Skip to main content
ဗိုလ္ခ်ဳပ္ရုပ္ရွင္အတြက္ အရမ္းႀကီး မစိုးရိမ္ၾကပါနဲ႔လို႔ ဒါရိုက္တာ လူမင္းေျပာ
Ads Block

ဗိုလ္ခ်ဳပ္ရုပ္ရွင္အတြက္ အရမ္းႀကီး မစိုးရိမ္ၾကပါနဲ႔လို႔ ဒါရိုက္တာ လူမင္းေျပာ


ဗိုလ္ခ်ဳပ္ေအာင္ဆန္းရုပ္ရွင္ ရိုက္ကူးဖို႔အတြက္ စိုးရိမ္စိတ္လြန္ကဲေနတဲ့ ပရိသတ္ေတြကို မစိုးရိမ္ၾကဖို႔ ဒီဇာတ္ကားကို တာ၀န္ယူ ရိုက္ကူးမယ့္ ဒါရိုက္တာ လူမင္းက ေျပာၾကားလိုက္ပါတယ္။
အဆိုပါ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရုပ္ရွင္ကို ဒီနွစ္မိုးရာသီအကုန္မွာ စတင္ရိုက္ကူးေတာ့မွာျဖစ္ၿပီး လက္ရိွမွာေတာ့ လိုအပ္တဲ့ ျပင္ဆင္ မႈေတြကို ျပဳလုပ္ေနတယ္လို႔လည္း သိရပါတယ္။
“ ဟိုးအရင္ေတြ အစည္းအေ၀းေတြကထက္ စာရင္ေတာ့ ျပင္ဆင္မႈအေနအထားက အမ်ားႀကီးေရွ႕ကို ေရာက္ေနပါၿပီ။ ဒီမိုးကုန္ မွာ တစ္ခုမဟုတ္တစ္ခု ရိုက္နိုင္ေအာင္ အခုအင္တိုက္အားတိုက္ ႀကိဳးစားေနတယ္။ အားလံုးကေတာ့ ဘယ္တစ္ခုမွေတာ့ ရာနႈန္း ျပည့္ ျပင္ဆင္မႈၿပီးစီးၿပီလို႔ ေျပာလို႔ေတာ့ မရေသးဘူး။ အားလံုးကေတာ့ ျပင္ဆင္ေနတုန္းပဲ။ ေတာ္ေတာ္မ်ားမ်ား ေရြးၿပီးပါၿပီ။ ေနာက္တစ္ခု ေျပာခ်င္တာက ကၽြန္ေတာ္တို႔ တင္ျပတဲ့ ရုပ္ရွင္ဟာ ေအာင္ဆန္းဆိုတဲ့ ရုပ္ရွင္အေၾကာင္းကို တင္ျပတာပါ။ ကၽြန္ ေတာ္ကိုယ္တိုင္လည္း လုပ္ခ်င္တဲ့ အလုပ္ေတြ အကုန္လံုးကိုလည္း အေနာက္ေရြ႕ထားတယ္။ အားလံုးကိုလည္း ေက်းဇူးပါ။ ဗိုလ္ ခ်ဳပ္ရုပ္ရွင္ ရိုက္တယ္ဆိုတာကလည္း အနုပညာတစ္ခုအေနနဲ႔ ပရိသတ္ႀကီးကို ခ်ျပမွာျဖစ္လို႔ စိုးရိမ္စိတ္လြန္ကဲေနတဲ့ ပရိသတ္ ႀကီးေတြကိုလည္း ဒီေနရာမွာ တစ္ခါတည္းေျပာခ်င္တာက စိုးရိမ္စိတ္ အရမ္းမလြန္ကဲပါနဲ႔။ ကၽြန္ေတာ္တို႔ဘက္ကလည္း အတတ္ နိုင္ဆံုး၊ ကၽြန္ေတာ္တို႔ တတ္နိုင္တဲ့ အတိုင္းအတာနဲ႔ ႀကိဳးစားသြားမွာပါလို႔ ေျပာခ်င္ပါတယ္” လို႔ ဒါရိုက္တာ လူမင္းက ေျပာပါ တယ္။
အခုလက္ရွိမွာေတာ့ ေအာင္ဆန္းရုပ္ရွင္ဇာတ္ကားႀကီးထဲမွာ ပါ၀င္သရုပ္ေဆာင္ဖို႔အတြက္ သခင္ႏု၊ သခင္ သန္းထြန္းတို႔နဲ႔ ရုပ္ခ်င္း ဆင္တူတဲ့ သရုပ္ေဆာင္အသစ္ေတြကို မေရြးရေသးဘူးလို႔ သိရၿပီး က်န္တဲ့ ရဲေဘာ္သံုးက်ိတ္ အဖြဲ႔၀င္ေတြေနရာမွာ ပါ၀င္သရုပ္ ေဆာင္မယ့္ သရုပ္ေဆာင္သစ္ေတြကိုေတာ့ ေရြးခ်ယ္ၿပီးၿပီလို႔ သိရပါတယ္။
ေအာင္ဆန္းရုပ္ရွင္ ဇာတ္ကားရဲ႕ အဓိက သရုပ္ေဆာင္ပိုင္းျဖစ္တဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ ေဒၚခင္ၾကည္ေနရာမွာ ယခင္က ေရြး ခ်ယ္ထားၿပီးသားျဖစ္တဲ့ ေက်ာ္ေက်ာ္မ်ိဳးနဲ႔ နန္႔ဇာျခည္လင္းတို႔က ပါ၀င္သရုပ္ေဆာင္သြားမွာလည္း ျဖစ္သလို အျခားသရုပ္ေဆာင္ အသစ္ေတြကိုလည္း ထပ္မံေခၚယူသြားမွာ ျဖစ္ပါတယ္။
ၿပီးခဲ့တဲ့ မတ္လ ၂၆ ရက္က ေအာင္ဆန္းရုပ္ရွင္မွာ ဇာတ္ေကာင္ေတြ ၀တ္ဆင္ရမယ့္ ၀တ္စံုအခ်ိဳ႕ကို ဒီဇိုင္နာအဖြဲ႔က ျပခဲ့ၾကၿပီး သက္ဆိုင္ရာ ၀န္ႀကီးေတြနဲ႔ သမိုင္းစိစစ္ေရးအဖြဲ႔က ပညာရွင္ေတြကို ၾကည့္ရႈစစ္ေဆးအႀကံေပးခဲ့ၾကပါေသးတယ္။
ေအာင္ဆန္းရုပ္ရွင္ ဇာတ္ကားႀကီးရိုက္ကူးနိုင္ဖို႔ ၂၀၁၂ ခုနွစ္ ေဖေဖာ္၀ါရီလ ၁၃ ရက္ကတည္းက စတင္ျပင္ဆင္ခဲ့တာျဖစ္ၿပီး အခု ဆိုရင္ေတာ့ ျပင္ဆင္မႈအခ်ိန္အတိုင္းအတာအေနနဲ႔ ၇ နွစ္အတြင္းသို႔ ေရာက္ရွိလို႔လာၿပီပဲ ျဖစ္ပါတယ္။

