Skip to main content
မိသားစု (၄) ဦး စီးနင္းလာသည့္ ဆိုင္ကယ္ေပၚမွ ဇနီးျဖစ္သူႏွင့္ ၄ လအရြယ္သားျဖစ္သူ ျပဳတ္က်ကာ ဇနီးေသဆံုး
Ads Block

မိသားစု (၄) ဦး စီးနင္းလာသည့္ ဆိုင္ကယ္ေပၚမွ ဇနီးျဖစ္သူႏွင့္ ၄ လအရြယ္သားျဖစ္သူ ျပဳတ္က်ကာ ဇနီးေသဆံုး

ခင္ပြန္းျဖစ္သူ ေမာင္းႏွင္ၿပီး ဇနီးျဖစ္သူ၊ သမီးျဖစ္သူႏွင့္ (၄) လအရြယ္ သားျဖစ္သူတို႔ လိုက္ပါလာသည့္ ဆိုင္ကယ္ေပၚမွ ဇနီးႏွင့္ သားျဖစ္သူတို႔ ျပဳတ္က်ကာ ဇနီးျဖစ္သူ ေသဆံုးခဲ့သည့္ ျဖစ္စဥ္တစ္ခု ပုေလာၿမိဳ႕နယ္တြင္ေၾကာင္း သိရသည္။
တနသၤာရီတိုင္းေဒသႀကီး၊ ပုေလာၿမိဳ႕နယ္၊ ပေလာက္ၿမိဳ႕တြင္ ဇြန္လ ၂၀ ရက္၊ နံနက္ ၁၁ နာရီခန္႔က ထားဝယ္-ၿမိတ္ ကားလမ္း အတုိင္း ပေလာက္ၿမိဳ႕ဘက္မွ ဆင္ထုိးႀကီးေက်းရြာဘက္သုိ႔ လြင္ေဇာ္ (၄၅) ႏွစ္ ေမာင္းႏွင္ၿပီး ေရွ႕တြင္ သမီးျဖစ္သူ မခ်ယ္ရီ၊ ေနာက္တြင္ ဇနီးျဖစ္သူ ခင္မာခ်ဳိ (၂၇)ႏွစ္မွ (၄)လအရြယ္ သားျဖစ္သူကို ေပြ႔ခ်ီ၍ လုိက္ပါစီးနင္လာစဥ္ ဆင္ထုိးႀကီးေက်းရြာ အေရာက္တြင္ ဇနီးသည္ႏွင့္ (၄) လသားအရြယ္ သားျဖစ္သူတို႔ ျပဳတ္က်ခဲ့ျခင္းျဖစ္ေၾကာင္း ရဲတပ္ဖြဲ႔၏ ထုတ္ျပန္ခ်က္အရ သိရ သည္။
ယင္းသို႔ျပဳတ္က်ခဲ့ရာ ဇနီးသည္ ခင္မာခ်ဳိမွာ ကတၱရာလမ္းႏွင့္ ဦးေခါင္းေဆာင့္မိ၍ ဦးေခါင္းဝဲဘက္ျခမ္း ဖူးေရာင္ေပါက္ၿပဲ ဒဏ္ရာ ရရိွကာ အခင္းျဖစ္ေနရာတြင္ ေသဆံုးသြားခဲ့ၿပီး ကေလးမွာ ဝဲ/ယာ နဖူးပြန္းပဲ့၊ ဝဲ/ယာပါးပြန္းျခစ္ဒဏ္ရာ မ်ားရရွိခဲ့ေၾကာင္း သိ ရ သည္။
အဆိုပါ ျဖစ္စဥ္ႏွင့္ ပတ္သက္၍ ဆုိင္ကယ္ မဆင္မျခင္ေမာင္းႏွင္သူ လြင္ေဇာ္ (၄၅)ႏွစ္ကို ပေလာက္နယ္ေျမ ရဲစခန္း၌ ယာဥ္ (ပ) ၈/၂၀၁၉၊ ရာဇသတ္ႀကီး ပုဒ္မ- ၃၀၄(က) ျဖင့္ ဖမ္းဆီးအမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရ သည္။
 

- ႏိုင္မင္းလြင္( အကုန္သိ သတင္းဌာန ) | ဓာတ္ပုံ-Tanintharyi Police

Unicode Version

 

ခင်ပွန်းဖြစ်သူ မောင်းနှင်ပြီး ဇနီးဖြစ်သူ၊ သမီးဖြစ်သူနှင့် (၄) လအရွယ် သားဖြစ်သူတို့ လိုက်ပါလာသည့် ဆိုင်ကယ်ပေါ်မှ ဇနီးနှင့် သားဖြစ်သူတို့ ပြုတ်ကျကာ ဇနီးဖြစ်သူ သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ပုလောမြို့နယ်တွင်ကြောင်း သိရသည်။
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလောက်မြို့တွင် ဇွန်လ ၂၀ ရက်၊ နံနက် ၁၁ နာရီခန့်က ထားဝယ်-မြိတ် ကားလမ်း အတိုင်း ပလောက်မြို့ဘက်မှ ဆင်ထိုးကြီးကျေးရွာဘက်သို့ လွင်ဇော် (၄၅) နှစ် မောင်းနှင်ပြီး ရှေ့တွင် သမီးဖြစ်သူ မချယ်ရီ၊ နောက်တွင် ဇနီးဖြစ်သူ ခင်မာချို (၂၇)နှစ်မှ (၄)လအရွယ် သားဖြစ်သူကို ပွေ့ချီ၍ လိုက်ပါစီးနင်လာစဉ် ဆင်ထိုးကြီးကျေးရွာ အရောက်တွင် ဇနီးသည်နှင့် (၄) လသားအရွယ် သားဖြစ်သူတို့ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရ သည်။
ယင်းသို့ပြုတ်ကျခဲ့ရာ ဇနီးသည် ခင်မာချိုမှာ ကတ္တရာလမ်းနှင့် ဦးခေါင်းဆောင့်မိ၍ ဦးခေါင်းဝဲဘက်ခြမ်း ဖူးရောင်ပေါက်ပြဲ ဒဏ်ရာ ရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ပြီး ကလေးမှာ ဝဲ/ယာ နဖူးပွန်းပဲ့၊ ဝဲ/ယာပါးပွန်းခြစ်ဒဏ်ရာ များရရှိခဲ့ကြောင်း သိ ရ သည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ဆိုင်ကယ် မဆင်မခြင်မောင်းနှင်သူ လွင်ဇော် (၄၅)နှစ်ကို ပလောက်နယ်မြေ ရဲစခန်း၌ ယာဉ် (ပ) ၈/၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ- ၃၀၄(က) ဖြင့် ဖမ်းဆီးအမှုဖွင့် စစ်ဆေးနေကြောင်း သိရ သည်။


- နိုင်မင်းလွင်( အကုန်သိ သတင်းဌာန ) | ဓာတ်ပုံ-Tanintharyi Police

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။