Skip to main content
တရုတ္ႏုိင္ငံ ကုန္တုိက္တစ္ခုရွိ စက္ေလွကား ရုတ္တရက္ ၿပိဳက်မႈျဖစ္ပြား
Ads Block

တရုတ္ႏုိင္ငံ ကုန္တုိက္တစ္ခုရွိ စက္ေလွကား ရုတ္တရက္ ၿပိဳက်မႈျဖစ္ပြား

တရုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္းျပည္နယ္ရွိ ေစ်း၀ယ္ကုန္တိုက္တစ္ခုတြင္ စက္ေလွကားတစ္ခု ၿပိဳက်မႈျဖစ္ပြားခဲ့ၿပီး ေစ်း၀ယ္လာသူႏွစ္ဦး ထိခိုက္ဒဏ္ရာမရဘဲ သီသီကေလး လြတ္ေျမာက္ခဲ့ပါတယ္။

တရုတ္ႏုိင္ငံ ကုန္တုိက္တစ္ခုရွိ စက္ေလွကား ရုတ္တရက္ ၿပိဳက်မႈျဖစ္ပြား

အဆိုပါျဖစ္စဥ္မွာ ေသာၾကာေန႔က Guangxi ကိုယ္ပိုအုပ္ခ်ဳပ္ခြင့္ရေဒသ  Wuzhou ၿမိဳ႕ရွိ ေစ်း၀ယ္ကုန္တိုက္တစ္ခုမွာ ေစ်း၀ယ္လာသူႏွစ္ဦး အေပၚတက္တဲ့စက္ေလွကားေပၚကုိတက္ၿပီး ခဏအၾကာမွာပဲ ၄င္းတို႔အေနာက္ဘက္က စက္ေလွကားရဲ႕ေျခနင္းသတၱဳျပားေတြ ရုတ္တရက္ ၿပိဳက်ခဲ့တာျဖစ္ပါတယ္။
အဲ့ဒီေနာက္ ၄င္းတို႔ႏွစ္ေယာက္ ခ်က္ခ်င္းပဲ အေပၚကို ေျပးတက္ခဲ့တဲ့အတြက္ ကုန္တိုက္ရဲ႕ဒုတိယထပ္ကို ထိခိုက္မႈမရွိဘဲ ေရာက္သြားခဲ့တာျဖစ္ပါတယ္။
အဆိုပါ စက္ေလွကာခ်ိဳ႕ယြင္းမႈေၾကာင့္ စက္ေလွကားေျခနင္းသတၱဳျပား တစ္ဒါဇင္ေက်ာ္ေလာက္ ေကြးေကာက္ကာ ပ်က္ဆီးသြားခဲ့ၿပီး မည္သူတစ္ဦးတစ္ေယာက္မွေတာ့ ထိခိုက္မႈမရွိဘူးလို႔ ကုန္တိုက္တာ၀န္ရွိသူေတြက အတည္ျပဳေျပာၾကားခဲ့ပါတယ္။
လက္တစ္ေလာမွာေတာ့ စက္ေလွကားကိုပိတ္ထားၿပီး စစ္ေဆးမႈေတြလုပ္ကာ ျပဳျပင္မႈေတြလုပ္ေနတယ္လို႔ သိရပါတယ္။
ၿပီးခဲ့တဲ့ႏွစ္ေတြကတည္းက တရုတ္ႏိုင္ငံမွာ စက္ေလွကားမေတာ္တဆျဖစ္ပြားမႈေတြ အမ်ားအျပားရွိကာ လူေသဆံုးမႈေတြေတာင္ရွိခဲ့ၿပီး အမ်ားစုကေတာ့ ေစ်း၀ယ္စင္တာမွာ ျဖစ္ခဲ့တာျဖစ္ပါတယ္။
ယမန္ႏွစ္ ဇူလိုင္လတုန္းကလည္း ဟူနန္ေဒသ ေစ်း၀ယ္ကုန္တိုက္တစ္ခုက စက္ေလွကားခ်ိဳ႕ယြင္းမႈေၾကာင့္ တစ္ႏွစ္အရြယ္ကေလးေလးရဲ႕ ညာဘက္လက္တစ္ဖက္ ျပတ္လုနီးပါျဖစ္ခဲ့ရပါတယ္။
၂၀၁၅ ခုႏွစ္တုန္းကေတာ့ ကုန္တိုက္တစ္ခုရဲ႕ စက္ေလွကားအေပၚဘက္သတၱဳျပားေတြ ၿပိဳက်မႈေၾကာင့္ အမ်ိဳးသမီးတစ္ဦးမွာ သားျဖစ္သူကိုေတာ့ ကယ္တင္ေပးခဲ့ေပမယ့္ သူမကေတာ့ စက္ေလွကားၾကားထဲက်ကာ အသက္ဆံုးရွံဳးခဲ့ရပါတယ္။

