Skip to main content
ငါးလအတြင္း စားေသာက္ကုန္နဲ႔အေဖ်ာ္ယမကာ အတုမ်ား တန္ခ်ိန္ေသာင္းခ်ီ အင္တာပုိမွ ေဖာ္ထုတ္သိမ္းဆည္းႏုိင္ခဲ့
Ads Block

ငါးလအတြင္း စားေသာက္ကုန္နဲ႔အေဖ်ာ္ယမကာ အတုမ်ား တန္ခ်ိန္ေသာင္းခ်ီ အင္တာပုိမွ ေဖာ္ထုတ္သိမ္းဆည္းႏုိင္ခဲ့

လူကုိအႏၲရာယ္ျဖစ္ေစႏုိင္တဲ့ အစားအစာနဲ႔အေဖ်ာ္ယမကာ အတုေတြကုိ ကမာၻတစ္ဝန္း လုိက္လံေဖာ္ထုတ္ တုိက္ဖ်က္ခဲ့ရာ ငါးလအခ်ိန္အတြင္း ႏုိင္ငံ ၇၈ ႏုိင္ငံမွာ အတုထုတ္လုပ္သူ ၆၇၂ ဦးကုိ ဖမ္းဆီးႏုိင္ခဲ့ေၾကာင္း ႏုိင္ငံတကာရဲတပ္ဖြဲ႕ အင္တာပုိက ဇြန္ ၂၁ ရက္ေန႔မွာ ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။

ငါးလအတြင္း စားေသာက္ကုန္နဲ႔အေဖ်ာ္ယမကာ အတုမ်ား တန္ခ်ိန္ေသာင္းခ်ီ အင္တာပုိမွ ေဖာ္ထုတ္သိမ္းဆည္းႏုိင္ခဲ့

အဆုိပါဖမ္းဆီးပြဲမွာ Expire date ျပင္ဆင္ခတ္ႏွိပ္ၿပီး ေရာင္းခ်ေနတဲ့ ခ်ိစ္ကဲ့သုိ႔ေသာ အစားအစာေတြ၊ သန္႔ရွင္းစြာ သုိေလွာင္ထားျခင္းမရွိတဲ့ အသားေတြ၊ အႏၲရာယ္ျဖစ္ေစႏုိင္တဲ့ ဓာတုပစၥည္းေတြ ပါဝင္ေနတဲ့ အေဖ်ာ္နဲ႔ယမကာေတြကုိ ဆုိင္ေတြ၊ ေစ်းေတြနဲ႔ ပုိ႔ေဆာင္ေရးယာဥ္ေတြေပၚမွာ ဖမ္းမိသိမ္းဆည္းႏုိင္ခဲ့ပါတယ္။

သိမ္းဆည္းပမာဏဟာ စုစုေပါင္းအားျဖင့္ဆုိလွ်င္ စားေသာက္ကုန္ တန္ခ်ိန္ ၁၆,၀၀၀ ခန္႔နဲ႔ အေဖ်ာ္ယမကာ လီတာ ၃၃ သန္းအထိ မ်ားျပားေၾကာင္း သိရပါတယ္။

ဇင္ဘာေဘြတြင္ သိမ္းဆည္းရမိတဲ့ အခ်ိဳရည္ လီတာ ၁၄,၀၀၀ ခန္႔မွာ လူကုိအႏၲရာယ္ျဖစ္ေစႏုိင္တဲ့ ပန္းေသပန္းၫွိဳးျဖစ္ေစတဲ့  ပါဝင္ပစၥည္းေတြကုိ ေတြ႕ခဲ့ရၿပီး အီရီထရီးယားမွာဆုိလွ်င္ ပ်ားရည္အတု ထုတ္လုပ္ေနတဲ့ဂုိဏ္းကုိ ဖမ္းမိခဲ့ပါတယ္။ ဖမ္းမိပစၥည္းမ်ားတြင္ အမ်ားစုဟာ အရက္တုမ်ားျဖစ္ပါတယ္။

