Skip to main content
အေမရိကန္တြင္ တရားမ၀င္ေနထိုင္သူမ်ား လူဖမ္းပြဲ စတင္ေတာ့မည္
Ads Block

အေမရိကန္တြင္ တရားမ၀င္ေနထိုင္သူမ်ား လူဖမ္းပြဲ စတင္ေတာ့မည္

နယူးေယာက္၊ ခ်ီကာဂိုႏွင့္ မိုင္ယာမီၿမိဳ႕ႀကီးမ်ားအပါအ၀င္ အေမရိကန္ၿမိဳ႔ႀကီးမ်ားတြင္ ေစာႏိုင္သမွ် အေစာဆံုး အခ်ိန္တနဂၤေႏြေန႔၌ ( တရားမ၀င္ ) ေရႊ႔ေျပာင္းေနထိုင္သူမ်ားအား ၀င္ေရာက္စီးနင္း ရွာေဖြမည္ျဖစ္ေၾကာင္း သတင္းမ်ားရရွိသည္ဟု Guardian က ယေန႔ေရးသားသည္။

အေမရိကန္တြင္ တရားမ၀င္ေနထိုင္သူမ်ား လူဖမ္းပြဲ စတင္ေတာ့မည္

ယခုရက္သတၱပတ္ေစာေစာပိုင္းတြင္ သမၼတေဒၚနယ္ထရမ့္က ၄င္း၏ Twitter စာမ်က္ႏွာတြင္ ေရးသား သတိေပးခဲ့သည့္အတိုင္း လူ၀င္မွဳႀကီးၾကပ္ေရးဆိုင္ရာတရားရံုးႏွင့္ ဆက္ႏြယ္ပံုရေၾကာင္း အမိန္႔စာ ထုတ္ဆင့္ျခင္းခံရသူ ၂၀၀၀ ေက်ာ္အား ရည္ရြယ္လွ်က္ ယခုကဲ့သို႔ စီးနင္းရျခင္းျဖစ္ေၾကာင္း သိရွိရသည္။ သမၼတ၏အမိန္႔အရ စီးနင္းမည့္ စစ္ဆင္ေရးသည္ မိုင္ယာမီ၊ အတၱလန္တာ၊ ခ်ီကာဂို၊ ေဘာ္လ္တီမိုး၊ ဒင္းဗား၊ ဟူစတန္၊ ေလာ့စ္အိန္ဂ်ယ္လိစ္၊ နယူးေအာ္လင္း၊ နယူးေယာက္ႏွင့္ ဆန္ဖရန္စစၥကိုၿမိဳ႕ႀကီးမ်ားပါ၀င္ေၾကာင္း Washington Post က ေဖာ္ျပသည္။ အဆိုပါစီးနင္းျခင္းတြင္ လူ၀င္မွဳႀကီးၾကပ္ေရးႏွင့္ အေကာက္ခြန္တို႔ကြပ္ကဲေသာ ( ICE ) ၏ အမိေျမ လံုၿခံဳေရးက တရားမ၀င္မ်ား ေနရပ္ျပန္ပို႔ေရးတြင္ ပူးေပါင္းေဆာင္ရြက္ၾကမည္ျဖစ္ေၾကာင္း သိရွိရေသာ္လည္း ပုဂၢလိက လံုၿခံဳေရးအတြက္ စစ္ဆင္ေရးတြင္ ပါ၀င္မည့္ ေအးဂ်င့္မ်ားအေၾကာင္း အေသးစိတ္ သတင္းထုတ္ျပန္ ျခင္းမရွိေခ်။ အေမရိကန္သမၼတ၏ ေၾကညာခ်က္တြင္ လာမည့္ရက္သတၱပတ္မွစ၍ သန္းႏွင့္ခ်ီေသာ ေရ႔ႊေျပာင္းအေျခခ်သူမ်ားကို ျပည္ႏွင္ဒဏ္ေပးမည္ျဖစ္ေၾကာင္းပါရွိၿပီး အေမရိကန္ႏိုင္ငံ တစ္၀န္းလံုးရွိ လူ၀င္မွဳႀကီးၾကပ္ေရးဆိုင္ရာ ေရွ႕ေနအားလံုး အသင့္ရွိေနသည္ဟု သိရွိရေသာ္လည္း ICE ေအးဂ်င့္ဦးေရနည္းပါးျခင္းေၾကာင့္ သန္းဂဏန္းအေရအတြက္အထိ အေရးယူႏိုင္ရန္ အခက္အခဲ ရွိႏိုင္သည္ ဟု ဆိုသည္။ ယခု စစ္ဆင္ေရးအတြက္ အေျခအေနအရပ္ရပ္တြင္ မည္ကဲ့သို႔ အေရးယူေဆာင္ရြက္ရန္ႏွင့္ အမွဳ တည္ေဆာက္ရန္ အေထာက္အကူျဖစ္ေစေရးတို႔ကို သက္ဆိုင္ရာအစုအဖြဲ႔တို႔အား ေလ့က်င့္သင္ၾကား ေပးရ သည္ပင္ ႏွစ္ႏွစ္ခြဲမွ် အခ်ိန္ယူခဲ့ရေၾကာင္း နယူးေယာက္လူ၀င္မႈႀကီးၾကပ္ေရးေကာင္စီ (NYIC) က ေျပာဆိုသည္။ နယူးေယာက္ျပည္နယ္တြင္ ဒုကၡသည္ႏွင့္ ေရႊ႔ေျပာင္းအေျခခ်ေနထိုင္သူ လူမွဳအစုအဖြဲ႔ေပါင္း ၂၀၀ ေက်ာ္ ရွိေနရာ အေမရိကန္တြင္ သက္တမ္းရွည္ဆံုးႏွင့္ အႀကီးဆံုးေသာ ဗဟိုအေမရိကႏိုင္ငံသားဦးေရ စုေ၀းရာျဖစ္ေနသည္။ ယခုကဲ့သို႔ ေဆာင္ရြက္ျခင္းသည္ ဆင္းရဲမြဲေတျခင္းႏွင့္ အၾကမ္းဖက္ျခင္းတို႔မွ လြတ္ေျမာက္ရန္ အေမရိကန္တြင္ ခိုလွံဳမည့္ ဗဟိုအေမရိကႏိုင္ငံသား မိသားစု၀င္မ်ားအား ေဒၚနယ္ထရမ့္က ရာဇ၀တ္ေကာင္မ်ားဟု ရည္ညႊန္း ေျပာဆိုသည့္ ၾကားျဖတ္ေရြးေကာက္ပြဲႏိုင္ငံေရးေပၚလစီမ်ားႏွင့္ သက္ဆိုင္ျခင္းမရွိေၾကာင္း လူ၀င္မွဳႀကီးၾကပ္ေရး ဆိုင္ရာေရွ႕ေနမ်ားက ျငင္းဆိုသည္။ ယခုစစ္ဆင္ေရးတြင္ လူ၀င္မွဳႀကီးၾကပ္ေရးဆိုင္ရာအတြက္ ေရႊ႔ေျပာင္းအေျခခ်မ်ားတြင္ မိဘႏွင့္ သားသမီးမ်ားကို ကြဲျပားစြာသိႏိုင္မည့္ နည္းလမ္းသစ္ကို အသံုးျပဳမည္ျဖစ္ရာ အေမရိကန္ႏိုင္ငံသား ကေလးငယ္မ်ား၏ မိဘ သို႔မဟုတ္ အုပ္ထိန္းသူမ်ားအား ( ဖမ္းဆီး/ခြဲျခားျခင္းမျပဳပဲ ေျခမန္းကြင္းစြပ္၍ ျပန္လႊတ္ေပးျခင္း ) ေဆာင္ရြက္ဖြယ္ရွိေနသည္။ ေဒါသတႀကီးသည့္ လူ၀င္မွဳႀကီးၾကပ္ေရးေပၚလစီမ်ား အားျဖည့္တတ္သည္ဆိုေသာ ေဒၚနယ္ထရမ့္၏ သမၼတရာထူးသက္တမ္းတြင္ ျပည္ႏွင္ဒဏ္ေပးခံရသည့္ ဦးေရပမာဏမွာ အိုဘားမားလက္ထက္ကထက္ မ်ားစြာ ေလွ်ာ့နည္းသည္။ လြန္ခဲ့သည့္ဘ႑ာေရးႏွစ္တြင္ ICE က ဖယ္ရွားခဲ့ရသည့္ အေထာက္အထားမဲ့ အေျခခ်ေနထိုင္သူအေရအတြက္မွာ ၂၅၀,၀၀၀ ရွိခဲ့ၿပီး ၂၀၁၂ ခုႏွစ္တြင္ ၄၁၀,၀၀၀ဦး ရွိသည္ကို ႏွိဳင္းယွဥ္ ၾကည့္ႏိုင္ေၾကာင္း သတင္း၌ ဆက္လက္ေဖာ္ျပသည္။