- အိျဖဴသိမ့္(အကုန္သိသတင္းဌာန)

Unicode Version


ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးဖို့အတွက် စိုးရိမ်စိတ်လွန်ကဲနေတဲ့ ပရိသတ်တွေကို မစိုးရိမ်ကြဖို့ ဒီဇာတ်ကားကို တာဝန်ယူ ရိုက်ကူးမယ့် ဒါရိုက်တာ လူမင်းက ပြောကြားလိုက်ပါတယ်။
အဆိုပါ ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ကို ဒီနှစ်မိုးရာသီအကုန်မှာ စတင်ရိုက်ကူးတော့မှာဖြစ်ပြီး လက်ရှိမှာတော့ လိုအပ်တဲ့ ပြင်ဆင် မှုတွေကို ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
“ ဟိုးအရင်တွေ အစည်းအဝေးတွေကထက် စာရင်တော့ ပြင်ဆင်မှုအနေအထားက အများကြီးရှေ့ကို ရောက်နေပါပြီ။ ဒီမိုးကုန် မှာ တစ်ခုမဟုတ်တစ်ခု ရိုက်နိုင်အောင် အခုအင်တိုက်အားတိုက် ကြိုးစားနေတယ်။ အားလုံးကတော့ ဘယ်တစ်ခုမှတော့ ရာနှုန်း ပြည့် ပြင်ဆင်မှုပြီးစီးပြီလို့ ပြောလို့တော့ မရသေးဘူး။ အားလုံးကတော့ ပြင်ဆင်နေတုန်းပဲ။ တော်တော်များများ ရွေးပြီးပါပြီ။ နောက်တစ်ခု ပြောချင်တာက ကျွန်တော်တို့ တင်ပြတဲ့ ရုပ်ရှင်ဟာ အောင်ဆန်းဆိုတဲ့ ရုပ်ရှင်အကြောင်းကို တင်ပြတာပါ။ ကျွန် တော်ကိုယ်တိုင်လည်း လုပ်ချင်တဲ့ အလုပ်တွေ အကုန်လုံးကိုလည်း အနောက်ရွေ့ထားတယ်။ အားလုံးကိုလည်း ကျေးဇူးပါ။ ဗိုလ် ချုပ်ရုပ်ရှင် ရိုက်တယ်ဆိုတာကလည်း အနုပညာတစ်ခုအနေနဲ့ ပရိသတ်ကြီးကို ချပြမှာဖြစ်လို့ စိုးရိမ်စိတ်လွန်ကဲနေတဲ့ ပရိသတ် ကြီးတွေကိုလည်း ဒီနေရာမှာ တစ်ခါတည်းပြောချင်တာက စိုးရိမ်စိတ် အရမ်းမလွန်ကဲပါနဲ့။ ကျွန်တော်တို့ဘက်ကလည်း အတတ် နိုင်ဆုံး၊ ကျွန်တော်တို့ တတ်နိုင်တဲ့ အတိုင်းအတာနဲ့ ကြိုးစားသွားမှာပါလို့ ပြောချင်ပါတယ်” လို့ ဒါရိုက်တာ လူမင်းက ပြောပါ တယ်။
အခုလက်ရှိမှာတော့ အောင်ဆန်းရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ပါဝင်သရုပ်ဆောင်ဖို့အတွက် သခင်နု၊ သခင် သန်းထွန်းတို့နဲ့ ရုပ်ချင်း ဆင်တူတဲ့ သရုပ်ဆောင်အသစ်တွေကို မရွေးရသေးဘူးလို့ သိရပြီး ကျန်တဲ့ ရဲဘော်သုံးကျိတ် အဖွဲ့ဝင်တွေနေရာမှာ ပါဝင်သရုပ် ဆောင်မယ့် သရုပ်ဆောင်သစ်တွေကိုတော့ ရွေးချယ်ပြီးပြီလို့ သိရပါတယ်။
အောင်ဆန်းရုပ်ရှင် ဇာတ်ကားရဲ့ အဓိက သရုပ်ဆောင်ပိုင်းဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဒေါ်ခင်ကြည်နေရာမှာ ယခင်က ရွေး ချယ်ထားပြီးသားဖြစ်တဲ့ ကျော်ကျော်မျိုးနဲ့ နန့်ဇာခြည်လင်းတို့က ပါဝင်သရုပ်ဆောင်သွားမှာလည်း ဖြစ်သလို အခြားသရုပ်ဆောင် အသစ်တွေကိုလည်း ထပ်မံခေါ်ယူသွားမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်က အောင်ဆန်းရုပ်ရှင်မှာ ဇာတ်ကောင်တွေ ဝတ်ဆင်ရမယ့် ဝတ်စုံအချို့ကို ဒီဇိုင်နာအဖွဲ့က ပြခဲ့ကြပြီး သက်ဆိုင်ရာ ဝန်ကြီးတွေနဲ့ သမိုင်းစိစစ်ရေးအဖွဲ့က ပညာရှင်တွေကို ကြည့်ရှုစစ်ဆေးအကြံပေးခဲ့ကြပါသေးတယ်။
အောင်ဆန်းရုပ်ရှင် ဇာတ်ကားကြီးရိုက်ကူးနိုင်ဖို့ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်ကတည်းက စတင်ပြင်ဆင်ခဲ့တာဖြစ်ပြီး အခု ဆိုရင်တော့ ပြင်ဆင်မှုအချိန်အတိုင်းအတာအနေနဲ့ ၇ နှစ်အတွင်းသို့ ရောက်ရှိလို့လာပြီပဲ ဖြစ်ပါတယ်။

- အိဖြူသိမ့်(အကုန်သိသတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။