Skip to main content
အိႏၵိယႏုိင္ငံ ခ်န္ႏုိင္းၿမိဳ႕ရဲ႕ ေရေလွာင္ကန္ေတြ ေရခမ္းေျခာက္ကုန္တာေၾကာင့္ ေဒသတြင္း ေရျပတ္လပ္မႈျဖစ္ေန
Ads Block

အိႏၵိယႏုိင္ငံ ခ်န္ႏုိင္းၿမိဳ႕ရဲ႕ ေရေလွာင္ကန္ေတြ ေရခမ္းေျခာက္ကုန္တာေၾကာင့္ ေဒသတြင္း ေရျပတ္လပ္မႈျဖစ္ေန

အိႏၵိယႏိုင္ငံေတာင္ပိုင္းၿမိဳ႕ေတာ္ ခ်န္ႏိုင္းရဲ႕ အဓိကေရေပးေ၀ရာ ေရေလွာင္ကန္ႀကီး ၄ ခုမွာ ေရခမ္းေျခာက္ လာတဲ့အတြက္ ေသာက္သံုးေရအက်ပ္အတည္းနဲ႔ ရင္ဆိုင္ေနရပါတယ္။

အိႏၵိယႏုိင္ငံ ခ်န္ႏုိင္းၿမိဳ႕ရဲ႕ ေရေလွာင္ကန္ေတြ ေရခမ္းေျခာက္ကုန္တာေၾကာင့္ ေဒသတြင္း ေရျပတ္လပ္မႈျဖစ္ေန


ဆုိးဆုိး၀ါး၀ါး ေရျပတ္လပ္မႈျဖစ္လာတာေၾကာင့္ ေရတြင္းအသစ္ေတြတူးေဖာ္မႈအပါအ၀င္ ေရအခက္အခဲ ေျဖရွင္းေရး အေရးတႀကီး လုပ္ေဆာင္စရာကိစၥေတြကုိ ၿမိဳ ့ေတာ္မွာ အလ်င္အျမန္ ေဆာင္ရြက္ေနၾကပါတယ္။
အိႏၵိယႏိုင္ငံရဲ႕ ဆ႒မေျမာက္ လူဦးေရအမ်ားဆံုးျဖစ္တဲ့ ၄င္းၿမိဳ႕ေတာ္မွာ ေရေလွာင္ကန္ေတြကိုသာ အားကိုး ခဲ့ရတာျဖစ္ၿပီး အခုလိုေရခမ္းေျခာက္သြားတဲ့အတြက္ အစိုးရက လာေရာက္ေပးေ၀ေနတဲ့ ေရကိုရရွိဖုိ ့ ေဒသခံျပည္သူေတြ နာရီေပါင္းမ်ားစြာ တန္းစီေစာင့္ဆိုင္းေနၾကရပါတယ္။
ေရေလွာင္ကန္ေတြမွာ ေရခမ္းေျခာက္ၿပီး ေရျပတ္လပ္ခဲ့တဲ့အတြက္ ေဒသတြင္းက ဟိုတယ္နဲ႔ စားေသာက္ဆိုင္ ေတြ ယာယီပိတ္ပစ္ခဲ့ရၿပီး ခ်န္ႏိုင္းၿမိဳ႕ ရထားဘူးတာရံုေတြမွာလည္း ေလေအးေပးစနစ္ေတြကို ျဖတ္ေတာက္ ခဲ့ရပါတယ္။
အဆိုပါေရအက်ပ္အတည္းျပႆနာဟာ ျပည္သူေတြၾကားမွာ အခ်င္းမ်ားမႈေတြလည္းျဖစ္ေပၚေစၿပီး  ၿပီးခဲ့တဲ့ တစ္ပတ္က အိမ္နီးခ်င္းခ်င္း ေရမွ်ေ၀သံုးစြဲရင္း ရိုက္ႏွက္မႈျဖစ္ပြားခဲ့တဲ့အတြက္ ရဲေတြကဖမ္းဆီးထိန္းသိမ္း ခဲ့ရပါတယ္။
ၿမိဳ႕ေတာ္ ေရေပးေ၀ေရးဌာနက တာ၀န္ရွိသူေတြကေတာ့ ေရထြက္ႏိုင္တဲ့ ေနရာေတြကို တူးေဖာ္ဖို႔စတင္ ရွာေဖြေနၿပီး ေရရရွိႏိုင္မယ့္ နည္းလမ္းေတြကို ႀကိဳးစားရွာေဖြေနၾကေပမယ့္လည္း ေရေလွာင္ကန္ေတြ ခန္းေျခာက္တာဟာ ေျမေအာက္ေရ ေလ်ာ့နည္းလာတာနဲ႔ မ်ားစြားသက္ဆိုင္ေနပါတယ္။
အခုေလာေလာဆယ္ေတာ့ အဆိုပါေရအက်ပ္အတည္းျပႆနာကို ခံစားေနရတဲ့ ၿမိဳ႕အမ်ားစုမွာ အစိုးရ ေရေပးေ၀ေရးကားနဲ႔ ေရလိုက္ေပးေ၀ေနရတဲ့ ခ်န္ႏိုင္းေရေပးေ၀ေရးဌာနတစ္ခုတည္းကိုသာ အားကိုး ေနရတာျဖစ္ပါတယ္။
မုိးရြာမွသာလွ်င္ ၄င္းအခက္အခဲေတြ ေျပလည္သြားႏုိင္ဖုိ ့ရွိၿပီး ဒီႏွစ္သာ မိုးမရြာခဲ့ရင္ေတာ့ အားလံုး ဒုကၡေရာက္ၾကရေတာ့မယ္လို႔ တာ၀န္ရွိသူတစ္ဦးက ေျပာဆုိခဲ့ပါတယ္။