 

Unicode Version



နယူးယောက်၊ ချီကာဂိုနှင့် မိုင်ယာမီမြို့ကြီးများအပါအဝင် အမေရိကန်မြို့ကြီးများတွင် စောနိုင်သမျှ အစောဆုံး အချိန်တနင်္ဂနွေနေ့၌ ( တရားမဝင် ) ရွှေ့ပြောင်းနေထိုင်သူများအား ဝင်ရောက်စီးနင်း ရှာဖွေမည်ဖြစ်ကြောင်း သတင်းများရရှိသည်ဟု Guardian က ယနေ့ရေးသားသည်။
ယခုရက်သတ္တပတ်စောစောပိုင်းတွင် သမ္မတဒေါ်နယ်ထရမ့်က ၎င်း၏ Twitter စာမျက်နှာတွင် ရေးသား သတိပေးခဲ့သည့်အတိုင်း လူဝင်မှုကြီးကြပ်ရေးဆိုင်ရာတရားရုံးနှင့် ဆက်နွယ်ပုံရကြောင်း အမိန့်စာ ထုတ်ဆင့်ခြင်းခံရသူ ၂၀၀၀ ကျော်အား ရည်ရွယ်လျှက် ယခုကဲ့သို့ စီးနင်းရခြင်းဖြစ်ကြောင်း သိရှိရသည်။
သမ္မတ၏အမိန့်အရ စီးနင်းမည့် စစ်ဆင်ရေးသည် မိုင်ယာမီ၊ အတ္တလန်တာ၊ ချီကာဂို၊ ဘော်လ်တီမိုး၊ ဒင်းဗား၊ ဟူစတန်၊ လော့စ်အိန်ဂျယ်လိစ်၊ နယူးအော်လင်း၊ နယူးယောက်နှင့် ဆန်ဖရန်စစ္စကိုမြို့ကြီးများပါဝင်ကြောင်း Washington Post က ဖော်ပြသည်။
အဆိုပါစီးနင်းခြင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန်တို့ကွပ်ကဲသော ( ICE ) ၏ အမိမြေ လုံခြုံရေးက တရားမဝင်များ နေရပ်ပြန်ပို့ရေးတွင် ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရှိရသော်လည်း ပုဂ္ဂလိက လုံခြုံရေးအတွက် စစ်ဆင်ရေးတွင် ပါဝင်မည့် အေးဂျင့်များအကြောင်း အသေးစိတ် သတင်းထုတ်ပြန် ခြင်းမရှိချေ။ အမေရိကန်သမ္မတ၏ ကြေညာချက်တွင် လာမည့်ရက်သတ္တပတ်မှစ၍ သန်းနှင့်ချီသော ရေ့ွှပြောင်းအခြေချသူများကို ပြည်နှင်ဒဏ်ပေးမည်ဖြစ်ကြောင်းပါရှိပြီး အမေရိကန်နိုင်ငံ တစ်ဝန်းလုံးရှိ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ရှေ့နေအားလုံး အသင့်ရှိနေသည်ဟု သိရှိရသော်လည်း ICE အေးဂျင့်ဦးရေနည်းပါးခြင်းကြောင့် သန်းဂဏန်းအရေအတွက်အထိ အရေးယူနိုင်ရန် အခက်အခဲ ရှိနိုင်သည် ဟု ဆိုသည်။
