Skip to main content
ငွေဝယ်မယားအဖြစ် လူကုန်ကူးခံရသော အမျိုးသမီး ၁,၁၀၀ ကျော်ကို ယမန်နှစ်အတွင်း ကယ်တင်နိုင်ခဲ့ဟု တရုတ်အာဏာပိုင်များ ထုတ်ပြန်
Ads Block
ငွေဝယ်မယားအဖြစ် လူကုန်ကူးခံရသော အမျိုးသမီး ၁,၁၀၀ ကျော်ကို ယမန်နှစ်အတွင်း ကယ်တင်နိုင်ခဲ့ဟု တရုတ်အာဏာပိုင်များ ထုတ်ပြန်
တရုတ်ဟာ ၄င်းတို့နိုင်ငံဆီသို့ ဇနီးမယားအဖြစ် လူကုန်ကူးရောင်းချခံခဲ့ရတဲ့ အမျိုးသမီးတွေကို ဖော်ထုတ်ကယ်တင်နေရာ ယမန်နှစ်အတွင်းမှာဆိုလျှင် အရှေ့တောင်အာရှသူ တစ်ထောင်ကျော်ကို ကယ်တင်နိုင်ခဲ့ကြောင်း အာဏာပိုင်တွေက ဇွန် ၂၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
အဆိုပါအမျိုးသမီးတွေကို ကယ်တင်ခဲ့ရာမှာ ပြန်ပေးဆွဲခေါ်ဆောင်သူ၊ လူကုန်ကူးသူ၊ အောင်သွယ် ချိတ်ဆက်ပေးမည်ဟု လိမ်လည်ဖြားယောင်းသူ စုစုပေါင်း ၁,၃၀၀ ကျော်ကိုလည်း ဖမ်းဆီးနိုင်ခဲ့ပြီး ၄င်းတို့အနက် ၂၆၀ ဦးခန့်ဟာ တိုင်းတစ်ပါးသားများဖြစ်ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လူဦးရေထိန်းချုပ်ရန်အတွက် “ တစ်အိမ်ထောင် ကလေးတစ်ယောက်”မူဝါဒကို တရုတ်မှာ ဆယ်စု နှစ်များကြာအောင် ဖော်ဆောင်ခဲ့ရာ သားယောက်ျားလေးကို ဦးစားပေးရွေးချယ်လေ့ရှိတဲ့နိုင်ငံ ဖြစ်နေတာကြောင့် အမျိုးသမီးဦးရေဟာ အမျိုးသားဦးရေထက် ၃၃ သန်းခန့် နည်းသွားခဲ့ပါတယ်။
(Ref : AFP)
Unicode Version
တရုတ်ဟာ ၎င်းတို့နိုင်ငံဆီသို့ ဇနီးမယားအဖြစ် လူကုန်ကူးရောင်းချခံခဲ့ရတဲ့ အမျိုးသမီးတွေကို ဖော်ထုတ်ကယ်တင်နေရာ ယမန်နှစ်အတွင်းမှာဆိုလျှင် အရှေ့တောင်အာရှသူ တစ်ထောင်ကျော်ကို ကယ်တင်နိုင်ခဲ့ကြောင်း အာဏာပိုင်တွေက ဇွန် ၂၁ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
အဆိုပါအမျိုးသမီးတွေကို ကယ်တင်ခဲ့ရာမှာ ပြန်ပေးဆွဲခေါ်ဆောင်သူ၊ လူကုန်ကူးသူ၊ အောင်သွယ် ချိတ်ဆက်ပေးမည်ဟု လိမ်လည်ဖြားယောင်းသူ စုစုပေါင်း ၁,၃၀၀ ကျော်ကိုလည်း ဖမ်းဆီးနိုင်ခဲ့ပြီး ၎င်းတို့အနက် ၂၆၀ ဦးခန့်ဟာ တိုင်းတစ်ပါးသားများဖြစ်ကြောင်း တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လူကုန်ကူးခံခဲ့ရတဲ့ အရှေ့တောင်အာရှသူ ၁,၁၀၀ ကျော်အား ကယ်တင်နိုင်ခဲ့တဲ့အနက် ၂၀၁၈ ဇွန်လမှ ဒီဇင်ဘာလအတွင်းမှာဆိုလျှင် ကလေးငယ် ၁၇ ဦးကို မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ ထိုင်းမှ ရဲတပ်ဖွဲ့များနဲ့ပူးပေါင်းပြီး ကယ်တင်နိုင်ခဲ့ကြောင်း သိရပါတယ်။
လူဦးရေထိန်းချုပ်ရန်အတွက် “ တစ်အိမ်ထောင် ကလေးတစ်ယောက်”မူဝါဒကို တရုတ်မှာ ဆယ်စု နှစ်များကြာအောင် ဖော်ဆောင်ခဲ့ရာ သားယောကျ်ားလေးကို ဦးစားပေးရွေးချယ်လေ့ရှိတဲ့နိုင်ငံ ဖြစ်နေတာကြောင့် အမျိုးသမီးဦးရေဟာ အမျိုးသားဦးရေထက် ၃၃ သန်းခန့် နည်းသွားခဲ့ပါတယ်။
ကျား/မ အချိုးအစား မညီမျှမှုကြောင့် အမျိုးသားတွေဟာ အိမ်ထောင်ပြုရန်အတွက် တိုင်းတစ်ပါးသူ တွေကို ရွေးချယ်တင်သွင်းလာရပါတယ်။ ၎င်းတွင် မဲခေါင်ဒေသမှ ဆင်းရဲနွမ်းပါးတဲ့ မိန်းမငယ်တွေဟာ တရုတ်နိုင်ငံမှာ ငွေဝယ်မယားဖြစ်ရမယ့်ဘဝကို စွန့်စားရွေးချယ်လာရပါတယ်။
ထိုသို့သော အမျိုးသမီးတွေအနက် ကံဆိုးသူတွေဟာ အောင်သွယ်တော် အတုအလိမ်တွေရဲ့ သားကောင်ဖြစ်ရပြီး ညှင်းပန်းခံရကာ အချို့ဆိုလျှင် ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရပါတယ်။ အချို့အောင်သွယ်တော်တွေကတော့ အလုပ်ရှာဖွေရေးအေဂျင်စီအသွင်ယူကာ အမျိုးသမီးတွေကို လိမ်လည်သွေးဆောင်ပြီး တရုတ်ပြည်သို့ လူကုန်ကူး၊ အတင်းအကြပ် လက်ထပ်စေကြောင်း သိရပါတယ်။
(Ref : AFP)
အကုန်သိသတင်းဌာန၏ သတင်းများကို ၀င်ရောက်ဖတ်ရှုပေးမှုအတွက် အထူးပင် ကျေးဇူးတင်ပါသည်။