Ref : BBC

Unicode Version

အိန္ဒိယနိုင်ငံတောင်ပိုင်းမြို့တော် ချန်နိုင်းရဲ့ အဓိကရေပေးဝေရာ ရေလှောင်ကန်ကြီး ၄ ခုမှာ ရေခမ်းခြောက် လာတဲ့အတွက် သောက်သုံးရေအကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။
ဆိုးဆိုးဝါးဝါး ရေပြတ်လပ်မှုဖြစ်လာတာကြောင့် ရေတွင်းအသစ်တွေတူးဖော်မှုအပါအဝင် ရေအခက်အခဲ ဖြေရှင်းရေး အရေးတကြီး လုပ်ဆောင်စရာကိစ္စတွေကို မြို့တော်မှာ အလျင်အမြန် ဆောင်ရွက်နေကြပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ဆဋ္ဌမမြောက် လူဦးရေအများဆုံးဖြစ်တဲ့ ၎င်းမြို့တော်မှာ ရေလှောင်ကန်တွေကိုသာ အားကိုး ခဲ့ရတာဖြစ်ပြီး အခုလိုရေခမ်းခြောက်သွားတဲ့အတွက် အစိုးရက လာရောက်ပေးဝေနေတဲ့ ရေကိုရရှိဖို့ ဒေသခံပြည်သူတွေ နာရီပေါင်းများစွာ တန်းစီစောင့်ဆိုင်းနေကြရပါတယ်။
ရေလှောင်ကန်တွေမှာ ရေခမ်းခြောက်ပြီး ရေပြတ်လပ်ခဲ့တဲ့အတွက် ဒေသတွင်းက ဟိုတယ်နဲ့ စားသောက်ဆိုင် တွေ ယာယီပိတ်ပစ်ခဲ့ရပြီး ချန်နိုင်းမြို့ ရထားဘူးတာရုံတွေမှာလည်း လေအေးပေးစနစ်တွေကို ဖြတ်တောက် ခဲ့ရပါတယ်။
အဆိုပါရေအကျပ်အတည်းပြဿနာဟာ ပြည်သူတွေကြားမှာ အချင်းများမှုတွေလည်းဖြစ်ပေါ်စေပြီး  ပြီးခဲ့တဲ့ တစ်ပတ်က အိမ်နီးချင်းချင်း ရေမျှဝေသုံးစွဲရင်း ရိုက်နှက်မှုဖြစ်ပွားခဲ့တဲ့အတွက် ရဲတွေကဖမ်းဆီးထိန်းသိမ်း ခဲ့ရပါတယ်။
မြို့တော် ရေပေးဝေရေးဌာနက တာဝန်ရှိသူတွေကတော့ ရေထွက်နိုင်တဲ့ နေရာတွေကို တူးဖော်ဖို့စတင် ရှာဖွေနေပြီး ရေရရှိနိုင်မယ့် နည်းလမ်းတွေကို ကြိုးစားရှာဖွေနေကြပေမယ့်လည်း ရေလှောင်ကန်တွေ ခန်းခြောက်တာဟာ မြေအောက်ရေ လျော့နည်းလာတာနဲ့ များစွားသက်ဆိုင်နေပါတယ်။
အခုလောလောဆယ်တော့ အဆိုပါရေအကျပ်အတည်းပြဿနာကို ခံစားနေရတဲ့ မြို့အများစုမှာ အစိုးရ ရေပေးဝေရေးကားနဲ့ ရေလိုက်ပေးဝေနေရတဲ့ ချန်နိုင်းရေပေးဝေရေးဌာနတစ်ခုတည်းကိုသာ အားကိုး နေရတာဖြစ်ပါတယ်။
မိုးရွာမှသာလျှင် ၎င်းအခက်အခဲတွေ ပြေလည်သွားနိုင်ဖို့ရှိပြီး ဒီနှစ်သာ မိုးမရွာခဲ့ရင်တော့ အားလုံး ဒုက္ခရောက်ကြရတော့မယ်လို့ တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့ပါတယ်။

Ref : BBC

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။