Skip to main content
ေလျဖတ္ေနေသာ မိခင္အိုကို အရက္ေၾကာင္ေနသည့္ သားက ေဂၚျပားျဖင့္ ရိုက္သတ္မႈျဖစ္ပြား
Ads Block

ေလျဖတ္ေနေသာ မိခင္အိုကို အရက္ေၾကာင္ေနသည့္ သားက ေဂၚျပားျဖင့္ ရိုက္သတ္မႈျဖစ္ပြား


အသက္ ၆၀ အရြယ္ ေလျဖတ္ေ၀ဒနာသည္ မိခင္ကို အရက္ေၾကာင္ေနသည့္ သားျဖစ္သူက ေဂၚျပားျဖင့္ ဂိုက္သတ္သြားသည့္ ျဖစ္စဥ္တစ္ခု ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕တြင္ ျဖစ္ပြားေၾကာင္း သိရသည္။

ေလျဖတ္ေနေသာ မိခင္အိုကို အရက္ေၾကာင္ေနသည့္ သားက ေဂၚျပားျဖင့္ ရိုက္သတ္မႈျဖစ္ပြား


ဘားအံၿမိဳ႕၊ အမွတ္(၁) ရပ္ကြက္တြင္ လူသတ္မႈျဖစ္ပြားေၾကာင္း သတင္းရရွိသျဖင့္ မာဃအခမဲ့ လူမႈကူညီေရးအသင္းႏွင့္ တာ၀န္ ရွိသူမ်ားက သြားေရာက္ စစ္ေဆးခဲ့ၾကရာ အသက္ ၆၀ အရြယ္ေဒၚသန္းျမင့္ဆိုသူမွာ လည္ပင္း ျပတ္ရွေပါက္ၿပဲ ဒဏ္ရာ ၂ ခ်က္၊ ၀ဲေမးရိုးေအာက္က်ိဳးေၾကဒဏ္ရာႏွင့္ ယာပါးမွ ေမးေစ့အထိ ျပတ္ရွဒဏ္ရာမ်ားျဖင့္ ေနအိမ္တြင္ ေသဆံုးေနသည္ကို ေတြ႔ရွိသျဖင့္ ဘားအံေဆးရံုသို႔ တင္ပို႔ေပးခဲ့ေၾကာင္း သိရသည္။
ျပစ္မႈက်ဴးလြန္သူမွာ ေသဆံုးသူ၏ သား ခင္ေမာင္လြင္(၄၂) ႏွစ္ ဆိုသူျဖစ္ၿပီး အရက္အလြန္အကြ်ံေသာက္စားတတ္သူျဖစ္ကာ အရက္ေၾကာင္တတ္သူ တစ္ဦးျဖစ္ေၾကာင္း သိရသည္။
ေသဆံုးသူေဒၚသန္းျမင့္သည္ ေလျဖတ္ထားသည့္အတြက္ေၾကာင့္ ၿပီးခဲ့သည့္ ရက္ ၂၀ ခန္႔က ထိုင္းႏုိင္ငံမဲေဆာက္ၿမိဳ႕မွတစ္ဆင့္ သားျဖစ္သူ ငွားရမ္းေနထုိင္သည့္ အခင္းျဖစ္ပြားရာ ဘားအံၿမိဳ႕ ေနအိမ္သို႔ေျပာင္းေရြ႕ေနထိုင္ခဲ့ျခင္းျဖစ္ၿပီး သားျဖစ္သူ မူးလာသည့္ အခါတိုင္း သတ္ပစ္မည္ဟု ႀကိမ္းေမာင္းမႈကိုလည္း ခံေနရသူျဖစ္ေၾကာင္း သိရသစည္။
အခင္းမျဖစ္မီ ဇြန္လ ၂၁ ရက္ ညအခ်ိန္တြင္ ခင္ေမာင္လြင္သည္ အရက္မူးၿပီး ခါတိုင္းလိုပင္ မိခင္အား ႀကိမ္းေမာင္းေနသည့္ အ သံကို ပတ္၀န္းက်င္က ၾကားခဲ့ရၿပီး ယေန႔နံနက္ ၆ နာရီတြင္ ေဒၚသန္းျမင့္ ဒဏ္ရာမ်ားျဖင့္ သတ္ျဖတ္ခံထားသည္ကို ေတြ႔ရွိခဲ့ၾက သျဖင့္ တာ၀န္ရွိသူမ်ားထံသို႔ တိုင္ၾကားျခင္းျဖစ္ေၾကာင္း သိရသည္။
ယင္းျဖစ္စဥ္ႏွင့္ ပတ္သက္၍ ျပစ္မႈက်ဴးသူ ခင္ေမာင္လြင္(၄၂)ႏွစ္ကလည္း အရက္မူး၍ မိခင္ကို ေဂၚျပားျဖင့္ ရိုက္သတ္ခဲ့ေၾကာင္း ၀န္ခံထြက္ဆိုခဲ့သည့္အတြက္ လူသတ္မႈျဖင့္ ဘားအံၿမိဳ႕မရဲစခန္း၌ အမႈဖြင့္အေရးယူ စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။