ယခု စစ်ဆင်ရေးအတွက် အခြေအနေအရပ်ရပ်တွင် မည်ကဲ့သို့ အရေးယူဆောင်ရွက်ရန်နှင့် အမှု တည်ဆောက်ရန် အထောက်အကူဖြစ်စေရေးတို့ကို သက်ဆိုင်ရာအစုအဖွဲ့တို့အား လေ့ကျင့်သင်ကြား ပေးရ သည်ပင် နှစ်နှစ်ခွဲမျှ အချိန်ယူခဲ့ရကြောင်း နယူးယောက်လူဝင်မှုကြီးကြပ်ရေးကောင်စီ (NYIC) က ပြောဆိုသည်။
နယူးယောက်ပြည်နယ်တွင် ဒုက္ခသည်နှင့် ရွှေ့ပြောင်းအခြေချနေထိုင်သူ လူမှုအစုအဖွဲ့ပေါင်း ၂၀၀ ကျော် ရှိနေရာ အမေရိကန်တွင် သက်တမ်းရှည်ဆုံးနှင့် အကြီးဆုံးသော ဗဟိုအမေရိကနိုင်ငံသားဦးရေ စုဝေးရာဖြစ်နေသည်။
ယခုကဲ့သို့ ဆောင်ရွက်ခြင်းသည် ဆင်းရဲမွဲတေခြင်းနှင့် အကြမ်းဖက်ခြင်းတို့မှ လွတ်မြောက်ရန် အမေရိကန်တွင် ခိုလှုံမည့် ဗဟိုအမေရိကနိုင်ငံသား မိသားစုဝင်များအား ဒေါ်နယ်ထရမ့်က ရာဇဝတ်ကောင်များဟု ရည်ညွှန်း ပြောဆိုသည့် ကြားဖြတ်ရွေးကောက်ပွဲနိုင်ငံရေးပေါ်လစီများနှင့် သက်ဆိုင်ခြင်းမရှိကြောင်း လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာရှေ့နေများက ငြင်းဆိုသည်။
ယခုစစ်ဆင်ရေးတွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာအတွက် ရွှေ့ပြောင်းအခြေချများတွင် မိဘနှင့် သားသမီးများကို ကွဲပြားစွာသိနိုင်မည့် နည်းလမ်းသစ်ကို အသုံးပြုမည်ဖြစ်ရာ အမေရိကန်နိုင်ငံသား ကလေးငယ်များ၏ မိဘ သို့မဟုတ် အုပ်ထိန်းသူများအား ( ဖမ်းဆီး/ခွဲခြားခြင်းမပြုပဲ ခြေမန်းကွင်းစွပ်၍ ပြန်လွှတ်ပေးခြင်း ) ဆောင်ရွက်ဖွယ်ရှိနေသည်။
ဒေါသတကြီးသည့် လူဝင်မှုကြီးကြပ်ရေးပေါ်လစီများ အားဖြည့်တတ်သည်ဆိုသော ဒေါ်နယ်ထရမ့်၏ သမ္မတရာထူးသက်တမ်းတွင် ပြည်နှင်ဒဏ်ပေးခံရသည့် ဦးရေပမာဏမှာ အိုဘားမားလက်ထက်ကထက် များစွာ လျှော့နည်းသည်။ လွန်ခဲ့သည့်ဘဏ္ဍာရေးနှစ်တွင် ICE က ဖယ်ရှားခဲ့ရသည့် အထောက်အထားမဲ့ အခြေချနေထိုင်သူအရေအတွက်မှာ ၂၅၀,၀၀၀ ရှိခဲ့ပြီး  ၂၀၁၂ ခုနှစ်တွင် ၄၁၀,၀၀၀ဦး ရှိသည်ကို နှိုင်းယှဉ် ကြည့်နိုင်ကြောင်း သတင်း၌ ဆက်လက်ဖော်ပြသည်။

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။