှိနေခဲ့သလိုလာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်းရော်နယ်ဒိုနဲ့အတူလိုက်ပါလာမှာဖြစ်ပါတယ်”ဟုပြောဆိုခဲ့သည်။ စပိန်နှင့် ပေါ်တူဂီနိုင်ငံများတွင် ကျင်းပသော နွားရိုင်းသတ်ပွဲများ၏ ကွာခြားချက်မှာပေါ်တူဂီနိုင်ငံတွင် ကျင်းပသော နွားရိုင်းသတ်ပွဲများ၌ တိရိစ္ဆာန်များအားပွဲကြည့်ပရိသတ်များရှေ့တွင် သတ်ဖြတ်မှုမပြု ခြင်းဖြစ်သည်။

  • အကုန်သိသတင်းဌာန
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။