- ဒါးဇ(အကုန္သိသတင္းဌာန)  | ဓာတ္ပံု - မာဃ အခမဲ့လူမႈ ကူညီေရးအသင္း(ဘားအံ)

Unicode Version


အသက် ၆၀ အရွယ် လေဖြတ်ဝေဒနာသည် မိခင်ကို အရက်ကြောင်နေသည့် သားဖြစ်သူက ဂေါ်ပြားဖြင့် ဂိုက်သတ်သွားသည့် ဖြစ်စဉ်တစ်ခု ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ဖြစ်ပွားကြောင်း သိရသည်။
ဘားအံမြို့၊ အမှတ်(၁) ရပ်ကွက်တွင် လူသတ်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မာဃအခမဲ့ လူမှုကူညီရေးအသင်းနှင့် တာဝန် ရှိသူများက သွားရောက် စစ်ဆေးခဲ့ကြရာ အသက် ၆၀ အရွယ်ဒေါ်သန်းမြင့်ဆိုသူမှာ လည်ပင်း ပြတ်ရှပေါက်ပြဲ ဒဏ်ရာ ၂ ချက်၊ ဝဲမေးရိုးအောက်ကျိုးကြေဒဏ်ရာနှင့် ယာပါးမှ မေးစေ့အထိ ပြတ်ရှဒဏ်ရာများဖြင့် နေအိမ်တွင် သေဆုံးနေသည်ကို တွေ့ရှိသဖြင့် ဘားအံဆေးရုံသို့ တင်ပို့ပေးခဲ့ကြောင်း သိရသည်။
ပြစ်မှုကျူးလွန်သူမှာ သေဆုံးသူ၏ သား ခင်မောင်လွင်(၄၂) နှစ် ဆိုသူဖြစ်ပြီး အရက်အလွန်အကျွံသောက်စားတတ်သူဖြစ်ကာ အရက်ကြောင်တတ်သူ တစ်ဦးဖြစ်ကြောင်း သိရသည်။
သေဆုံးသူဒေါ်သန်းမြင့်သည် လေဖြတ်ထားသည့်အတွက်ကြောင့် ပြီးခဲ့သည့် ရက် ၂၀ ခန့်က ထိုင်းနိုင်ငံမဲဆောက်မြို့မှတစ်ဆင့် သားဖြစ်သူ ငှားရမ်းနေထိုင်သည့် အခင်းဖြစ်ပွားရာ ဘားအံမြို့ နေအိမ်သို့ပြောင်းရွေ့နေထိုင်ခဲ့ခြင်းဖြစ်ပြီး သားဖြစ်သူ မူးလာသည့် အခါတိုင်း သတ်ပစ်မည်ဟု ကြိမ်းမောင်းမှုကိုလည်း ခံနေရသူဖြစ်ကြောင်း သိရသစည်။
အခင်းမဖြစ်မီ ဇွန်လ ၂၁ ရက် ညအချိန်တွင် ခင်မောင်လွင်သည် အရက်မူးပြီး ခါတိုင်းလိုပင် မိခင်အား ကြိမ်းမောင်းနေသည့် အ သံကို ပတ်ဝန်းကျင်က ကြားခဲ့ရပြီး ယနေ့နံနက် ၆ နာရီတွင် ဒေါ်သန်းမြင့် ဒဏ်ရာများဖြင့် သတ်ဖြတ်ခံထားသည်ကို တွေ့ရှိခဲ့ကြ သဖြင့် တာဝန်ရှိသူများထံသို့ တိုင်ကြားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ပြစ်မှုကျူးသူ ခင်မောင်လွင်(၄၂)နှစ်ကလည်း အရက်မူး၍ မိခင်ကို ဂေါ်ပြားဖြင့် ရိုက်သတ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သည့်အတွက် လူသတ်မှုဖြင့် ဘားအံမြို့မရဲစခန်း၌ အမှုဖွင့်အရေးယူ စစ်ဆေးလျက်ရှိကြောင်း သိရသည်။
- ဒါးဇ(အကုန်သိသတင်းဌာန) | ဓာတ်ပုံ - မာဃ အခမဲ့လူမှု ကူညီရေးအသင်း(ဘားအံ)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။