Skip to main content
တရားမဝင္ေ႐ႊ႕ေျပာင္း ျမန္မာလုပ္သား ၄၂ ဦး ထုိင္းႏိုင္ငံ ဆူရတ္သနီတြင္ အဖမ္းခံရ
Ads Block

တရားမဝင္ေ႐ႊ႕ေျပာင္း ျမန္မာလုပ္သား ၄၂ ဦး ထုိင္းႏိုင္ငံ ဆူရတ္သနီတြင္ အဖမ္းခံရ

ထုိင္းႏုိင္ငံ ဆူရတ္သနီျပည္နယ္မွာ ဗန္ကား ၂ စီးတြင္း ပုန္းေအာင္းလုိက္ပါလာတဲ့ တရားမဝင္ ေ႐ႊ႕ေျပာင္း ျမန္မာလုပ္သား ၄၂ ဦးကုိ ထုိင္းလူမ်ိဳး ကားသမား ၂ ဦးနဲ႔အတူ ဇြန္ ၂၀ ရက္ေန႔ ညပုိင္းမွာ ထုိင္းရဲေတြ ဖမ္းဆီးရမိခဲ့ေၾကာင္း သတင္းရရွိပါတယ္။

ဘန္နာဆန္ခ႐ုိင္ နမ္ဖူးၿမိဳ႕နယ္ ၾကာသပေတးည ၈ နာရီခန္႔မွာ စစ္ေဆးေရးဂိတ္ကုိ ေတြ႕ျမင္သြားတဲ့ ဗန္ကား ၂ စီး ေနာက္ေၾကာင္းျပန္လွည့္သြားသည္ကုိ ရဲတပ္ဖြဲ႕ေတြဟာ သကၤာမကင္းျဖစ္သြားေၾကာင့္ လုိက္လံတားဆီးၿပီး စစ္ေဆးခဲ့ပါတယ္။

၄င္းမွာ ကားတစ္စီးလွ်င္ တရားမဝင္ေ႐ႊ႕ေျပာင္း ျမန္မာလုပ္သား ၂၁ ဦးႏႈန္းျဖင့္ တင္ေဆာင္ လာသည္ကုိ ေတြ႕ခဲ့ၾကပါတယ္။ စုစုေပါင္း ၄၂ ဦးတြင္ အမ်ိဳးသား ၃၉ ဦးနဲ႔ အမ်ိဳးသမီး ၃ ဦး ပါဝင္ေၾကာင္း၊ မေလးရွားသုိ႔ သြားေရာက္လုပ္ကုိင္ရန္ ရည္႐ြယ္ထားၾကေၾကာင္း သိရပါတယ္။ ယာဥ္ေမာင္း ၂ ဦးစလုံးကုိလည္း ဖမ္းဆီးခဲ့ၾကပါတယ္။

တရားမဝင္ေ႐ႊ႕ေျပာင္းျမန္မာေတြကို တနသၤာရီတစ္ဖက္ကမ္း ပရာခ်ဴအပ္ခရီခန္ျပည္နယ္ ဆင္းခြန္ နယ္စပ္ဂိတ္ကေန မေလးရွားနယ္စပ္ ယာလားျပည္နယ္သုိ႔ ပုိ႔ေပးရန္အတြက္ မစၥတာခ်ာ့တ္ဆုိသူဟာ ၄င္းတုိ႔ကုိ တစ္စီးလွ်င္ ဘတ္ ၂ ေသာင္းခြဲ ၊ စရံ ၁ ေသာင္းႏႈန္းျဖင့္ ငွားရမ္းေစခုိင္းခဲ့ေၾကာင္း၊ ၾကာသ ပေတး ညေနမွာ လူတင္ေဆာင္ၿပီး စတင္ထြက္ခြာလာေၾကာင္း ကားသမားေတြက ေျပာပါတယ္။