Unicode Version

 

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းပြည်နယ်ရှိ ဈေးဝယ်ကုန်တိုက်တစ်ခုတွင် စက်လှေကားတစ်ခု ပြိုကျမှုဖြစ်ပွားခဲ့ပြီး ဈေးဝယ်လာသူနှစ်ဦး ထိခိုက်ဒဏ်ရာမရဘဲ သီသီကလေး လွတ်မြောက်ခဲ့ပါတယ်။

 

အဆိုပါဖြစ်စဉ်မှာ သောကြာနေ့က Guangxi ကိုယ်ပိုအုပ်ချုပ်ခွင့်ရဒေသ  Wuzhou မြို့ရှိ ဈေးဝယ်ကုန်တိုက်တစ်ခုမှာ ဈေးဝယ်လာသူနှစ်ဦး အပေါ်တက်တဲ့စက်လှေကားပေါ်ကိုတက်ပြီး ခဏအကြာမှာပဲ ၎င်းတို့အနောက်ဘက်က စက်လှေကားရဲ့ခြေနင်းသတ္တုပြားတွေ ရုတ်တရက် ပြိုကျခဲ့တာဖြစ်ပါတယ်။
အဲ့ဒီနောက် ၎င်းတို့နှစ်ယောက် ချက်ချင်းပဲ အပေါ်ကို ပြေးတက်ခဲ့တဲ့အတွက် ကုန်တိုက်ရဲ့ဒုတိယထပ်ကို ထိခိုက်မှုမရှိဘဲ ရောက်သွားခဲ့တာဖြစ်ပါတယ်။
အဆိုပါ စက်လှေကာချို့ယွင်းမှုကြောင့် စက်လှေကားခြေနင်းသတ္တုပြား တစ်ဒါဇင်ကျော်လောက် ကွေးကောက်ကာ ပျက်ဆီးသွားခဲ့ပြီး မည်သူတစ်ဦးတစ်ယောက်မှတော့ ထိခိုက်မှုမရှိဘူးလို့ ကုန်တိုက်တာဝန်ရှိသူတွေက အတည်ပြုပြောကြားခဲ့ပါတယ်။
လက်တစ်လောမှာတော့ စက်လှေကားကိုပိတ်ထားပြီး စစ်ဆေးမှုတွေလုပ်ကာ ပြုပြင်မှုတွေလုပ်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်တွေကတည်းက တရုတ်နိုင်ငံမှာ စက်လှေကားမတော်တဆဖြစ်ပွားမှုတွေ အများအပြားရှိကာ လူသေဆုံးမှုတွေတောင်ရှိခဲ့ပြီး အများစုကတော့ ဈေးဝယ်စင်တာမှာ ဖြစ်ခဲ့တာဖြစ်ပါတယ်။
ယမန်နှစ် ဇူလိုင်လတုန်းကလည်း ဟူနန်ဒေသ ဈေးဝယ်ကုန်တိုက်တစ်ခုက စက်လှေကားချို့ယွင်းမှုကြောင့် တစ်နှစ်အရွယ်ကလေးလေးရဲ့ ညာဘက်လက်တစ်ဖက် ပြတ်လုနီးပါဖြစ်ခဲ့ရပါတယ်။
၂၀၁၅ ခုနှစ်တုန်းကတော့ ကုန်တိုက်တစ်ခုရဲ့ စက်လှေကားအပေါ်ဘက်သတ္တုပြားတွေ ပြိုကျမှုကြောင့် အမျိုးသမီးတစ်ဦးမှာ သားဖြစ်သူကိုတော့ ကယ်တင်ပေးခဲ့ပေမယ့် သူမကတော့ စက်လှေကားကြားထဲကျကာ အသက်ဆုံးရှုံးခဲ့ရပါတယ်။

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။