၂၀၁၈ ဒီဇင္ဘာမွ ၂၀၁၉ ဧၿပီအတြင္း အင္တာပုိနဲ႔ ဥေရာပရဲတပ္ဖြဲ႕  ေဖာ္ေဆာင္ခဲ့တဲ့ ၄င္းဖမ္းဆီးပြဲမွာ စားေသာက္ကုန္နဲ႔ အေဖ်ာ္ယမကာအတု ကန္ေဒၚလာ ၁၁၇ သန္းဖုိး ဖမ္းဆီးရမိခဲ့ေၾကာင္း သိရပါတယ္။ ေဆးဝါး၊ မိတ္ကပ္၊ သြားတုိက္ေဆး၊ အဝတ္အထည္၊ နာရီ၊ ေဆးပစၥည္းကိရိယာ အတုေတြကုိလည္း ေဖာ္ထုတ္ႏုိင္ခဲ့ရာ ကန္ေဒၚလာ ၆.၁ သန္းဖုိး ဖမ္းမိခဲ့ပါတယ္။

( Ref : AFP )

Unicode Version

 

လူကိုအန္တရာယ်ဖြစ်စေနိုင်တဲ့ အစားအစာနဲ့အဖျော်ယမကာ အတုတွေကို ကမ္ဘာတစ်ဝန်း လိုက်လံဖော်ထုတ် တိုက်ဖျက်ခဲ့ရာ ငါးလအချိန်အတွင်း နိုင်ငံ ၇၈ နိုင်ငံမှာ အတုထုတ်လုပ်သူ ၆၇၂ ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း နိုင်ငံတကာရဲတပ်ဖွဲ့ အင်တာပိုက ဇွန် ၂၁ ရက်နေ့မှာ ထုတ်ပြန်ပြောကြားခဲ့ပါတယ်။

အဆိုပါဖမ်းဆီးပွဲမှာ Expire date ပြင်ဆင်ခတ်နှိပ်ပြီး ရောင်းချနေတဲ့ ချိစ်ကဲ့သို့သော အစားအစာတွေ၊ သန့်ရှင်းစွာ သိုလှောင်ထားခြင်းမရှိတဲ့ အသားတွေ၊ အန္တရာယ်ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းတွေ ပါဝင်နေတဲ့ အဖျော်နဲ့ယမကာတွေကို ဆိုင်တွေ၊ ဈေးတွေနဲ့ ပို့ဆောင်ရေးယာဉ်တွေပေါ်မှာ ဖမ်းမိသိမ်းဆည်းနိုင်ခဲ့ပါတယ်။

သိမ်းဆည်းပမာဏဟာ စုစုပေါင်းအားဖြင့်ဆိုလျှင် စားသောက်ကုန် တန်ချိန် ၁၆,၀၀၀ ခန့်နဲ့ အဖျော်ယမကာ လီတာ ၃၃ သန်းအထိ များပြားကြောင်း သိရပါတယ်။

ဇင်ဘာဘွေတွင် သိမ်းဆည်းရမိတဲ့ အချိုရည် လီတာ ၁၄,၀၀၀ ခန့်မှာ လူကိုအန္တရာယ်ဖြစ်စေနိုင်တဲ့ ပန်းသေပန်းညှိုးဖြစ်စေတဲ့  ပါဝင်ပစ္စည်းတွေကို တွေ့ခဲ့ရပြီး အီရီထရီးယားမှာဆိုလျှင် ပျားရည်အတု ထုတ်လုပ်နေတဲ့ဂိုဏ်းကို ဖမ်းမိခဲ့ပါတယ်။ ဖမ်းမိပစ္စည်းများတွင် အများစုဟာ အရက်တုများဖြစ်ပါတယ်။

၂၀၁၈ ဒီဇင်ဘာမှ ၂၀၁၉ ဧပြီအတွင်း အင်တာပိုနဲ့ ဥရောပရဲတပ်ဖွဲ့  ဖော်ဆောင်ခဲ့တဲ့ ၎င်းဖမ်းဆီးပွဲမှာ စားသောက်ကုန်နဲ့ အဖျော်ယမကာအတု ကန်ဒေါ်လာ ၁၁၇ သန်းဖိုး ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။ ဆေးဝါး၊ မိတ်ကပ်၊ သွားတိုက်ဆေး၊ အဝတ်အထည်၊ နာရီ၊ ဆေးပစ္စည်းကိရိယာ အတုတွေကိုလည်း ဖော်ထုတ်နိုင်ခဲ့ရာ ကန်ဒေါ်လာ ၆.၁ သန်းဖိုး ဖမ်းမိခဲ့ပါတယ်။

( Ref : AFP )

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။