၄င္း လူေမွာင္ခုိတင္သြင္းမႈအတြက္ ကားသမား ၂ ဦးကုိ စြဲခ်က္တင္ အေရးယူလုိက္ၿပီျဖစ္ၿပီး ျမန္မာ ၄၂ ဦးကုိေတာ့ သက္ဆုိင္ရာသို႔ ျပန္မပုိ႔ခင္မွာ စစ္ေၾကာေမးျမန္းေနတယ္လုိ႔ ဆုိပါတယ္။ ယခုအမႈမွာ လူကုန္ကူးဂိုဏ္းမ်ား ပါဝင္ပတ္သက္ေနျခင္းရွိမရွိ စုံစမ္းမယ္လုိ႔ ဆူရတ္သနီ ျပည္နယ္ဝန္ႀကီးခ်ဳပ္က ေျပာပါတယ္။

( Ref : BangkokPost )

Unicode Version

ထိုင်းနိုင်ငံ ဆူရတ်သနီပြည်နယ်မှာ ဗန်ကား ၂ စီးတွင်း ပုန်းအောင်းလိုက်ပါလာတဲ့ တရားမဝင် ရွှေ့ပြောင်း မြန်မာလုပ်သား ၄၂ ဦးကို ထိုင်းလူမျိုး ကားသမား ၂ ဦးနဲ့အတူ ဇွန် ၂၀ ရက်နေ့ ညပိုင်းမှာ ထိုင်းရဲတွေ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါတယ်။

ဘန်နာဆန်ခရိုင် နမ်ဖူးမြို့နယ် ကြာသပတေးည ၈ နာရီခန့်မှာ စစ်ဆေးရေးဂိတ်ကို တွေ့မြင်သွားတဲ့ ဗန်ကား ၂ စီး နောက်ကြောင်းပြန်လှည့်သွားသည်ကို ရဲတပ်ဖွဲ့တွေဟာ သင်္ကာမကင်းဖြစ်သွားကြောင့် လိုက်လံတားဆီးပြီး စစ်ဆေးခဲ့ပါတယ်။

၎င်းမှာ ကားတစ်စီးလျှင် တရားမဝင်ရွှေ့ပြောင်း မြန်မာလုပ်သား ၂၁ ဦးနှုန်းဖြင့် တင်ဆောင် လာသည်ကို တွေ့ခဲ့ကြပါတယ်။ စုစုပေါင်း ၄၂ ဦးတွင် အမျိုးသား ၃၉ ဦးနဲ့ အမျိုးသမီး ၃ ဦး ပါဝင်ကြောင်း၊ မလေးရှားသို့ သွားရောက်လုပ်ကိုင်ရန် ရည်ရွယ်ထားကြကြောင်း သိရပါတယ်။ ယာဉ်မောင်း ၂ ဦးစလုံးကိုလည်း ဖမ်းဆီးခဲ့ကြပါတယ်။

တရားမဝင်ရွှေ့ပြောင်းမြန်မာတွေကို တနင်္သာရီတစ်ဖက်ကမ်း ပရာချူအပ်ခရီခန်ပြည်နယ် ဆင်းခွန် နယ်စပ်ဂိတ်ကနေ မလေးရှားနယ်စပ် ယာလားပြည်နယ်သို့ ပို့ပေးရန်အတွက် မစ္စတာချာ့တ်ဆိုသူဟာ ၎င်းတို့ကို တစ်စီးလျှင် ဘတ် ၂ သောင်းခွဲ ၊ စရံ ၁ သောင်းနှုန်းဖြင့် ငှားရမ်းစေခိုင်းခဲ့ကြောင်း၊ ကြာသ ပတေး ညနေမှာ လူတင်ဆောင်ပြီး စတင်ထွက်ခွာလာကြောင်း ကားသမားတွေက ပြောပါတယ်။

၎င်း လူမှောင်ခိုတင်သွင်းမှုအတွက် ကားသမား ၂ ဦးကို စွဲချက်တင် အရေးယူလိုက်ပြီဖြစ်ပြီး မြန်မာ ၄၂ ဦးကိုတော့ သက်ဆိုင်ရာသို့ ပြန်မပို့ခင်မှာ စစ်ကြောမေးမြန်းနေတယ်လို့ ဆိုပါတယ်။ ယခုအမှုမှာ လူကုန်ကူးဂိုဏ်းများ ပါဝင်ပတ်သက်နေခြင်းရှိမရှိ စုံစမ်းမယ်လို့ ဆူရတ်သနီ ပြည်နယ်ဝန်ကြီးချုပ်က ပြောပါတယ်။

( Ref : BangkokPost )

 

 

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။