Skip to main content
အီး စီးကရက္ခုိးသြင္းတဲ့ မေလးရွားႏွစ္ဦး စင္ကာပူမွာ ဖမ္းမိ
Ads Block

အီး စီးကရက္ခုိးသြင္းတဲ့ မေလးရွားႏွစ္ဦး စင္ကာပူမွာ ဖမ္းမိ

အီး-စီးကရက္ေတြနဲ ့ဆက္စပ္အပုိပစၥည္းေတြကုိ ေျခေထာက္ေတြမွာ ပတ္ကာ စင္ကာပူႏုိင္ငံထဲ ခုိးသြင္းဖုိ ့လုပ္ခဲ့တဲ့ မေလးရွား အမ်ဳိးသားႏွစ္ဦးကုိ ဖမ္းဆီးရမိခဲ့ေၾကာင္း စင္ကာပူ အာဏာပုိင္ေတြက ေသာၾကာေန ့မွာ ထုတ္ေဖာ္ ေျပာဆုိပါတယ္။
၄င္းတုိ ့ႏွစ္ဦးဟာ မေလးရွား လုိင္စင္နံပါတ္တပ္ တကၠစီတစ္စီးနဲ ့ ဇြန္လ ၁၈ ရက္ေန ့က Woodlands စစ္ေဆးေရးဂိတ္ကုိ ေရာက္ရွိလာခဲ့တာျဖစ္ေၾကာင္း စင္ကာပူ လူ၀င္မႈႀကီးၾကပ္ေရးနဲ ့တားျမစ္စစ္ေဆးေရး အာဏာပုိင္အဖြဲ ့ ICA က ၄င္းတုိ ့ရဲ႕ ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေရးသားေဖာ္ျပခဲ့ပါတယ္။ စစ္ေဆးခဲ့မႈအတြင္း အသက္ ၂၂ ႏွစ္အရြယ္ မေလးရွား အမ်ဳိးသားရဲ႕ ေျခေထာက္ေတြမွာ ပတ္ခ်ည္ထားတဲ့ အီး-စီးကရက္ႏွစ္ခုနဲ ့ အီး-စီးကရက္ အရည္ပုလင္း ၈ လုံးကုိ သိမ္းဆည္းရမိခဲ့ေၾကာင္း ICA က ေျပာဆုိခဲ့ပါတယ္။ ဒါ့အျပင္ အဆုိပါ တကၠစီေပၚမွာပဲ ပါလာတဲ့ အသက္ ၂၁ ႏွစ္အရြယ္ ေနာက္ထပ္ မေလးအမ်ဳိးသားတစ္ဦးဆီကေန အီး စီးကရက္ ဆက္စပ္ပစၥည္းေတြ ေတြ ့ရွိခဲ့တာျဖစ္ေၾကာင္း ဆက္လက္ ေဖာ္ျပပါတယ္။
လူ၊ လက္နက္၊ မူးယစ္ေဆး၀ါး၊ ေဖာက္ခြဲေရးပစၥည္းနဲ ့ အျခား ပိတ္ပင္တားျမစ္ထားတဲ့ အရာေတြ ခုိးသြင္းမႈကုိ ဟန္ ့တားႏုိင္ဖုိ ့အတြက္ ခရီးသည္ေတြနဲ ့ေမာ္ေတာ္ယာဥ္ေတြကုိ လုံၿခဳံေရး စစ္ေဆးမႈေတြ ဆက္လက္လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ICA က ဆက္လက္ ေရးသားခဲ့ပါတယ္။

Ref : CNA

Unicode Version

 

အီး-စီးကရက်တွေနဲ့ဆက်စပ်အပိုပစ္စည်းတွေကို ခြေထောက်တွေမှာ ပတ်ကာ စင်ကာပူနိုင်ငံထဲ ခိုးသွင်းဖို့လုပ်ခဲ့တဲ့ မလေးရှား အမျိုးသားနှစ်ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း စင်ကာပူ အာဏာပိုင်တွေက သောကြာနေ့မှာ ထုတ်ဖော် ပြောဆိုပါတယ်။
၎င်းတို့နှစ်ဦးဟာ မလေးရှား လိုင်စင်နံပါတ်တပ် တက္ကစီတစ်စီးနဲ့ ဇွန်လ ၁၈ ရက်နေ့က Woodlands စစ်ဆေးရေးဂိတ်ကို ရောက်ရှိလာခဲ့တာဖြစ်ကြောင်း စင်ကာပူ လူဝင်မှုကြီးကြပ်ရေးနဲ့တားမြစ်စစ်ဆေးရေး အာဏာပိုင်အဖွဲ့ ICA က ၎င်းတို့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားဖော်ပြခဲ့ပါတယ်။ စစ်ဆေးခဲ့မှုအတွင်း အသက် ၂၂ နှစ်အရွယ် မလေးရှား အမျိုးသားရဲ့ ခြေထောက်တွေမှာ ပတ်ချည်ထားတဲ့ အီး-စီးကရက်နှစ်ခုနဲ့ အီး-စီးကရက် အရည်ပုလင်း ၈ လုံးကို သိမ်းဆည်းရမိခဲ့ကြောင်း ICA က ပြောဆိုခဲ့ပါတယ်။ ဒါ့အပြင် အဆိုပါ တက္ကစီပေါ်မှာပဲ ပါလာတဲ့ အသက် ၂၁ နှစ်အရွယ် နောက်ထပ် မလေးအမျိုးသားတစ်ဦးဆီကနေ အီး စီးကရက် ဆက်စပ်ပစ္စည်းတွေ တွေ့ရှိခဲ့တာဖြစ်ကြောင်း ဆက်လက် ဖော်ပြပါတယ်။
လူ၊ လက်နက်၊ မူးယစ်ဆေးဝါး၊ ဖောက်ခွဲရေးပစ္စည်းနဲ့ အခြား ပိတ်ပင်တားမြစ်ထားတဲ့ အရာတွေ ခိုးသွင်းမှုကို ဟန့်တားနိုင်ဖို့အတွက် ခရီးသည်တွေနဲ့မော်တော်ယာဉ်တွေကို လုံခြုံရေး စစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ICA က ဆက်လက် ရေးသားခဲ့ပါတယ်။

Ref : CNA

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။